telenor_myanmar_talk-5min
telenor_myanmar_talk-5min

ထိုင်းနိုင်ငံသို့တစ်နေ့အတွင်း (၅) မိနစ်ကိုဖုန်းပြောပြီး (၅) မိနစ်ကို အပိုရယူနိုင်မည့် အစီအစဉ်

ထိုင်းနိုင်ငံရှိမည်သည့် အော်ပရေတာ မှဖုန်းကို မဆို ၂၄နာရီအတွင်း တယ်လီနော prepaid ဖုန်းများမှ ၅မိနစ်ခေါ်ဆိုလျှင်၅ မိနစ်အပို လက်ဆောင်ရရှိမည်ဖြစ်သည်။ Package ဝယ်ယူထားသူများသာမက PayGo အသုံး ပြုသူများလျှင်ပင် ထိုအစီအစဉ်ကို စာရင်းသွင်းရန် မလိုဘဲ အသုံးပြုနိုင်ပြီဖြစ်သည်။

အမေးများသောမေးခွန်းများ
၅ မိနစ်ကိုဖုန်းပြောပြီး ၅ မိနစ်ကို အပိုရယူနိုင်မည့် အစီအစဉ်က ဘယ်လိုမျိုးလဲ?

သုံးစွဲသူများမှ *ထိုင်းနိုင်ငံရှိ မည်သည့် ဖုန်းအော်ပရေတာကို မဆို ၅ မိနစ် နှင့် ၅ မိနစ်အထက် ခေါ်ဆိုရုံဖြင့် ၅ မိနစ်ကို အပိုထပ်ဆောင်း ရရှိမည်ဖြစ်ပြီး ရရှိသည့်မိနစ်အပိုဆုကို ရရှိသည့်နေ့၏ ၂၃:၅၉:၅၉ အထိ ထိုင်းနိုင်ငံရှိ မည်သည့် ဖုန်းအော်ပရေတာကို မဆိုခေါ်ဆို အသုံးပြုနိုင်ပါမည်။

၅ မိနစ်ကိုဖုန်းပြောပြီး ၅ မိနစ်ကို အပိုရယူနိုင်မည့် အစီအစဉ်ကို ဘယ်လိုပါဝင်ရမလဲ။

စာတိုပို့ခြင်း၊ တယ်လီနော ဝက်ဆိုက်မှတစ်ဆင့် သို့မဟုတ် တယ်လီနော facebook စာမျက်နှာများမှ သိရှိနိုင်ပါသည်။

ပေးပို့မည့် စာတိုအသေးစိတ်ကို ဘယ်လိုလဲ။

ထိုင်းနိုင်ငံမှ မည့်သည့် ဖုန်းနံပါတ်ကိုမဆို ၅ မိနစ် နှင့် ၅ မိနစ်အထက် ခေါ်ဆိုတိုင်း ၅ မိနစ် အပိုထပ်ဆောင်း ရရှိမည်ဖြစ်ပါသည်။ ရရှိမည့် အပိုထပ်ဆောင်း ၅ မိနစ်ကို ထိုင်းနိုင်ငံရှိ မည်သည့်ဖုန်း နံပါတ်ကို မဆို ရရှိသည့်နေ့ ၂၃:၅၉:၅၉ အထိ အသုံးပြုနိုင်ပါသည်။

အပိုရယူနိုင်မည့် အစီအစဉ်ကို ပါဝင်နိုင်ရန် ဘယ်လို လုပ်ဆောင်ဖို့ လိုအပ်ပါသလဲ။

အလိုအလျောက် အကျုံးဝင်ပြီးသား ဖြစ်ပါသည်။

အပိုဆုရယူနိုင်ရန်အတွက် ပြုလုပ်ရမည့် ဖုန်းခေါ်ဆိုမှု မှာ တစ်ခါတည်း တစ်ဆက်တည်း ပြည့်မှီအောင်ခေါ်ဆို ရမှာလား။

မလိုအပ်ပါ။ အပိုဆုရယူရန် တစ်နေ့တာအတွင်း သတ်မှတ်ချိန် ၅ မိနစ် ပြည့်မှီသည့်အခါ အပိုဆု ၅ မိနစ်ကို ရရှိမှာ ဖြစ်ပါသည်။

