မြန်မာပြည်ကို အလည်လာခြင်းဖြစ်စေ အလုပ်ကိစ္စနှင့်ဖြစ်စေ ရောက်ရှိနေသော မိတ်ဆွေတို့အတွက် အရည်အသွေးမြင့်ပြီး ဈေးနှုန်းသက်သာသော ဖုန်းခေါ်ဆိုမှုကို တယ်လီနောမှ မိတ်ဆက်ပေးပါရစေ။
တယ်လီနော Tourist SIM ဖြင့် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အင်တာနက် ကွန်ရက်ကို အသုံးပြု၍ ပြည်တွင်း ပြည်ပ ဖုန်းခေါ်ဆိုမှုများအပြင် မိမိချစ်ခင်ရသော သူငယ်ချင်း မိတ်ဆွေများနှင့် လူမှုကွန်ရက်များတွင် အမြဲမပြတ် ချိတ်ဆက်နိုင်ပါပြီ။ အနည်းဆုံး ၁၀ဝဝကျပ် မှစ၍ အများဆုံး ၁၀ဝဝဝဝ ကျပ်အတိ E load ဖြင့်လည်း အချိန်မရွေး ငွေဖြည့်နိုင်ပါသည်။
Telenor Tourist SIM ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် 24*7 ဝယ်ယူရရှိနိုင်ပါသည်။
၆၅ဝဝကျပ်တန် Tourist SIM တွင်ပါဝင်သော အစီအစဉ်များ
4G ဆင်းကတ် |
||
အင်တာနက် 5GB မြန်နှုန်းမြင့် |
မည်သည့်အစီအစဉ်မဆို အသုံးပြုရန်အတွက် ငွေကျပ် ၁၀၀ဝ |
သက်တမ်းကာလ ပထမဦးဆုံး ဖုန်းခေါ်ဆိုသည့်ရက်မှ စ၍ ရက်၆၀ အတွင်း ဆင်းကတ်တွင်ပါရှိသော အကျိုးခံစားခွင့်များကိုအသုံးပြု၍ ရနိုင်ခြင်း |
၁၅၀ဝ ကျပ် ပဲပေးဆောင်ရပါမည်။ နံပါတ်အလှ မဟုတ်လျှင် ၁၅၀ဝ ကျပ်ထက် ပိုပေးရန် မလိုပါ။
Telenor မှ ဝန်ဆောင်မှုပေးထားသော ဆိုင်တိုင်းတွင် ဝယ်ယူနိုင်ပါသည်။ ဒါ့အပြင် Telenor အရောင်းဆိုင်များတွင်လဲ ဝယ်ယူနိုင်ပါသည်။ Telenor မှ ပေးထားသော Form ပုံစံဖြည့်ပြီးမှသာ SIM Card များကို ဝယ်ယူနိုင်ပါသည်။ မှတ်ပုံတင် (သို့) ထောက်ခံစာ တစ်ခုခု ယူဆောင်လာရမည်။ Form ပုံစံအသေးစိတ် အချက်အလက်များကို Telenor ဆိုင်များတွင် စုံစမ်းနိုင်ပါသည်။
ယခုလက်ရှိ အချိန်မှာတော့ အရောင်းဆိုင်များမှသာ ဝယ်ယူနိုင်မည် ဖြစ်ပြီး နောက်ပိုင်းတွင် Online မှတစ်ဆင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်သည်။
မှတ်ပုံတင် ၊ ကားမောင်းလိုင်စင် ၊ Passport ၊ ကျောင်းသားကဒ် ၊ ထောက်ခံစာများ ဖြင့် ဝယ်ယူနိုင်ပါသည်။
Telenor Call Center ဖုန်းနံပါတ် 09790097900 ကိုခေါ်ဆို၍ သော်လည်းကောင်း နီးစပ်ရာ ဖုန်းအရောင်းဆိုင်များတွင် မေးမြန်း၍သော်လည်းကောင်း care@telenor.com.mm သို့ Email ပို့၍သော်လည်းကောင်းမေးမြန်းစုံစမ်းနိုင်ပါသည်။