ဒေတာစုဘူးနဲ့ဆို myanflix ကို ရက် ၃၀ အခမဲ့

ဒေတာစုဘူးကိုဝယ်ယူတိုင်း myanflix ကနေ ရုပ်ရှင်များကို ရက် ၃၀ အခမဲ့ ကြည့်ရှုလို့ရပြီနော်။ myanflix ဟာ မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်းတွေကို အတန်​ဆုံး​ဈေးနှုန်​းနဲ့ တစ်နေရာတည်းမှာ စုံစုံလင်လင်ကြည့်ရှုလို့ရမယ့် အကြီးဆုံး App တစ်ခုဖြစ်ပါတယ်​။ နာမည်ကြီးမြန်မာရုပ်ရှင်ကားနှင့် ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို ဒေတာစုဘူးလေးနဲ့ myanflix ကနေအေးဆေးကြည်​့ရှုလိုက်​ပါ။

လက်ကျန်ဒေတာများကို စုထားပြီး အပူပင်ကင်းကင်း သုံးလို့ရတဲ့ ပိုမိုကောင်းမွန်တဲ့ဒေတာစုဘူး

တယ်လီနောအသုံးပြုသူများ ပိုမိုအဆင်ပြေစေရန် လက်ကျန်ဒေတာများကို ပေါင်းထည့်ဖို့ အစီအစဉ်အသစ်တစ်ခုကိုမိတ်ဆက် ပေးလိုက်ပါပြီ။

*979*2*2#

ဒေတာစုဘူးအစီအစဉ် သစ် 700 MB

ဒေတာစုဘူးအစီအစဉ်သစ် 1 GB

ဒေတာစုဘူးအစီအစဉ် သစ်565 MB

ဒေတာစုဘူးအစီအစဉ်သစ် 1.5 GB

ဒေတာစုဘူးအစီအစဉ်သစ် 2.5 GB

ဒေတာစုဘူးအစီအစဉ်သစ်4 GB

ဒေတာစုဘူးအစီအစဉ်သစ် 6 GB

ဒေတာစုဘူးအစီအစဉ်သစ် 15.5 GB

အကန့်အသတ် - ရက် ၃၀

myanflix ဆိုတာဘာလဲ?

myanflix ဆိုတာ မြန်မာဗီဒီယိုဇာတ်ကားတွေကို စိတ်ကြိုက်ရွေးချယ်ကြည့်ရှုနိုင်တဲ့ အွန်လိုင်း ဗီဒီယိုရုံကြီးပါ။ သင့်တင့်တဲ့ဖိုင်အရွယ်အစားရှိတဲ့ အရည်အသွေးကောင်း မြန်မာဇာတ်ကား၄၀၀ကျော်ကို လက်လှမ်းမီတဲ့စျေးနှုန်းနဲ့ကြည့်ရှုရမယ်လို့ MyanFlixက အာမခံပါတယ်။ ပဏာမမိတ်ဆက်တဲ့အထူးအခွင့်အရေးအနေနဲ့ တယ်လီနောဖုန်းနံပါတ်နဲ့ စာရင်းပေးသွင်းသူအားကို myanflix က အခမဲ့ကြည့်ရှုခွင့်ပေးသွားမှာဖြစ်ပြီး ဒေတာဖိုးသာကုန်ကျမှာဖြစ်ပါတယ်။ ဇာတ်ကားတွေကို ဒေါင်းလုပ်ပြုလုပ်နိုင်သလို အွန်လိုင်းပေါ်ကလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။ myanflix Application ကို Play store ကနေ ရယူပြီး နှစ်သက်တဲ့ ဇာတ်ကားတွေကို အချိန်မရွေး နေရာမရွေး စိတ်ကြိုက်ကြည့်ရှုနိုင်ပါပြီ။

ဘာကြောင့် myanflix ကိုအသုံးပြုသင့်တာလဲ

အသုံးပြုမှုသက်တမ်း ကိုယ်ရေးအချက်အလက်မူဝါဒ

အချိုသာဆုံးနှုန်းထား

တယ်လီနောဖုန်းဖြင့် အခမဲ့ကြည့်ရှုနိုင်သည်။ အသုံးပြုသည့် Plan အလိုက်သာ ဒေတာဖိုးပေးရမည်။

