စီးပွားရေးလုပ်ငန်းရှင်များ ဆက်သွယ်ရေးများ လွယ်ကူပြီး ၀န်ထမ်းများ စျေးနှုန်းချိုသာစွာဖြင့် သုံးစွဲနိုင်ရန် ရည်ရွယ်၍ တယ်လီနောမှ လုပ်ငန်းသုံးမိုဘိုင်းလ်အစီအစဉ်များကို မိတ်ဆက်ပေးလိုက်ပါတယ်။
စိတ်တိုင်းကျ လုပ်ငန်းသုံးမိုဘိုင်းလ်အစီအစဉ်များမှာ အသက်သာဆုံးနှုန်းထားဖြင့် သုံးစွဲနိုင်မည်ဖြစ်သောကြောင့် လစဉ်ကုန်ကျမည့် ဖုန်းဘေလ်များကိုလည်း သက်သာစေရုံမက ကုန်ကျစရိတ်ကိုပါ တွက်ချက်ခန့်မှန်းရ လွယ်ကူစေမှာ ဖြစ်ပါသည်။ လုပ်ငန်းများအနေဖြင့် မိမိလုပ်ငန်း (သို့မဟုတ်) ၀န်ထမ်းများအတွက် သင့်လျောသည့်အစီအစဉ်များကို ရွေးချယ်၀ယ်ယူနိုင်ပါသည်။ နံပါတ်များမှာ မှန်ကန်စွာ မှတ်ပုံတင်ထားသဖြင့် လုပ်ငန်းအတွက် စိတ်ချစွာအသုံးပြုနိင်ပြီး နံပါတ်စီးရီအသစ်များလည်း ရရှိမှာဖြစ်ပါသည်။ Cashback bonus ကို ၁၀၀ရာခိုင်နှုန်းပြန်လည်ရရှိသည့်အပြင် တယ်လီနော အချင်းချင်းဖုန်းခေါ်ဆိုမှု၊ စာတို (SMS)၊ ဒေတာ နှင့်အတူ လုပ်ငန်းအတွက် အရေးပါသော Viber ကိုပါ အခမဲ့သုံစွဲးနိုင်မှာဖြစ်လို့ အရမ်းကို တန်သော တယ်လီနောရဲ့ “စိတ်တိုင်းကျ” စီးပွားရေးအစီအစဉ်များဖြစ်ပါသည်။
လုပ်ငန်းမှ Customer များအတွက်လွယ်ကူစွာ ဆက်သွယ်နိုင်မည့် နံပါတ်စီးရီးများ ရရှိနိုင်ခြင်း။
ပထမဆုံး ၁၀၀၀ကျပ်နှင့်အထက် ဖုန်းငွေဖြည့်ခြင်းအတွက် 1GB ဒေတာလက်ဆောင် ရရှိခြင်း။
တယ်လီနောစီးပွားရေးပလန် အသုံးပြုခြင်းအတွက် တုံ့ပြန်လက်ဆောင်များ ရရှိနိုင်ခြင်း။
စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်ချက်များကို မြန်ဆန်စွာ၀န်ဆောင်မှုများပေးနိုင်ရန် Hotline နံပါတ်များရှိခြင်း။
ဆက်သွယ်ရေးကွန်ယက် ၈၀၀၀ကျော်ရှိသည့်အတွက် စိတ်ချစွာအသုံးပြုနိုင်ခြင်း။
တယ်လီနောနံပါတ်ဖြင့် hotline 8080 တခြားအော်ပရေတာနံပါတ်ဖြင့် +959780008080 / 9780008080 ကိုခေါ်ဆို၍ မေးမြန်းနိုင်ပါသည်။