အစီအစဉ်ကို ရယူရန် *7777# ကိုနှိပ်ကာ စာရင်းပေးသွင်းနိုင်မှာဖြစ်ပြီး ၂ရက်ကြိုတင်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။ စာရင်းပေးသွင်းပြီးသည်နှင့် ၁မိနစ် (၆၀စက္ကန့်) ပြီးဆုံးသည့်အချိန်တိုင်းအတွက် ၁မီဂါဘိုက် အခမဲ့ဒေတာရရှိနိုင်မှာဖြစ်ပါတယ်။

ပြည်တွင်းပြည်ပ ဖုန်းခေါ်ဆိုမှုအားလုံးအတွက်အကျုံးဝင်ပါတယ်။ ဖုန်းခေါ်ဆိုမှုစက္ကန့်တိုင်းကို ရေတွက်သွားမှာဖြစ်ပြီး သုံးစွဲသူမှ တစ်မိနစ်ပြည့်ရန်အတွက် အချိန်ကာလတို ခေါ်ဆိုမှုများအကြိမ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

ဖုန်းခေါ်ဆိုချိန် ရေတွက်ပုံမှာ သန်းခေါင်ယံချိန်တွင် တစ်နေ့တာစာရင်းပိတ်မှာဖြစ်ပါတယ်။ ဖုန်းခေါ်ဆိုမှုအချိန်ကို နောက်ရက်သို့ သယ်ဆောင်သွားမှာမဟုတ်ပါ။  စာရင်းပေးသွင်းပြီးနောက် ၁၅ရက်အထိ အစီအစဉ်ကို ရရှိနိုင်မှာြ

သင်္ကြန်အစီအစဉ်က ဘာလဲ။ ဘယ်လိုလဲ။

အစီအစဉ်မှာ ၆၀ စက္ကန့် (၁ မိနစ်) ဖုန်းခါ်ဆိုမှုတိုင်းအတွက် အခမဲ့ဒေတာရရှိနိုင်မယ့် အစီအစဉ်ဖြစ်ပါသည်။ တယ်လီနောအသုံးပြုပြီး ၆၀ စက္ကန့် (၁ မိနစ်) ဖုန်းခေါ်ဆိုမှုတိုင်းအတွက် ၁ မီဂါဘိုက် အခမဲ့ဒေတာ အပိုဆုလက်ဆောင်ရရှိပါမယ်။

အစီအစဉ်ကို ဘယ်လိုရယူနိုင်မလဲ။ ဘယ်လိုစာရင်းပေးသွင်းရမလဲ။

အစီအစဉ်ကို စာရင်းပေးသွင်းရယူရန် သုံးစွဲသူမှ ဧပြီလ ၁၀ ရက်မှ ၂၅ ရက်အတွင်း *7777# ကို ဖုန်းခေါ်ဆိုရန် လိုအပ်ပါတယ်။ စာရင်းပေးသွင်းပြီးသည့်နောက်ပိုင်းတွင် ဒေတာအပိုဆုကို စတင်လက်ခံရရှိနိုင်ပါပြီ။

ရရှိသော အခမဲ့ဒေတာအပိုဆု၏ သက်တမ်းကာလက ဘယ်လောက်လဲ။

အခမဲ့ဒေတာအပိုဆုကို ရရှိသည့်အချိန်မှ ၂၄ နာရီအတွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲသူမှ ဧပြီ ၁၄ ရက်နေ့၊ နံနက် ၁၀:၂၅ မိနစ်တွင် ဒေတာအပိုဆုကို လက်ခံရရှိပါက ဒေတာအပိုဆုအတွက်သုံးစွဲနိုင်မည့် သက်တမ်းကာလမှာ ဧပြီ ၁၅ ရက်နေ့၊ နံနက် ၁၀:၂၄ မိနစ်အထိဖြစ်ပါတယ်။

ကျွန်တော် ဒီနေ့ ၈မိနစ်ကြာဖုန်းခေါ်ဆိုမှုပြုလုပ်ပြီးပါပြီ။ ဒါပေမယ့် အခုချိန်ထိ ဒေတာအပိုဆု လည်းမရရှိသေးပါဘူး။ ဘာဖြစ်လို့လဲ။

လူကြီးမင်းအနေဖြင့် *7777# ကို ဖုန်းခေါ်ဆိုပြီး အစီအစဉ်ကို စာရင်းပေးသွင်းရယူရန် လိုအပ်ပါတယ်။ အစီအစဉ်ကိုစာရင်းပေးသွင်းမှုမပြုလုပ်ရသေးသည့်အတွက် ဒေတာအပိုဆုကို လူကြီးမင်းအနေဖြင့်မရရှိနိုင်သေးတာဖြစ်ပါတယ်။

