တိုက်ရိုက်ကြည့်ရှုနိုင်သည့် ရုပ်ရှင်နှင့်တေးသီချင်းများ ဝန်ဆောင်မှု ပါတနာ များမှ ရုပ်ရှင်မျိုးစုံကို အချိန်မရွေး နေရာမရွေး ရယူပါ

တယ်လီနောမြန်မာမှတစ်ဆင့် iflix, YouTube and Pyone Play ကိုရယူပြီး ပြည်တွင်း၊ပြည်ပမှ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားများကို သင့်စမတ်ဖုန်းဖြင့် ကြည့်ရှုလိုက်ပါ။

အောက်သို့

 

သင့်ရဲ့ smartphone မှပဲ ဗီဒီယိုအသစ်များ၊ သင်နှစ်သက်ရတဲ့ တီဗီဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များ၊ တေးဂီတအခွေများနှင့် အဆိုတော်အသစ်များကို ရှာဖွေနိုင်ပါပြီ။ တယ်လီနောဆင်းကတ် အသုံးပြုသူများအတွက်သီးသန့်ပေးထားတဲ့ အထူးအစီအစဉ်များနှင့် သင်ကြိုက်နှစ် သက်မယ့် ဗီဒီယိုများ တေးသီချင်းများကို အခုပဲ ရှာဖွေလိုက်ပါ။ YouTube နှင့် Pyone Play တို့ဟာ အခမဲ့ဝန်ဆောင်မှုများဖြစ်ပြီး mobile application သို့မဟုတ် website တစ်ဆင့် content များကိုကြည့်ရှုဖို့ လုံးဝအခမဲ့ဖြစ်ပါတယ်။ JOOX VIP နှင့် iflix တို့ဟာ premium ဝန်ဆောင်မှုများဖြစ်ပြီး တယ်လီနောမြန်မာကွန်ရက်မှ တစ်ဆင့် ကြည့်ရှုသူများအတွက် ရက်၃၀စာ အခမဲ့ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။ ရက်၃၀ပြည့်ပြီး နောက်ပိုင်းမှာတော့ကျသင့်ငွေပေးဆောင် ရမှာဖြစ်ပါတယ်။

မကုန်ဆုံးနိုင်တဲ့ အပန်းဖြေစရာတွေရှိတဲ့နေရာကို ရှာဖွေနေပါသလား ? ဒါဆိုရင်တော့စိတ်မပူပါနဲ့တော့။ ရှုပ်ရှင်ဇာတ်ကားပေါင်းမြောက်များစွာနဲ့ Award-winning Shows တွေကို iflix ရဲ့ တစ်နေရာထဲမှာအစုံရှာဖွေနိုင်တဲ့ Library မှတစ်ဆင့်ရွေးချယ်ကြည့်ရှုနိုင်ပါပြီ။ နာမည်ကြီး ဇာတ်လမ်းတွဲများ၊ Full Box Set များ၊ iflix execlusive များ၊ ၂၄နာရီထုတ်လွှင့်သော ဇာတ်လမ်းတွဲများ၊ နာမည်ကြီးရုပ်ရှင်ဇာတ်ကားများ၊ ပြည်တွင်းတွင် လူကြိုက်များသောဇာတ်ကားများ၊ ကိုရီးယားတေးသီချင်းများနှင့် ကလေးများအတွက် ကာတွန်းများပါမကျန် တိုက်ရိုက် (သို့) ဒေါင်းလုပ်လုပ်၍ ကြည့်ရှုနိုင်ပါသည်။

ရယူပါ

Android နှင့် Tablets များတွင် YouTube App ကိုဒေါင်းလုပ်ရယူပြီး ကမ္ဘာတစ်ဝှမ်းတွင် အောင်မြင်ကြော်ကြားနေသော တေးသီချင်းဗီဒီယိုများ၊ ဂိမ်းဗီဒီယိုများ၊ ဖျော်ဖြေရေး၊ သတင်းနှင့် အခြားစိတ်ဝင်စားဖွယ်များစွာတို့ကို ကြည့်ရှုလိုက်ပါ။ မိမိကြိုက်နှစ်သက်သော channel များကိုလည်း subscribe လုပ်ထားပြီး သူငယ်ချင်းများနှင့်မျှဝေခြင်း၊ မည့်သည့်နေရာမှမဆိုကြည့်ရှုခြင်းတို့ကို လုပ်ဆောင်နိုင်ပါပြီ။

ရယူပါ

မိမိတို့ရဲ့ Mobile Phone နဲ့ Tablet တွေမှာ Pyone Play Application ကို အသုံးပြုပြီး MRTV-4 နဲ့ Channel 7 က မကြည့်ရှုလိုက်ရတဲ့ အစီအစဉ်ကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ ထို့အပြင် MRTV-4, Channel 7 နဲ့ မဟာဗောဓိ ရုပ်သံလိုင်းတွေကို အချိန်မရွေး ၊ နေရာမရွေး တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Download Now

