တယ်လီနောအသုံးပြုသူများ ပိုမိုအဆင်ပြေစေရန် ရှယ်စုဘူး အစီအစဉ်များကို ပိုမို ကောင်းမွန်အောင် ဖန်တီးထားတဲ့ အစီအစဉ်ကို မိတ်ဆက် ပေးလိုက်ပါပြီ။
လက်ကျန်ဒေတာများကို ပေါင်းထည့်ဖို့ ရန် ရှယ်စုဘူး အစီအစဉ်သစ်ကို ထပ်မံ ဝယ်ယူလိုက်ရုံနဲ့ ရှေ့အစီအစဉ်မှ လက်ကျန်ဒေတာများကို ပေါင်းထည့်သွားနိုင်မှာ ဖြစ်ပါတယ်။
ဒီပိုကောင်းတဲ့ ရှယ်စုဘူး အစီအစဉ်အသစ်မှာ ဘာတွေ ပိုရမှာလဲ!
မိတ်ဆွေတို့ရဲ့ မသုံးစွဲဖြစ်တဲ့ ဒေတာတွေကို ဘယ်လိုလုပ်ထားပေးမလဲ ဆိုတော့
တယ်လီနော အသုံးပြုသူများမှ ရှယ်စုဘူး အစီအစဉ်2GB အားဝယ်ယူပြီး 1GB ကိုသာ အသုံးပြုခဲ့သည်ဆိုပါစို့
ယခု ရှယ်စုဘူး အစီအစဉ်တွင် ယခင်ဝယ်ယူထားသည့် ရှယ်စုဘူး အစီစဉ် ကုန်ဆုံးပြီး ၇ရက်အတွင်း နောက်ထပ် ရှယ်စုဘူး package ကို ဝယ်ယူလိုက်ရုံဖြင့် လက်ကျန်ဒေတာ 1GB ကို မိတ်ဆွေတို့ ထပ်မံဝယ်ယူတဲ့ ရှယ်စုဘူး အစီစဉ်သစ်မှာ ပေါင်းထည့်ပေးသွားမှာ ဖြစ်ပါတယ်။
ရှယ်စုဘူး သက်တမ်းမှာ စတင်ဝယ်ယူသည့် နေ့မှ ရက်ပေါင်း၃၀အတွင်း ဖြစ်ပြီး လက်ကျန်ဒေတာသည်လည်း နောက်ထပ်ဝယ်ယူသည့် ဒေတာကဲ့သို့ ထပ်မံသက်တမ်းတိုး ရရှိမှာဖြစ်ပါတယ်။
နှစ်သက်ရာ ဒေတာအစီအစဉ်များကို ဝယ်ယူနိုင်ဖို့ နှုန်းထားများနဲ့ ရရှိနိုင်မယ့် ဒေတာပမာဏများကို ဖော်ပြပေးလိုက်ပါတယ်။ ပတ်ကေ့ချ်ကို ဒီကနေ တခါတည်းဝယ်ဖို့ '၀ယ်မည်' ကို နှိပ်နိုင်သလို MyTelenor App ကနေလည်း ၀ယ်ယူနိုင်ပါတယ်။
Shal Suboo 1500MB
1,599 ကျပ်(တစ်ကြိမ်ဝယ်) |
1500MB
ရက် ၃၀
Shal Suboo 925MB
999 ကျပ်(တစ်ကြိမ်ဝယ်) |
925MB
ရက် ၃၀
ရှယ်စုဘူး စည်းမျဉ်းစည်းကမ်းများ သည် ၁၂ရက် ၁၂လ ၂၀၁၉ ခုနှစ်မှ စတင် အကျိုး သက်ရောက်မည် ဖြစ်သည်။
ရှယ်စုဘူးအစီအစဉ်တွင် ဒေတာများကို ကြိုက်နှစ်သက်ရာအင်တာနက်အတွက်ရက် ၃ဝအတွင်း အသုံးပြုနိုင်ပါသည်။ ၀၉-၀၉-၂၀၁၉ မှစတင်၍ ရက် (၃၀)ကျော်လွန်သွားသော သုံးမကုန်သည့် ဒေတာများကိုလည်း သက်တမ်းကုန်ဆုံးပြီး နောက်ထပ်(၇)ရက် ထိသိမ်းဆည်းပေးထားမည်ဖြစ်ပြီး ရှယ်စုဘူးအစီအစဉ်နောက်တကြိမ်ထပ်မံ ဝယ်ယူပါက အသစ်ဝယ်ယူသော ဒေတာပမာဏနှင့်အတူယခင်ကျန်ရှိသည့် လက်ကျန်ကိုပါ သက်တမ်းတိုး ပေါင်းထည့်အသုံးပြုနိုင်မှာ ဖြစ်ပါသည်။
**Effective Date: 9th Sep 2019
ပက်ကေ့ချ် | ရရှိမည့်ဒေတာ | စျေးနှုန်း ( အခွန်ပါပြီး ) | USSD Menu | Other Channels |
---|---|---|---|---|
Shal Suboo 700MB |
၇၀၀MB |
799 ကျပ် |
• MyTelenor App • Website
• CIM • IVR • Powerload • POS App • E-load |
