MyTelenor App

Telenor ၀န်ဆောင်မှုများကို MyTelenor App မှ တစ်ဆင့် စီမံခန့်ခွဲနိုင်ပြီး ကျွနု်ပ်တို့ ကွန်ယက်ပေါ်မှ အသုံးပြုလျှင် အင်တာနက်အသုံးပြုခကို အခမဲ့ ဝန်ဆောင်မှု ပေးထားပါသည်။၏

My Telenor app is a useful application for Telenor Myanmar application customers which provides easy access with rich experience to the Telenor services, offers and many more. In the current version, we are introducing widget for balance check where at a-galance-view of App to be able to enjoy this widget on home screen and sign in made easy telenor users on both 3G and wifi.

အောက်သို့

 

MyTelenor App သည် Telenor သုံးစွဲသူများအတွက် Telenor ၀န်ဆောင်မှုများကို တစ်နေရာတည်းတွင် လွယ်ကူစွာ အသုံးပြုနိုင်သော Application တစ်ခုဖြစ်ပါသည်။ MyTelenor App ကို download လုပ်ယူ၍ အသုံးပြုနိုင်မည်ဖြစ်ပြီး MyTelenor Network ပေါ်တွင် ၄င်းအတွက် အင်တာနက်အသုံးပြုမှုကို အခမဲ့ ၀န်ဆောင်မှုပေးထားပါသည်။ Telenor သုံးစွဲသူများ အနေဖြင့် MyTelenor App ကို MyTelenor web portal တွင် အခမဲ့ download လုပ်ယူနိုင်ပါသည်။ နောက်ဆုံးထွက်ရှိလာသော MyTelenor App version 2.7.3 တွင် ပါ၀င်သော နေ့စဉ်သုံးစွဲမှုမှတ်တမ်း နဲ့အတူ သင် မနေ နှင့် ဒီနေ့က ဖုန်းမည်မျှ ခေါ်ဆိုခဲ့သည်နှင့် အင်တာနက် မည်မျှသုံးစွဲခဲ့သည့် မှတ်တမ်းများကို သုံးစွဲခဲ့သည့် ပမာဏ နှင့် အခြားအချက်အလက်စုံလင်စွာ သိရှိနိုင်မည်ဖြစ်သည်။ ထို သုံးစွဲမှုမှတ်တမ်း တွင် သင်၏ ဖုန်းသုံးစွဲမှု မှတ်တမ်း ကို အချိန်နဲ႔တပြေးညီ စစ်ဆေးနိုင်သည့် အပြင် ဖုန်းငွေ မည်မျှ ဖြည့် ခဲ့သည့်ကို ပါ ကြည့်ရှုနိုင်သည့်အတွက် သင့်တစ်နေ႔တာ ဖုန်းသုံးစွဲမှုကိုလွယ်ကူရိုးရှင်းစွာ စီမံခန့်ခွဲနိုင်မှာဖြစ်ပါသည်။

Everything is at your fingertips with MyTelenor. Manage your Telenor Myanmar account with no data charges, anywhere, anytime.

Direct Download

MyTelenor App ကို Google Play Store နှင့် App Store တို့တွင် “MyTelenor” key word ဖြင့် ရှာဖွေကာ download ရယူနိုင်ပါသည်။

