တယ်လီနောအချင်းချင်း ဖုန်းခေါ်ဆိုဖို့ တစ်မိနစ်ကို ၁၀ကျပ်သာ ကျသင့်မယ့် တယ်လီနောကနေ နောက်ဆုံး မိတ်ဆက်ပေးလိုက်တဲ့ အသက်သာဆုံး ‘သာသာယာယာ’ အစီအစဉ်နဲ့ဆိုရင် ချစ်ခင်ရသူတွေ မိသားစုတွေနဲ့ အမြဲဆက်သွယ်ထားနိုင်ပြီပေါ့!

အသေးစိတ်နှုန်းထားများ

တယ်လီနောအချင်းချင်း
၁ မိနစ်လျှင် ၁၀ ကျပ်
ဒေတာအသုံးပြုမှု
၁ MB လျှင် ၈ ကျပ်
အခြားပြည်တွင်းဖုန်းခေါ်ဆိုမှု 
၁ မိနစ်လျှင် ၂၅ ကျပ်
(ပြည်တွင်း မည်သည့်ဖုန်းမဆို)
စာတို 
၁ မိနစ်လျှင် ၁၅ ကျပ်
(ပြည်တွင်း မည်သည့်ဖုန်းမဆို)

တယ်လီနောရဲ့ ကြိုတင်ငွေပေးအစီအစဉ် အသုံးပြုတဲ့ မည်သည့်အသုံးပြုသူမဆို ‘သာသာယာယာ’ အစီအစဉ်ကို အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်

တယ်လီနောအသုံးပြုသူများအတွက် ရိုးရှင်းပြီး ဘယ်လိုဝန်ဆောင်ခမျိုးကိုမှ ထပ်မံပေးဆောင်ရန်မလိုတဲ့ စျေးနှုန်းချိုသာတဲ့ ‘သာသာယာယာ’ အစီအစဉ်

စည်းကမ်းနှင့်သတ်မှတ်ချက်များ

  • သာသာယာယာ အစီအစဉ်ဟာ တယ်လီနောရဲ့ ကြိုတင်ငွေပေးအစီအစဉ် အသုံးပြုသူ customer များအတွက်သာ ဖြစ်ပါတယ်
  • အောက်တွင်ဖော်ပြထားသည့်အတိုင်း အလွယ်တကူ ရယူနိုင်ပါတယ်။
    • *979*3*4* (သို့မဟုတ်) *365*4# သို့ ဖုန်းခေါ်ဆိုပါ။
    • ၃၆၅ သို့ “TEN ON” ဟု SMS ပို့ပါ။
    • MyTelenor App မှတဆင့်လည်းရယူနိုင်ပါသည်။
  • subscription fees ပေးဆောင်ရန် မလိုပါ။
  • Base Plan သို့ အချိန်မရွေး ပြန်လည်ပြောင်းလဲ နိုင်ပါတယ်။
  • တစ်ရက်လျှင် တစ်ကြိမ်သာ ပြောင်းလဲခွင့်ရှိကြောင်း သတိပြုပါ။
အမေးများသောမေးခွန်းများ
ဒီအစီအစဉ်အကြောင်းအသေးစိတ်က?

တယ်လီနောရဲ့ သာသာယာယာ အစီအစဉ် ဖြင့် တယ်လီနောအချင်းချင်း ဖုန်းခေါ်ဆိုဖို့  တစ်မိနစ်ကို ၁၀ကျပ်သာကျသင့်မှာဖြစ်ပြီး အခြား operator များဖြင့် ဖုန်းခေါ်ဆိုရန် ၂၅ကျပ်ကျသင့်မှာဖြစ်ပါတယ်။ SMS တစ်စောင်ကို ၁၅ကျပ်ကျသင့်မှာဖြစ်ပြီး တစ်မီဂါဘိုက်ကို ၈ကျပ်ကျသင့်မှာဖြစ်ပါတယ်။ သုံးသလောက်ပေးနှုန်းထားများအားလုံးတွင် အခွန်မပါဝင်ပါ။

ဒီအစီအစဉ်ကို ဘယ်သူတွေရယူနိုင်မလဲ?

တယ်လီနောရဲ့ ကြိုတင်ငွေပေး အစီအစဉ် အသုံးပြုသူတိုင်း ယခုအစီအစဉ်ကို ရယူနိုင်ပါတယ်။

ဒီအစီအစဉ်သို့ ဘယ်လိုပြောင်းရမလဲ ?

*979*10#  သို့မဟုတ် *365*4#  သို့ ဖုန်းခေါ်ဆို၍ သို့မဟုတ် 365 သို့ “TEN ON” ဟု SMS ပေးပို့ ၍ အလွယ်တကူ ပြောင်းနိုင်ပါတယ်။ ဝန်ဆောင်ခ လုံးဝပေးရန်မလိုပါ။

ဒီအစီအစဉ်ရဲ့ ပရိုမိုးရှင်းကာလက ဘယ်အထိပါလဲ?

အမြဲတမ်းရှိနေမယ့်အစီအစဉ်ပါ။ အပြောင်းအလဲတစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင် တယ်လီနောမှ အကြောင်းကြားသွားပါ့မယ်။

ယခုအစီအစဉ်အား အသုံးမပြုချင်တော့လျှင် ဘယ်လိုပြုလုပ်နိုင်မလဲ?

You can subscribe through USSD.
Basic အစီအစဉ်သို့ ပြောင်းလဲရန်
365 သို့ BASE ON ဟုပေးပို့ပါ သို့မဟုတ်*365*2#  979သို့ ဖုန်းခေါ်ပါ။

* Note: You can change plan only one time per calendar day.

အရင်က စိတ်ကြိုက်သုံးနေတာပါ။ အခု စိတ်ကြိုက်ကို ဘယ်လို ပြန်ပြောင်းရမလဲ ?

စိတ်ကြိုက်အစီအစဉ်မရှိတော့ပါဘူး။ စိတ်ကြိုက်အစား base plan ကို ပြောင်းလဲနိုင်ပါတယ်။

အခြားဝန်ဆောင်မှုများအတွက် ဝန်ဆောင်ခများ အပြောင်းအလဲ ရှိပါသလား?

SMS ပေးပို့ခြင်း၊ IDD နှင့် Roaming စသည်တို့အတွက် ဝန်ဆောင်ခ နှုန်းထားများမှာ ပြောင်းလဲခြင်းမရှိပါ။
Balance transfer, Kyo Thone, MY Tune စသည်တို့လည်း မပြောင်းလဲပါ။

My Telenor