ဖုန်းခေါ်ဆိုခြင်း နှင့် SMS ပေးပို့ခြင်း

တယ်လီနောသည် မြန်မာနိုင်ငံနှင့် ကမ္ဘာပေါ်ရှိကျန်ရှိသော နိုင်ငံများကို သက်သာသော နှုန်းထားများ၊ ကမ္ဘာအဆင့်မီ အရည်အသွေးရှိသော ဖုန်းခေါ်ဆိုမှုများဖြင့် ဆက်သွယ်ပေးထားပါသည်။ တယ်လီနော၏ နိုင်ငံတကာ ဝန်ဆောင်မှုများဖြင့် နိုင်ငံတကာရှိ သင့်မိသားစု၊ သူငယ်ချင်း နှင့် လုပ်ဖော် ကိုင်ဖက်များ ဆက်သွယ်နိုင်မှာ ဖြစ်ပါသည်။


နိုင်ငံတကာဝန်ဆောင်မှုများ၏ဈေးနှုန်းများ


SMS ဈေးနှုန်း – နိုင်ငံတကာသို့ SMS ပေးပို့ခြင်းအနေဖြင့် SMS တစ်စောင်လျှင် ၁၅၀ ကျပ်ကျသင့်မှာဖြစ်ပြီး SMS လက်ခံရရှိခြင်းကိုတော့ အခမဲ့လက်ခံနိုင်မှာဖြစ်ပါတယ်။


ဖုန်းခေါ်ဆိုမှုနှုန်းထားများ

Countries, Codes and Rates for International Call & SMS

နိုင်ငံတကာမှ အဝင်ဖုန်းလက်ခံခြင်းကို အခမဲ့လက်ခံနိုင်မှာ ဖြစ်ပါတယ်။
မည်သည့်ထပ်ဆောင်းဝန်ဆောင်ခမှ ပေးရန်မလိုပါ။


တယ်လီနော၏ SIM အားလုံးတွင် နိုင်ငံခြားဖုန်းခေါ်ဆိုမှုနဲ့ မက်ဆေ့ချ်ဝန်ဆောင်မှုများကို အဆင်သင့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ထိုဝန်ဆောင်မှုများကိုပိတ်ထားလိုပါက ၉၇၉ သို့ဆက်သွယ်ပြီး ပိတ်ထားနိုင်ပါတယ်။

အမေးများသောမေးခွန်းများ
နိုင်ငံတကာအဝင်ဖုန်းလက်ခံမှုများအတွက် ပိုက်ဆံပေးစရာလိုပါသလား?


မလိုပါဘူး။ နိုင်ငံခြားတွင် Roaming အသုံးပြုမှသာပေးဆောင်ရန်လိုပါတယ်။

နိုင်ငံတကာရှိအိမ်ဖုန်းများသို့ဘယ်လိုဖုန်းခေါ်ဆိုရမလဲ?


[00] သို့မဟုတ် [+] [country code] [local area code without zero ] [local number] ကိုနှိပ်ပြီး ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာရှိလက်ကိုင်ဖုန်းများသို့ဘယ်လိုဖုန်းခေါ်ဆိုရမလဲ?


[00] သို့မဟုတ [+] [country code] [mobile number without zero] ကိုနှိပ်ပြီး ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။

ဘယ်သူမှ ဖုန်းမကိုင်ပဲ voice mail သို့မဟုတ် အလိုအလျောက်ဖြေကြားစက်သို့ ရောက်ရှိသွားပါက မိမိမှ ပိုက်ဆံပေးစရာလိုပါသလား?


လိုပါတယ်။ ဖုန်းကြာချိန်အတိုင်းပေးဆောင်ရမှာဖြစ်ပါတယ်။

My Telenor