အခမဲ့တေးသီချင်းများကို အချိန်မရွေး၊နေရာမရွေး JOOX ဖြင့်ရယူလိုက်ပါ

JOOX သည် သီချင်းချစ်သူများအတွက် စမတ်ဖုန်းတွင် အခမဲ့တိုက်ရိုက်နားဆင်နိုင်သော အက်ပလီကေးရှင်းဖြစ်သည်။ သိန်းပေါင်းများစွာသော သီချင်းတို့ကိုနားဆင်နိုင်သည့်အပြင် နောက်ဆုံးပေါ်သီချင်းများကို အင်တာနက်မလိုဘဲ နားဆင်နိုင်ရန်အတွက်လည်း ဒေါင်းလုဒ် ရယူနိုင်သည်။

အမေးများသောမေးခွန်းများ
တေးသီချင်းနှင့်ဗီဒီယို ကို တိုက်ရိုက် ကြည့်ရှုနားဆင်နိုင်သည့် ၀န်ဆောင်မှုပါတနာများကိုဘယ်လိုရှာရမလဲ။

တေးသီချင်းနှင့်ဗီဒီယို မျိုးစုံကို တိုက်ရိုက်ကြည့်ရှုနားဆင်ရန် ၀န်ဆောင်မှုများရှိပါသည်။ တယ်လီနောဖြင့် ထိုဝန်ဆောင်မှုများကို ရယူရန် နည်းလမ်းများမှာ

  • ၀န်ဆောင်မှုပေးသည့် ပါတနာများကို Google Store သို့မဟုတ် App Store များတွင် ၎င်းတို့၏နာမည် ဖြင့် ရှာနိုင်သည့် အပြင် ကျွနု်ပ်တို့၏ ၀ဒ်ဘ်ဆိုဒ်ပေါ်တွင်လည်း တေးသီချင်း နှင့် ဗီဒီယို ပါတနာများ၏ စာရင်းကို ကြည့်လိုလျှင် ဤနေရာကို နှိပ်၍ ရှာနိုင်ပါသည်။
  • *979*2*7*1#  သို့ခေါ်ဆိုပြီး ပါတနာများ၏စာရင်းနှင့် ၎င်းတို့၏ အက််ပ်များရရှိနို်င်သော လင့်ခ် ကိုရနိုင်ပါသည်။
တိုက်ရိုက် ကြည့်ရှုနားဆင်နိုင်သည့် တေးသီချင်းနှင့်ရုပ်ရှင် ၀န်ဆောင်မှုကိုသုံးရန် ဘယ်လောက်ကုန်ကျမလဲ။

အခမဲ့ တေးသီချင်းနှင့်ရုပ်ရှင်တိုက်ရိုက်ကြည့်ရှုနားဆင်နိုင်သည့် ၀န်ဆောင်မှုအချို့ပါ၀င်ပြီး တစ်ချို့အထူး ကဏ္ဍ မှ ၀န်ဆောင်ခ ကိုမူ မိမိ၏ ဖုန်းဘေလ် မှတစ်ဆင့်ပေးဆောင်နိုင်ပါတယ်။ တိုက်ရိုက် ကြည့်ရှုနားဆင် ရာတွင် ပုံမှန်ဒေတာ သုံးစွဲမှု ကုန်ကျမည့် အတွက် တေးသီချင်းနှင့်ဗီဒီယို အစီအစဉ်သို့မဟုတ် ဒေတာစုဗူး ၀ယ်ယူထားခြင်းဖြင့် အင်တာနက်ဖိုး ကုန်ကျငွေကို လျှော့ချနိုင်မည်ဖြစ်သည်။

တေးသီချင်းပါတနာများ ၏ ၀န်ဆောင်ခကြေး များမှာ အောက်ပါအတိုင်းဖြစ်သည်။

JOOX

အခမဲ့အသုံးပြုနိုင်သော်လည်း အချို့ အထူး ကဏ္ဍများကို ၀န်ဆောင်ခပေးရမည်။ ၀န်ဆောင်ခ များမှာအောက်ပါအတိုင်းဖြစ်သည်။

  • နေ့စဉ်- (အခွန်မပါဝင်ပါ)
  • အပတ်စဉ်- (အခွန်မပါဝင်ပါ)
  • လစဉ်- (အခွန်မပါဝင်ပါ)

ရုပ်ရှင် ၀န်ဆောင်မှုပါတနာများ၏ ၀န်ဆောင်ခကြေးများမှာ အောက်ပါအတိုင်းဖြစ်သည်။

Pyone Play
အခမဲ့ရယူနိုင်သည်။

YouTube
အခမဲ့ရယူနိုင်သည်။

iflix
အစီအစဉ်များအတွက် လစဉ်ကြေးပေးဆောင်ရသည်။ ပေးဆောင်ရမည့်ပမာဏမှာအောက်ပါအတိုင်းဖြစ်သည်
လစဉ် - ၂၀၀၀ ကျပ် (အခွန်ပါဝင်ပြီး)

JOOX ကို စမတ်ဖုန်းထဲမှာ ဘယ်လိုရယူနိုင်ပါသလဲ။

JOOX ကို (Android) အတွက် Google Play Store မှ ဤနေရာကို နှိပ်၍ ရယူနိုင်ပြီး (iOS) တွင်မူ App Store မှ ဤနေရာကို နှိပ်ကာ ရယူနိုင်ပါသည်။

