MyTune ဆိုတာကတော့ “ခေါ်ဆိုသူနားဆင်တေးသွား ၀န်ဆောင်မှု” နှင့် “ကိုယ်တိုင် နားဆင်တေးသွား ၀န်ဆောင်မှု” တို့ဖြင့် မိမိကိုယ့်ကို သံစဉ်များဖြင့် ဖော်ကျူးနိုင်စေမယ့် တယ်လီနောရဲ့ ၀န်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။
မိမိထံသို့ခေါ်ဆိုသော ဖုန်းများအတွက် ရွေးချယ်ထားသည့် တေးသွား များကို နားဆင်စေနိုင်ခြင်းနှင့် မိမိဖုန်းခေါ်ဆိုနေသည့်အခါတွင် ကိုယ်တိုင်နားဆင်နိုင်မည့် တေးသွားများထည့်သွင်းနိုင်ခြင်းတို့ကို MyTune ၀န်ဆောင်မှုကို ရယူခြင်းဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အောင်မြင်ကျော်ကြားသော နိုင်ငံတကာတေးသီချင်းများနှင့် မြန်မာတေးသီချင်းပေါင်း (၂)သောင်းကျော်ထဲမှ မိမိနှစ်သက်ရာ တေးသွားကို MyTune မှတစ်ဆင့် ရှာဖွေရယူပြီး “ခေါ်ဆိုသူ နားဆင်တေးသွား ၀န်ဆောင်မှု” (သို့မဟုတ်) “ကိုယ်တိုင်နားဆင် တေးသွား ၀န်ဆောင်မှု” တို့အား ရယူခြင်းဖြင့် စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပထမဦးစွာ ၀န်ဆောင်မှုကို ရယူပြီးနောက် မိမိနှစ်သက်ရာ တေးသွားများကို ၀ယ်ယူနိုင်မည်သာမက ၀န်ဆောင်မှု နှစ်ခုစလုံးကိုလည်း တစ်ပြိုင်နက်တည်း ရယူနိုင်မှာ ဖြစ်ပါတယ်။ ၀န်ဆောင်မှု တစ်ခုစီအတွက် အပတ်စဉ် ၀န်ဆောင်ခ ကောက်ခံမှာ ဖြစ်ပါတယ်။
သင့်အကြိုက်ဆုံးတေးသွားကို သင့်ဖုန်းကို ခေါ်ဆိုသူများ နားဆင်စေနိုင်ခြင်းနှင့် ကိုယ်တိုင်နားဆင်နိုင် ခြင်းတို့တွင် အသုံးပြုနိုင်ရန် ဒီနေ့ပဲ ရယူလိုက်ပါ။
MyTune App ကိုအသုံးပြုပြီး သင့်အတွက်ရော သင့်ချစ်ခင်သူများအတွက်ပါ တေးသီချင်းများကို လွယ်ကူ စွာ ရှာဖွေနိုင်ခြင်း နှင့် တေးသွားလက်ဆောင်များကို ပေးနိုင်ပါတယ်။ တယ်လီနောမြန်မာရဲ့ MyTune application ကို အသုံးပြုပြီး သင့်ရဲ့ MyTune ဝန်ဆောင်မှုအကောင့်ကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်ပါတယ်။ အင်္ဂလိပ်၊ မြန်မာ ဘာသာနှစ်မျိုးလုံး နှင့် အသုံးပြုနိုင်ပါတယ်။
တယ်လီနောမြန်မာ၏ MyTune ဝန်ဆောင်မှုမှာ သင့်ခံစားမှုကို ဖော်ကျူးပြသနိုင်တဲ့ ဂီတသံစဉ်များကို ရယူနိုင်ပါတယ်။ ခေါ်ဆိုသူနားဆင် နှင့် ကိုယ်တိုင်နားဆင် တေးသွားဝန်ဆောင်မှုများအတွက် အသုံးပြုမှု ကျသင့်မည့် ဝန်ဆောင်ခများကို MyTune App ထဲတွင်လွယ်ကူစွာ ရှာဖွေကြည့်ရှုနိုင်ပါတယ်။
စျေးနှုန်း | သက်တမ်း | ရယူရန် |
---|---|---|
၅၀ ကျပ် | ၁ရက် | ၃၃၃ သို့ "MTD ON" ဟု စာတိုပေးပို့ရန်။ |
MyTune ကိုရယူရန် ၃၃၃ သို့ "MTD ON" ဟု စာတိုပေးပို့ပါ။ ရယူခြင်းကို ရပ်ဆိုင်းရန် ၃၃၃ သို့ "MTD OFF" ဟု စာတိုပေးပို့ပါ။
၃၃၃ ကို ဖုန်းခေါ်ဆိုပြီး ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
(ခေါ်ဆိုသူနားဆင်ဝန်ဆောင်မှု)
ဝန်ဆောင်မှုရယူခြင်း : ၃၃၃ သို့ "MT ON" ဟု စာတိုပေးပို့ပါ။
ဝန်ဆောင်မှုကို ဖျက်သိမ်းခြင်း: ၃၃၃ သို့ "MT OFF" ဟု စာတိုပေးပို့ပါ။
(ကိုယ်တိုင်နားဆင်ဝန်ဆောင်မှု)
ဝန်ဆောင်မှုရယူခြင်း : ၃၃၃ သို့ "RT ON" ဟု စာတိုပေးပို့ပါ။
ဝန်ဆောင်မှုကို ဖျက်သိမ်းခြင်း: ၃၃၃ သို့ "RT OFF" ဟု စာတိုပေးပို့ပါ။