တစ်နေ့ကို ၅ မိနစ်ထက် ခေါ်ဆိုခြင်းကို အကြိမ်ကြိမ် ပိုမိုခေါ်ဆိုပါက အပိုမိနစ် ရရှိနိုင်ပါသလား။

တစ်နေ့တာအတွင်း ဖုန်းနံပါတ်တစ်လုံးကို အပိုခေါ်ဆိုခွင့် တစ်ကြိမ်သာ ရရှိမှာ ဖြစ်ပါသည်။

အပို ၅ မိနစ် ရရှိကြောင်း ဘယ်လို သိရှိနိုင်မလဲ။

အပို ၅ မိနစ်ရရှိကြောင်းကို အောက်ပါ စာတိုပို့ဆောင်ပေးမှာ ဖြစ်ပါသည်။ “ ဂုဏ်ယူပါတယ်။ ယနေ့အတွက် * ထိုင်းနိုင်ငံသို့ ဖုန်းခေါ်ဆိုမှု ၅ မိနစ် ပြည့်မှီသွားပြီဖြစ်သောကြောင့် ၅ မိနစ်အပို လက်ခံရရှိပါသည်။ ရရှိသည့ိုမိနစ်အပို ကို ထိုင်းနိုင်ငံရှိ မည်သည့်ဖုန်းကိုမဆို ခေါ်ဆိုနိုင်မှာဖြစ်ပြီး ၏ ည ၁၂ နာရီမတိုင်ခင်အထိ အသုံးပြုနိုင်ပါသည်။”

အပိုဆုကို တစ်နေ့တာအတွင်း အကြိမ်ကြိမ်ရယူနိုင်မှာပါလား။

မရရှိနိုင်ပါ။ ဖုန်းနံပါတ်တစ်ခုလျှင် တစ်ကြိမ်သာ ရရှိနိုင်ပါမည်။

အပိုဆု ၅ မိနစ်အတွက် သက်တမ်းကာလဘယ်လောက်ပါလဲ။

အပိုဆု ၅ မိနစ်အတွက် သက်တမ်းကာလမှာ အပိုဆုရရှိသည့် တူညီသော ပြက္ခဒိန်နေ့တစ်ခုအတွင်း ၂၃:၅၉:၅၉ အထိသာဖြစ်ပါတယ်။

အပိုဆု ၅ မိနစ်ကို မည်သည့်ဖုန်းခေါ်ဆိုမှုမဆိုပြုလုပ်နိုင်မှာလား။

မပြုလုပ်နိုင်ပါ။ ထိုင်းနိုင်ငံရှိ မိုဘိုင်းဖုန်းများနှင့် လိုင်းဖုန်းများ ခေါ်ဆိုမှုကိုသာ ပြုလုပ်နိုင်ပါသည်။

ယခု အပို ၅ မိနစ်သည် IDD pack ဝယ်ယူအသုံးပြုထားသူများသာ အသုံးပြုနိုင်တာလား။

မဟုတ်ပါ။ IDD pack ဝယ်ယူထားသူများ အပါအဝင် PAYGO တယ်လီနော အသုံးပြုသူတိုင်း ရရှိနိုင်ပါသည်။

အပိုဆု ၅ မိနစ်ကို အသုံးပြုခြင်း ကုန်သွားပါက ဘယ်လို ဆက်လက် ကောက်ခံမလဲ။

IDD pack ဝယ်ယူထားသူဖြစ်ပါက တစ်မိနစ်ကို ၄၅ ကျပ်ဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး ဝယ်ယူထားခြင်းမရှိသော ပုံမှန် အသုံးပြုသူများအနေဖြင့် ပုံမှန် သုံးသလောက်ပေး ဈေးနှုန်း တစ်မိနစ်ကို ၂၅၀ ကျပ်ဖြင့် ဆက်လက် ကောက်ခံသွားမှာဖြစ်ပါသည်။

အစီအစဉ်က ဘယ်အချိန်ကနေ ဘယ်အချိန်ထိလဲ။

ယခုပရိုမိုးရှင်းအစီအစဉ်မှာ သြဂုတ်လ ၂၂ ရက်နေ့ ၂၀၁၉ မှ အစီအစဉ်ပြီးဆုံးကြောင်းမကြေငြာခင်အထိ ဖြစ်ပါတယ်

My Account
Live Chat
Share Share