တယ်လီနောရဲ့ Base Plan ဟာ အသုံးပြုသူတွေအတွက် အရိုးရှင်းဆုံးဖြစ်စေမယ့် Plan တစ်ခုပဲဖြစ်ပါတယ်။ အင်တာနက်ကို အသုံးပြုပြီး သတင်းအချက်အလက်တွေရယူမယ်ဆိုရင်တော့ ၁ မီဂါဘိုက်ကို ၁၀ ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။ တယ်လီနောကို အသုံးပြုတဲ့ Customer တွေအတွက် ပိုမိုအဆင်ပြေစွာအသုံးပြုနိုင်ရန်အတွက် မိမိကြိုက်နှစ်သက်တဲ့ Plan တွေကို လွယ်ကူစွာ ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်နှုန်းထားများ


တယ်လီနောအချင်းချင်း
၁ မိနစ်လျှင် ၂၈ ကျပ်
ဒေတာအသုံးပြုမှု 
၁ MB လျှင် ၁၀ ကျပ်
အခြားပြည်တွင်းဖုန်းခေါ်ဆိုမှု 
၁ မိနစ်လျှင် ၂၈ ကျပ်
(ပြည်တွင်း မည်သည့်ဖုန်းမဆို)
စာတို
၁စောင်လျှင် ၁၅ ကျပ်
(ပြည်တွင်း မည်သည့်ဖုန်းမဆို)

ဘယ်လိုရယူနိုင်မလဲ

  • *979*3*4* (သို့မဟုတ်) *365*2# သို့ ဖုန်းခေါ်ဆိုပါ။

  • ၃၆၅ သို့ “BASE ON” ဟု SMS ပို့ပါ။
  • 
MyTelenor App မှတဆင့်လည်းရယူနိုင်ပါသည်။
အမေးများသောမေးခွန်းများ
ဒီအစီအစဉ်ကို ဘယ်သူတွေရယူနိုင်ပါလဲ?

ဆင်းကတ်ကို ပထမဆုံး စတင်အသုံးပြုမယ့် တယ်လီနော Prepaid customer တိုင်း ရယူနိုင်ပါတယ်။

အခြားအစီအစဉ်ကနေ ဒီအစီအစဉ်ကို ဘယ်လိုပြောင်းရမလဲ ?

*365*1# သို့ ဖုန်းခေါ်ဆို၍ သို့မဟုတ် 365 သို့ BASE ON ဟု SMS ပေးပို့၍ အလွယ်တကူ ပြောင်းလဲနိုင်ပါသည်။

ဒီအစီအစဉ်ရဲ့ ပရိုမိုးရှင်းကာလက ဘယ်အထိလဲ?

ဒီအစီအစဉ်က ပုံမှန်ရှိနေမယ့် အစီအစဉ်ဖြစ်ပါတယ်။ အပြောင်းအလဲ တခုခု ရှိလာမယ်ဆိုရင် တယ်လီနောမှ ကြိုတင်အသိပေးသွားမှာဖြစ်ပါတယ်။

ယခုအစီအစဉ်အား အသုံးမပြုချင်တော့လျှင် ဘယ်လိုပြုလုပ်နိုင်မလဲ?

365 သို့ TEN ON ဟု SMS ပေးပို့၍ သို့မဟုတ် *365*4# သို့ခေါ်ဆို၍ သာသာယာယာ အစီအစဉ်သို့ ပြောင်းလဲနိုင်ပါသည်။
ပြက္ခဒိန်ရက်တစ်ရက်အတွင်း တစ်ခါသာ ပြောင်းလဲ နိုင်ပါသည်။

အခြားဝန်ဆောင်မှုများအတွက် ဝန်ဆောင်ခများ အပြောင်းအလဲ ရှိပါသလား?

SMS ပေးပို့ခြင်း၊ IDD နှင့် Roaming စသည်တို့အတွက် ဝန်ဆောင်ခ နှုန်းထားများမှာ ပြောင်းလဲခြင်းမရှိပါ။

My Telenor
Share Share