အကောင်းဆုံး ကြည့်ရှုခံစားနိုင်မှု

အကောင်းဆုံးအရည်အသွေးကို အသက်သာဆုံးစျေးနှုန်းဖြင့် ရရှိနိုင်သည်။ ဇာတ်ကားများကို သေးငယ်ပေါ့ပါးအောင် ချုံ့ထားသောကြောင့် လွယ်ကူသက်သာစွာ စိတ်အပန်းဖြေနိုင်သည်။

Social Network တွင် မျှဝေခံစားနိုင်မှု

ဇာတ်ကားတိုင်းကို မိတ်ဆွေများသို့ မျှဝေခြင်း၊ ကြယ်ပွင့်ပေးခြင်းများ ပြုလုပ်နိုင်သည်။ မည်သည့် လူမှုကွန်ရက်တွင်မဆို မျှဝေနိုင်သည်။

အချိန်မရွေးပြန်လည်ကြည့်ရှုနိုင်မှု

ဇာတ်ကားကို အစမှအဆုံးထိ ကြည့်ရှုရန်မအားလပ်ပါက ရပ်ထားပြီး ထိုနေရာမှပင် ဆက်လက်ကြည့်ရှုနိုင်သည်။

အင်တာနက်မလိုဘဲ ရုပ်ရှင်ကြည့်နိုင်မှု

ဇာတ်ကားများကို ဒေါင်းလုပ်ပြုလုပ်ကာ (၇)ရက်အထိ ငှားရမ်းကြည့်ရှုနိုင်သည်။ ဇာတ်ကားများကို Offline ဖြင့်ကြည့်ရှုနိုင်သည်။

သင်နှစ်သက်တဲ့ ရုပ်ရှင်တွေကို စုဆောင်းနိုင်မှု

မိမိစိတ်ကြိုက်ဇာတ်ကားများကို မှတ်သားထားနိုင်သည်။

ဒေါင်းလုတ်ရယူရန်

telenor_myanmar_google_play telenor_myanmar_telenor_download
အမေးများသောမေးခွန်းများ
myanflix ဆိုတာတာဘာလဲ။

Myanflix မိုဘိုင်းအက်ပလီကေးရှင်းဆိုတာဒေါင်းလုပ် (သို့မဟုတ်) တိုက်ရိုက်ကြည့်ရှုနိုင်သည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီးတယ်လီနော Data Subooဝ ယ်ယူထားခြင်းဖြင့် သုံးစွဲနိုင်ပါသည်။

Myanflix အက်ပလီကေးရှင်းမှာဘယ်လိုဇာတ်ကားအမျိုးအစားတွေ ကြည့်ရှုနိုင်သလဲ။

Myanflix အက်ပလီကေးရှင်းထဲမှာ မြန်မာဇာတ်ကားအမျိုးအစားအများကြီးကို ကြည့်ရှုနိုင်ပါတယ်။

 

Myanflix အက်ပလီကေးရှင်းကိုသုံးဖို့ ဘာတွေလိုအပ်သလဲ။

Myanflix အက်ပလီကေးရှင်းအသုံးပြုရန်အတွက် android စမတ်ဖုန်းတစ်လုံးနဲ့ Telenor Data Suboo ကိုဝယ်ယူထားဖို့ လိုပါတယ်။

Myanflix အက်ပလီကေးရှင်းမှ မြန်မာဇာတ်ကားများကိုဘယ်လိုကြည့်ရှုရလဲ။

Myanflix အက်ပလီကေးရှင်းမှ ဇာတ်ကားများကြည့်ရန် ဦးစွာဖုန်းနံပါတ်ဖြင့်ဖြစ်စေ facebook အကောင့်ဖြင့် ဖြစ်စေစာရင်းပေးသွင်းပြီးနောက် ဖုန်းထဲသို့ ဇာတ်ကားဒေါင်းလုပ် ပြုလုပ်၍ ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ကြည့်ရှုနိုင်ပါတယ်။

Myanflix အက်ပလီကေးရှင်းကိုမည်သည့်နေရာမှ ရနိုင်ပါသလဲ။

Myanflix အက်ပလီကေးရှင်းကို Google play store (သို့မဟုတ်) အောက်ဖော်ပြပါ လင့်မှာ Download ရယူနိုင်ပါတယ်။ http://myanflix.com/myanflix.apk(အိုင်ဖုန်းအသုံးပြုသူများအတွက် မကြာခင်ရရှိမည်ဖြစ်သည်။)

myanflix အက်ပလီကေးရှင်းက Android version ဘယ်လောက်လိုအပ်သလဲ။

Android version 5.0နှင့်အထက် ရှိရန် လိုအပ်ပါသည်။

Myanflix အက်ပလီကေးရှင်းကို နိုင်ငံခြားမှာသုံးနိုင်ပါသလား။

နိုင်ငံခြားမှာ MyanFlix ကိုအသုံးပြုနိုင်ပါတယ်။ သို့သော် Telenor Data Subooသက်တမ်းရှိပြီး Mobile network နဲ့ ကြည့်ဖို့တော့လိုအပ်ပါတယ်