  • ဖုန်းငွေလက်ကျန် နှင့် အခြား data အသုံးပြုမှုများကို အလွယ်တကူ စစ်ဆေးနိုင်ခြင်း
  • သင်ယနေ့နှင့် မနေ့က ဖုန်းသုံးစွဲခဲ့သည့်ပမာဏကို ပြည့်စုံစွာ ကြည့်ရှုနိုင်ခြင်း
  • မည်သည့် Telenor နံပါတ်ကို မဆို အလွယ်တကူ ဖုန်းငွေဖြည့်နိုင်ခြင်း
  • အခြား Telenor နံပါတ်သို့ဖုန်းဘေလ် လွှဲပြောင်းပေးနိုင်ခြင်း
  • Telenor ၏ အင်တာနက် package များနှင့် အခြား ၀န်ဆောင်မှုများကို လွယ်ကူလျင်မြန်စွာ ၀ယ်ယူနိုင်ခြင်း
  • Telenor SIM ကတ်များကို အလွယ်တကူ မှတ်ပုံတင်နိုင်ခြင်း
  • Telenor ဆိုင်များ၏ လိပ်စာများကို ရယူနိုင်ခြင်း
  • Network Coverage Map ကို အသုံးပြု၍ 3G/4G ကွန်ယက် ရမရ စစ်ဆေးနိုင်ခြင်း
  • Telenor Call Center သို့MyTelenor App မှတဆင့် ခေါ်ဆိုနိုင်ခြင်း
  • အခြား Mobile Apps များ ကို download ရယူနိုင်သော Links များကို ရယူနိုင်ခြင်း
အမေးများသောမေးခွန်းများ
MyTelenor App ဆိုတာဘာလဲ။

MyTelenor App သည် Telenor သုံးစွဲသူများအတွက် Telenor ၏ သတင်းအချက်များကို သိရှိစေနိုင်ရန်နှင့် ၀န်ဆောင်မှုများကို တစ်နေရာတည်းတွင် လွယ်ကူစွာ အသုံးပြုနိုင်သော Application တစ်ခုဖြစ်ပါသည်။

MyTelenor App ကို ဘယ်လို download လုပ်ယူနိုင်မလဲ။

Telenor သုံးစွဲသူများ အနေဖြင့် MyTelenor App ကို Telenor App Store တွင် အခမဲ့ download လုပ်ယူနိုင်ပါသည်။ MyTelenor App ကို Google Play Store နှင့် iTunes Store တို့တွင် “MyTelenor” key word ဖြင့် ရှာဖွေကာ download ရယူနိုင်ပါသည်။

MyTelenor App ကို download ပြုလုပ်လျှင် data charge ကောက်ခံမှာလား။

MyTelenor App ကို Telenor App Storeတွင် အခမဲ့ download လုပ်ယူ၍ အသုံးပြုနိုင်မည်ဖြစ်ပြီး ၄င်းအတွက် အင်တာနက်အသုံးပြုမှုကို အခမဲ့ ၀န်ဆောင်မှုပေးထားပါသည်။ သို႕သော် Google Play Store နှင့် Apple Store ကဲ့သို႕သော အခြား App Stores များတွင် MyTelenor App အား download လုပ်ပါက ကျသင့်သော Data Charge ကိုကောက်ယူမည်ဖြစ်သည်။

MyTelenor တွင် ပါရှိသော “နေ့စဉ် သုံးစွဲမှု မှတ်တမ်း” ဆိုတာဘာလဲ။

နေ့စဉ် သုံးစွဲမှုမှတ်တမ်း ဆိုတာ MyTelenor app မှာပဲ ရနိုင်တဲ့ တယ်လီနော က ပေးထားသော ၀န်ဆောင်မှုတစ်ခုဖြစ်ပါသည်။ ထိုနေ့စဉ်သုံး ၀န်ဆောင်မှုမှတ်တမ်းတွင် သင်တစ်နေ့တာ သုံးစွဲထားသော ဖုန်းခေါ်ဆို မှု နှင့် ဒေတာ အသုံးပြုမှုများအတွက် သုံးစွဲခဲ့သည့် ပမာဏ နှင့် သင်၏ မှုလ ဖုန်းငွေ မှ ဖြတ်တောက်သွားသော ပမာဏ များကို စစ်ဆေးနိုင်မည်ဖြစ်သည်။

MyTelenor App ကို အသုံးပြုပြီး အခက်အခဲ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါ မည်သို့လုပ်ဆောင်ရမလဲ။

Telenor Call Center 979 သို့ဖုန်းခေါ်ခြင်းဖြင့် လည်းကောင်း care@telenor.com.mmသို့ email ပို့ခြင်းဖြင့် လည်းကောင်း သင်၏ အခက်အခဲကို အကူအညီတောင်းခံနိုင်ပါသည်။

My Telenor