တယ်လီနော ဆင်းကတ်ကို အွန်လိုင်းမှ ၀ယ်ယူလိုက်ပါ

ရန်ကုန်မြို့ရှိ လက်ရှိသုံးစွဲသူများနှင့် သုံးစွဲသူအသစ်များ ဘေးကင်းပြီး အဆက်အသွယ်မပြတ်ဘဲ ပိုမို လွယ်ကူစွာ ဆက်သွယ်ချိတ်ဆက်နိုင်စေရန်အတွက် တယ်လီနောဆင်းကတ်များကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူပြီး အိမ်အရောက် အခမဲ့ပို့ဆောင်မှုကို ရယူလိုက်ပါ။

လက်ရှိသုံးစွဲသူများနှင့် သုံးစွဲသူအသစ်များသည် တယ်လီနောမြန်မာဝက်ဆိုဒ်တွင် အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ မိမိစိတ်ကြိုက်နံပါတ်များကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ ငွေပေးချေမှုများကို အိမ်အရောက်ပို့ ငွေချေစနစ်ဖြင့် ပြုလုပ်နိုင်ပါသည်။ အွန်လိုင်းမှ ဆင်းကတ် ဝယ်ယူခြင်းအတွက် ဒေတာလက်ဆောင် 2 GB ပေးအပ်သွားပါမည်။

ဆင်းကတ်တစ်ခုကို မြန်မာကျပ် ၁,၅၀၀ ကျပ်သာ ကျသင့်မည်ဖြစ်ပြီး တယ်လီနောမြန်မာ၏ ပစ္စည်းပို့ဆောင်ရေး မိတ်ဖက်မှ မှ ၄၈ နာရီအတွင်း အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးသွားမည်ဖြစ်သည်။ ဆင်းကတ် အသစ်ဝယ်ယူထားသော သုံးစွဲသူများ အဆင်ပြေပြေမှတ်ပုံတင်နိုင်ရေး (မြန်မာနိုင်ငံသားများအတွက် နိုင်ငံသား စိစစ်ရေးကတ် သို့မဟုတ် နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်ဖြင့်) မိတ်ဖက် ဝန်ထမ်းများမှ ကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ပါသည်။

ဆင်းကတ်တစ်ကတ်ကို ၁၅၀၀ ကျပ်ဖြင့်သာ၀ယ်ယူပြီး ၁၀၀၀ ကျပ်နှင့်အထက် ငွေဖြည့်ပါက ဖုန်းဘေလ်အပြင် အောက်ပါ ခံစားခွင့်များကို ရယူလိုက်ပါ။
မိမိ လက်ရှိလက်ကျန်ငွေအပြင် အပိုဒေတာ 2 GB (ရက် ၃၀)
မိနစ် ၂၀၀တယ်လီနောအချင်းချင်းဖုန်းခေါ်ဆိုခွင့် ရက် ၃၀ ကြာ ဖေ့စ်ဘွတ်ညလုံးပေါက် သုံးစွဲခွင့်
ဖုန်းဘေလ် အပို၁၀၀၀ ကျပ် (ရက် ၃၀)
(PayGo Data + Any net calls + SMS)

အွန်လိုင်းမှ ဆင်းကတ်ဝယ်ယူခြင်းကို လက်ရှိတွင် ရန်ကုန်မြို့အတွင်းသာ ရရှိမည်ဖြစ်သည်။ အခြားမြို့များမှ လည်း ဝယ်ယူရရှိနိုင်ရေးအတွက် တယ်လီနောမြန်မာအနေဖြင့် ဝန်ဆောင်မှုများကို ဆက်လက်တိုးချဲ့သွားမည် ဖြစ်သည်။

My Account
Live Chat
Share Share