Myanflix အက်ပလီကေးရှင်းမှာဇာတ်ကားများကြည့်ရန် လစဉ်ကြေးသို့မဟုတ် ဇာတ်ကားငှားရန် လိုအပ်ပါသလား။

မလိုအပ်ပါ။ သို့သော် Telenor Data Suboo နဲ့ဆိုရင် ဇာတ်ကားများအားလုံးအခမဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်

Myanflix အက်ပလီကေးရှင်းတွင် မိမိကြည့်လိုသောဇာတ်ကား (သို့)မင်းသား (သို့) မင်းသမီးမည်သို့ရှာရမလဲ။

myanglish စာဖြင့်သော်၄င်း ဇာတ်ကား၏ အတိုကောက် စာဖြင့်သော်၄င်း ဇာတ်ကားအမည် အပြည့်အစုံဖြင့်သော်၄င်း ရှာဖွေနိုင်ပါသည်။ ဥပမာ: “Mhyu Moe Kay Tha Yee” ဆိုသည့်ဇာတ်ကားအား “မမကသရ”  “မြူမိုးကေသရီ” စသဖြင့်ရှာဖွေနိုင်ပါသည်။

myanflix အက်ပလီကေးရှင်း တွင် ဘာသာစကားဘယ်လိုပြောင်းရမလဲ။

ပင်မမီနူးအောက်က ပြင်ဆင်ရန်မှာပြောင်းနိုင်ပါတယ်။

App ကို Logout လုပ်ပြီး ပြန်ဝင်တဲ့အခါ ဒေါင်းလုပ်ထားတဲ့ ဇာတ်ကားတွေ ပျောက်ကုန်တယ်။

ကျွန်တော်တို့ရဲ့ app စည်းကမ်းအရ app ကနေ logout လုပ်တာနဲ့ ဒေါင်းထားတာတွေ ကိုဖျက်လိုက်မှာပါ။

ဒေါင်းလုပ်ပြုလုပ်ထားတဲ့ ဇာတ်ကားတွေကိုဘယ်နှစ်ရက်သိမ်းထားလို့ရမလဲ။

ဒေါင်းလုပ်ပြုလုပ်ထားတဲ့ ဇာတ်ကားတွေကို (၇)ရက်ထိသိမ်းထားနိုင်မှာဖြစ်ပါတယ်။

ဇာတ်ကားတစ်ကားကြည့်ရှုရန်အတွက် ကုန်ကျစရိတ် မည်မျှရှိပါသနည်း။

အထူးအစီအစဉ်ကာလအနေဖြင့် မည်သည့်အခကြေးငွေမျှပေးရန်မလိုအပ်ပါ။ အသုံးပြုသောဒေတာကုန်ကျစရိတ်သာကုန်ကျမည်ဖြစ်ပြီးအသုံးပြုသောအော်ပရေတာ၏ ဒေတာပလန်ဖြင့်သာကျသင့်မည်ဖြစ်သည်။

Myanflix အက်ပလီကေးရှင်းမှာဗွီဒီယိုအရည်အသွေးကိုဘယ်လိုပြောင်းရမလဲ။

Myanflix အက်ပလီကေးရှင်းမှာဗွီဒီယိုအရည်အသွေးကိုပင်မမီနူးအောက်က ပြင်ဆင်ရန်မှာပြောင်းနိုင်ပါတယ်။

ဇာတ်ကားတစ်ကားဒေါင်းလုပ်လုပ်ဖို့ storage ဘယ်လောက်လိုအပ်သလဲ။

ဇာတ်ကားတစ်ကားဒေါင်းလုပ်လုပ်ဖို့ အနည်းဆုံးဖုန်း storage 600MB လိုအပ်ပါတယ်။

အကူအညီရယူရန် ဘယ်လိုဆက်သွယ်ရမလဲ။

care@myanflix.com သို့ အီးမေးလ်ပေးပို့၍ ဆက်သွယ် အကူအညီတောင်းနိုင်ပါတယ်။

My Telenor