JOOX ကို အသုံးပြုဖို့အတွက် ဘယ်လောက်ကုန်ကျပါမလဲ။

JOOX ကို အခမဲ့အသုံးပြုနိုင်ပြီး အထူးကဏ္ဍ ကိုရက်၃၀ အခမဲ့ခံစားခွင့်ရှိ မှာဖြစ်ပါတယ်။ ထိုကာလနောက်ပိုင်းတွင် ၀န်ဆောင်ခအနည်းငယ်ကို သာပေးဆောင်ရမှာဖြစ်ပါတယ်။

  • နေ့စဉ်- ၁၂၀ ကျပ် (အခွန်ခ မပါဝင်ပါ)
  • အပတ်စဉ် - ၆၀၀ ကျပ် (အခွန်ခ မပါဝင်ပါ)
  • လစဉ် - ၂၄၅၀ ကျပ် (အခွန်ခ မပါဝင်ပါ)

စမတ်ဖုန်းထဲသို့ JOOX ကို ရယူရာတွင် မီဂါဘိုက် အချို့ကုန်ဆုံးနိုင်ပါသည်။ တိုက်ရိုက်ကြည့်ရှုမှု ၀န်ဆောင်မှုအကုန်လုံးအတွက် ပုံမှန်ဒေတာ သုံးစွဲမှု ကုန်ကျမည်ဖြစ်သည့်အတွက်ကြောင့် တေးသီချင်းနှင့်ဗီဒီယို အစီအစဉ် သို့မဟုတ် ဒေတာစုဗူး  ၀ယ်ယူထားခြင်းဖြင့် အင်တာနက်ဖိုး ကုန်ကျငွေကို လျှော့ချနိုင်မည်ဖြစ်သည်။

JOOX ၀န်ဆောင်မှုကို ဘယ်လိုပယ်ဖျက်ရမလဲ။

အက်ပ်လီကေးရှင်းအတွင်းရှိ အကောင့်ထိန်းသိမ်းမှု စာမျက်နှာ သို့သွားပြီး ပယ်ဖျက်သည် ကို ရွေးချယ်ပါ။

စမတ်ဖုန်းတွင် ရုပ်ရှင်ဝန်ဆောင်မှု အစီအစဉ်များကို မည်သို့ရယူနိုင်ပါသလဲ။

မည်သည့် ပါတနာ အက်ပ်လီကေးရှင်း ကိုမဆို သင်၏ စမတ်ဖုန်းထဲတွင် ထည့်သွင်းထားခြင်းဖြင့် ရရှိနိုင်ပါသည်။ မိမိအလိုရှိသည့် လင့်ခ်ကို အောက်ဖော်ပြပါများထဲမှ ရွေးချယ်နိုင်ပါတယ်။

YouTube

App Store (iOS)

Google Play Store (Android)

Pyone Play

App Store (iOS)

Google Play Store (Android)

Iflix

App Store (iOS)

Google Play Store (Android)

တိုက်ရိုက်ကြည့်ရှုမှုအစီအစဉ်အတွက် ဘယ်လောက်ကုန်ကျပါသလဲ။

YouTube and Pyone Play ကဲ့သို့ ၀န်ဆောင်မှုပါတနာများမှာ အခမဲ့ဖြစ်ပါတယ်။ iflix အတွက်ဝန်ဆောင်ခ ပေးချေရပြီး စတင်သုံးစွဲသူများအတွက် ရက်၃၀ အခမဲ့ စမ်းသုံးခွင့်ရရှိမှာဖြစ်ပါတယ်။ ထိုကာလ ပြီးသည့်နောက် ၀န်ဆောင်ခ အနည်းငယ်သာ ပေးသွင်းရမှာဖြစ်ပါတယ်။

လစဉ် - ၂၀၀၀ ကျပ်

စမတ်ဖုန်းထဲ၌ ရုပ်ရှင်တိုက်ရိုက် ကြည့်ရှုရာတွင် မီဂါဘိုက် အချို့ကုန်ဆုံးနိုင်ပါသည်။ တိုက်ရိုက်ကြည့်ရှုမှု ၀န်ဆောင်မှုအကုန်လုံးတွင် ပုံမှန်ဒေတာ သုံးစွဲမှု ကုန်ကျမည့်အတွက် ဖျော်ဖြေရေး အစီအစဉ် သို့မဟုတ် ဒေတာစုဗူး  ၀ယ်ယူထားခြင်းဖြင့် အင်တာနက်ဖိုး ကုန်ကျငွေကို လျှော့ချနိုင်မည်ဖြစ်သည်။

Iflix ၀န်ဆောင်မှုကို ဘယ်လိုပယ်ဖျက်ရမလဲ။

အက်ပ်လီကေးရှင်းအတွင်းရှိ အကောင့်ထိန်းသိမ်းမှု စာမျက်နှာ သို့သွားပြီး ပယ်ဖျက်သည် ကို ရွေးချယ်ပါ။

My Telenor