မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှ အကောင်းဆုံးသော ပါတနာများ၏ ရုပ်ရှင်၊ ဗီဒီယို၊ ဂီတနဲ့ အခြားအကြောင်းအရာပေါင်းများစွာကို သင့်ရဲ့ စမတ်ဖုန်းကနေအဆင့် စီးမျောခံစားလိုက်ပါ။
အာရှရဲ့အကောင်းဆုံးရုပ်ရှင်တွေနဲ့ဇာတ်လမ်းတွဲတွေကို ၁၀၀%ပြည့်မြန်မာစာတန်းထိုးနဲ့ ကြည့်ရှုဖို့ဆိုရင် Viu ကသင့်အတွက် အကောင်းဆုံးအဖော်မွန်ပါ။ ဇာတ်ကားအားလုံးကို စိတ်ကြိုက်ရုပ်သံအရည်အသွေးရွေးချယ်ပြီးတိုက်ရိုက်ကြည့်နိုင်သလို ဒေါင်းလုဒ်လည်း လုပ်လို့ရတယ်နော်။
Get app now
အက်ပလီကေးရှင်းအကြောင်း အသေးစိတ်သိရှိလိုပါက “VIU Myanmar Facebook Page” တွင် ၀င်ရောက် မေးမြန်းကြည့်ရှုနိုင်ပါတယ်။
“Viu Myanmar Facebook Page”
"မဟာ" ဆိုတာရွှေမြန်မာတို့ အတွက် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး နဲ့ အကောင်းဆုံး မိုဘိုင်း ဗီဒီယိုရုံကြီးတစ်ခုပါ။ မဟာမိုဘိုင်းအပလီကေးရှင်းမှ နောက်ဆုံးထွက် မြန်မာရုပ်ရှင်ဇာတ်ကားသစ် ဇာတ်ကားကောင်းတွေကို တင်ဆက်ပေးနေပါတယ်။ သင့်ဖုန်းမှာ မဟာ မိုဘိုင်း အပလီကေးရှင်း ရှိရုံနဲ့ သင်ဟာရုပ်ရှင်ရုံကြီးတစ်ခုကို ပိုင်ဆိုင်ထားတာနဲ့ အတူတူပါပဲ။
Get app now
အက်ပလီကေးရှင်းအကြောင်း အသေးစိတ်သိရှိလိုပါက “Mahar Mobile Facebook Page” တွင် ၀င်ရောက် မေးမြန်းကြည့်ရှုနိုင်ပါတယ်။
“Mahar Mobile Facebook Page”ONE Championship ရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ mixed martial arts (MMA) ၊ Muay Thai ၊ kickboxing ၊ boxing ၊ Brazilian Jiu-Jitsu (BJJ) စတဲ့ ပြိုင်ပွဲပေါင်းများစွာအပြင် ONE Championship ရဲ့ နောက်ဆုံးရသတင်းအချက်အလက်တွေ အကုန်လုံးကို တစ်နေရာတည်းမှာ အချိန်နဲ့တပြေးညီကြည့်ရှုနိုင်တဲ့ အက်ပလီကေးရှင်းပဲဖြစ်ပါတယ်။ မြန်မာပရိသတ်အချစ်တော် Aung La "The Burmese Python" N Sang (အောင်လ) ၊ Phoe "Bushido" Thaw (ဖိုးသော်) စတဲ့ ကစားသမားတွေရဲ့ ပွဲစဉ်တွေကို မိမိရဲ့ ဖုန်းလေးပေါ်ကတဆင့် မလွတ်တမ်းကြည့်ရှုနိုင်မယ့် နေရာလေးတစ်ခုလည်းဖြစ်ပါတယ်။
Get app now
အက်ပလီကေးရှင်းအကြောင်း အသေးစိတ်သိရှိလိုပါက “ONE Championship Website” တွင် ၀င်ရောက် မေးမြန်းကြည့်ရှုနိုင်ပါတယ်။
“ONE Championship Website”
YouTube ဆိုသည်မှာ ဗီဒီယိုဖိုင်အတိုအထွာများအား အခမဲ့ ကြည့်ရှုနိုင်သော အက်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ ၄င်း အက်ပလီကေးရှင်းထဲတွင် နည်းပညာဆိုင်ရာများ၊ ဒေသန္တရဗဟုသုတများ၊ သီချင်း၊ ရုပ်ရှင်များအား အများဆုံးတွေ့နိုင်ပြီး လူငယ်များအား လူမှုဘဝနဲ့ပတ်သက်တဲ့ ဗဟုသုတများစွာကို ပေးနိုင်သော ဗီဒီယိုအက်ပလီကေးရှင်း တစ်ခုပဲဖြစ်ပါတယ်။
Pyone Play ဆိုတာ မြန်မာနိုင်ငံမှာ အသုံးပြုသူ (၂) သန်းကျော် ရှိတဲ့ လူကြိုက်အများဆုံး Online TV Platform တစ်ခုပါ။ မဟာဗောဓိ၊ MRTV-4 နဲ့ Channel7 ရုပ်သံလိုင်းတေွကို တိုက်ရိုက်ကြည့်ရှုနိုင်သလို လူကြိုက်များတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲများ၊ နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲများနဲ့ စိတ်လှုပ်ရှားစရာ အစီအစဉ်တေွကိုလည်း ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် Mandalay FM နှင့် TEEN Radio တို့ကိုလည်း Pyone Play မှ တိုက်ရိုက်နားဆင်နိုင်ပါသည်။ လစဉ်ကြေးပေးဆောင်ရန်မလိုဘဲ အချိန်၊ နေရာမရေွး အသုံးပြုနိုင်ပါတယ်။
JOOX သည် ဂီတချစ်သူများအတွက် နားဆင်ရန် အခမဲ့ တေးဂီတ အက်ပလီကေးရှင်း တစ်ခု ဖြစ်ပါသည်။ JOOX သည် ကမ္ဘာတစ်ဝှမ်းတွင်ရှိသော ဂီတပညာရှင်များ၊ သီချင်းများ၊ တေးသီချင်းခွေများ၊ တစ်ဦးချင်းစီလိုက် ပြုလုပ်ပေးထားသော တေးသီချင်းစာရင်းများ အစီအစဉ်အလိုက် နားထောင်လို့ရသော ကျယ်ပြန့်သော သီချင်းများစုဆည်းရာ နေရာလည်းဖြစ်ပါတယ်။ အသုံးပြုသူသည် မိမိနှစ်သက်သော သီချင်းများကို ရေဒီယိုကဲ့သို့ ဒါမှမဟုတ် အကောင်းဆုံး သီချင်းများကို ရွေးချယ်ပေးထားသဖြင့် လွယ်ကူစွာပင်နားထောင်နိုင်ပြီး အကြိုက်တစ်ထပ်တည်းကျမည့် သီချင်းများဖြစ်မည်လို့လည်း ယုံကြည်ပါသည်။ အသုံးပြုသူသည် မိမိကြိုက်နှစ်သက်သော သီချင်းကို ကာရာအိုကေလည်း ပျော်ရွှင်စွာသီဆိုနိုင်ပါသည်။
Get app now
အက်ပလီကေးရှင်းအကြောင်း အသေးစိတ်သိရှိလိုပါက “JOOX Myanmar Facebook Page” တွင် ၀င်ရောက် မေးမြန်းကြည့်ရှုနိုင်ပါတယ်။
“JOOX Myanmar Facebook Page”