|
Shal Suboo 850MB |
၈၅၀MB |
949 ကျပ် |
||
Shal Suboo 925MB |
၉၂၅MB |
999 ကျပ် |
||
Shal Suboo 1500MB |
၁၅၀၀MB |
1599 ကျပ် |
||
Shal Suboo 2850MB |
၂၈၅၀MB |
2999 ကျပ် |
||
Shal Suboo 5700MB |
၅၇၀၀MB |
5999 ကျပ် |
||
Shal Suboo 9500MB |
၉၅၀၀MB |
9999 ကျပ် |
ဝယ်ယူထားသည့် Facebook ဒေတာလက်ကျန်မှာ သက်တမ်းကုန်သည်အထိ အသုံးပြုနိုင်ပြီး ထပ်မံဝယ်ယူသော ဒေတာ၌ ယခင်Facebook ဒေတာ လက်ကျန်မှာ သက်တမ်းတိုးအသုံးပြုနိုင်မည် မဟုတ်ပေ။ ယခင် ဝယ်ယူထားသောစုဘူးမှ ဒေတာ ကျန်ရှိပါက ရက် (၃၀)သက်တမ်းကုန်ဆုံးပြီး နောက်ထပ် (၇)ရက်အတွင်း စုဘူး ပက်ကေ့ချ်အသစ်ဝယ်ယူ ခဲ့လျှင် ယင်း လက်ကျန်ဒေတာနှင့် ထပ်မံဝယ်ယူသော ပက်ကေ့ချ်တို့မှာ ပေါင်းစည်းသွားမည် ဖြစ်ပြီး ယခင် ဒေတာလက်ကျန်မှာလည်း စုဘူး ပက်ကေ့ချ် အသစ်မှ သက်တမ်းအတိုင်း စတင်ဝယ်ယူသော နေ့မှ ရက်(၃၀) သက်တမ်းရှိ မည်ဖြစ်သည်။
တစ်ကြိမ်ထက်ပို၍ ဝယ်ယူလို့ရပါသည်။သက်တမ်းမှာ နောက်ဆုံးဝယ်ယူသည့်ရက်မှ ရက်၃၀အတွင်းဖြစ်ပါသည်။
လက်ကျန်ဒေတာများကို သက်တမ်းကုန်ပြီး ၇ရက်အတွင်း နှစ်သက်ရာ ရှယ်စုဘူး တစ်ခုအား ဝယ်ယူခြင်းဖြင့် ဆက်လက် သယ်ဆောင်အသုံးပြုနိုင်ပါသည်။ ယင်း စနစ်အတိုင်း ၉ရက် ၉လ ၂၀၁၉ခုနှစ်မှ စတင်ပြီး စုဘူးပက်ကေ့ချ် အသစ်ဝယ်ယူခြင်းနှင့် လက်ကျန် ဒေတာများ သယ်ဆောင်သုံးစွဲ ခြင်းတို့အတွက် အသုံးပြုမည်ဖြစ်သည်။
*124*1#ကို နိပ်၍ သော်လည်းကောင်း၊ MyTelenor App နှင့် Website တွင်လည်းကောင်း စစ်ဆေးနိုင်ပါသည်။
ပက်ကေ့ချ် သက်တမ်း
ရှယ်စုဘူးပက်ကေ့ချ် ရဲ့ထူးခြားချက်ဖြစ်ပါသည်။သုံးစွဲသူသည် မည်သည့်ရှယ်စုဘူးပက်ကေ့ချ်ကို မဆို ၀ယ်ယူပြီး ရှယ်စုဘူးဒေတာကို ရက် ၃၀ အတွင်း အသုံးပြုနိုင်ပါသည်။ ရက် ၃၀ နောက်ပိုင်းတွင် သုံးစွဲခွင့်သက်တမ်းမှာကုန်ဆုံးပါသည်။ သို့သော် ဒေတာလက်ကျန်ကို သက်တမ်းကုန်ဆုံးပြီး ၇ရက် အတွင်း ထိန်းသိမ်းထားပါသည်။
လက်ကျန်သယ်ယူခွင့် သက်တမ်း
ကျန်ရှိနေသေးသော လက်ကျန် ဒေတာအား ပြန်လည်အသုံးပြုလိုပါက ဤ ရရက်အတွင်း ရှယ်စုဘူးပက်ကေ့ချ် တစ်ခုခုအား ၀ယ်ယူခြင်းဖြင့် ဆက်လက်သယ်ဆောင် အသုံးပြုနိုင်ပါသည်။
အကယ်၍ သုံးစွဲသူတွင် ရှယ်စုဘူး ပက်ကေ့ချ် နှင့် အခြားဒေတာ ပက်ကေ့ချ်များ အတူရှိနေပါက သက်တမ်းအရင်ကုန်ဆုံးမည့် ပက်ကေ့ချ်များမှ အရင်ဖြတ်ပါမည်။
ဒေတာဖြတ်တောက်နှုန်းမှာ ၁ MB ဆီဖြစ်ပါသည်။
ဒေတာများ ရက် ၃၀ မတိုင်မီ ကုန်ဆုံးသွားပါက ဆက်လက် သယ်ဆောင်သွားနိုင်သော ဒေတာ များမရှိတော့ပါ။