ပြည်ပ ကိုဖုန်းခေါ်ဆိုတာဆိုရင်ကော ဒေတာအပိုဆုရနိုင်မှာလား။

အခမဲ့ဒေတာအပိုဆုမှာ ပြင်ပအထွက်ဖုန်းခေါ်ဆိုမှုတိုင်းအတွက် ရရှိနိုင်ပါတယ်။ သို့သော် Roaming အသုံးပြုနေစဉ် ဖုန်းခေါ်ဆိုမှုများကို ရေတွက်မှာ မဟုတ်ကြောင်း အသိပေးပါရစေ

ကျွန်တော် ဖုန်းတစ်ခါခေါ်ဆိုထားပါတယ်။ ဒါပေမယ့် အခမဲ့ဒေတာအပိုဆု မရသေးဘူး။ ဘာလို့လဲ။

ပြန်လည်စစ်ဆေးချက်အရ လူကြီးမင်းရဲ့ဖုန်းခေါ်ဆိုမှုမှာ ၁၇ စက္ကန့်သာကြာမြင့်ခဲ့ပါတယ်။ ၁ မီဂါဘိုက် အခမဲ့ဒေတာအပိုဆု ရယူဖို့အတွက် ၁ မိနစ် (၆၀ စက္ကန့်) ပြည့်မီအောင် ဖုန်းခေါ်ဆိုအသုံးပြုရမှာ ဖြစ်ပါတယ်။

ကျွန်တော် ၃၅ စက္ကန့်ဖုန်းခေါ်ပြီးပါပြီ နောက်တစ်ခါထပ်ခေါ်ဆိုရင်ကော ၁ မီဂါဘိုက် ရနိုင်ပြီလား။

နိုင်ပါတယ်။ အစီအစဉ်မှာ ရိုးရှင်းလွယ်ကူပါတယ်။ တစ်ကြိမ်တည်းဖြင့် ၆၀ စက္ကန့် ပြည့်မီအောင်ခေါ်ဆိုသည်ဖြစ်စေ၊ အကြိမ်ကြိမ်ဖုန်းခေါ်ဆိုခြင်းဖြင့် ၆၀ စက္ကန့် ပြည့်မီသည် ဖြစ်စေ ၁ မီဂါဘိုက် ဒေတာကို အခမဲ့ ရယူနိုင်ပါတယ်။ ဥပမာ - ၂၅ မိနစ်ခေါ်ဆိုခြင်းအတွက် ၂၅ မီဂါဘိုက်ဒေတာရရှိနိုင်ပါမယ်။

ဒီနေ့အတွက် ၅၅ စက္ကန့်ကြာဖုန်းခေါ်ဆိုမှုတစ်ကြိမ်ပြုလုပ်ထားပါတယ်။ ကျန်ရှိတဲ့ ၅ စက္ကန့်ကို မနက်ဖန်မှ ဆက်လက်ခေါ်ဆိုရင်ကော ၁ မီဂါဘိုက်ဒေတာ ရနိုင်ဦးမလား။

လေးစားစွာ အသိပေးပါရစေ၊ ဖုန်းခေါ်ဆိုမှုကြာချိန်မိနစ်များကို နောက်တစ်ရက်သို့ စာရင်းလွှဲပြောင်း သယ်ယူသွားမှာ မဟုတ်ပါ။ ယနေ့အတွက် ဖုန်းခေါ်ဆိုမှုအားလုံးကို ယနေ့အတွင်းတွင်သာ ရေတွက်မည်ဖြစ်ပါသည်။ မနက်ဖန် ၀၀:၀၀ နာရီမှ စတင်ပြီး စာရင်းအသစ်ဖြင့် ရေတွက်မှုပြန်လည်စတင်ပါမည်။

ရရှိသော ဒေတာအပိုဆုကို မည်သည့် အင်တာနက်အသုံးပြုမှုအတွက်ဆို အသုံးပြုနိုင်မှာလား။

နိုင်ပါတယ်။ ရရှိသည့်ဒေတာအပိုဆုမှာ မည်သည့်အင်တာနက်အသုံးပြုမှုအတွက်မဆို အကျုံးဝင်ပါတယ်။

ကျွန်တော် ၁၈ မိနစ်ဖုန်းပြောပြီး ၁၈ မီဂါဘိုက်လက်ခံရရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဖုန်းထပ်မံခေါ်ဆိုပါက ဒေတာထပ်မံရရှိနိုင်ပါဦးမလား။ ဒါ့အပြင် ဒေတာအပိုဆုရဲ့ သက်တမ်းကရောဘယ်လောက်လဲ။

လူကြီးမင်း ဖုန်းခေါ်ဆိုမှုပြုလုပ်တဲ့ စက္ကန့်တိုင်းက အကျုံးဝင်ပါတယ်။ ဖုန်းပိုပိုပြောလေ၊ ဒေတာအပိုဆု ပိုပိုရလေ ဖြစ်ပါတယ်။ ရရှိသည့်ဒေတာအပိုဆုအစီအစဉ်မှာ ပေါင်းစည်းသွားမှာဖြစ်ကြောင်း အသိပေးပါရစေ။ ၄င်းမှာ ၁၈ မီဂါဘိုက်အခမဲ့ဒေတာအပိုဆု ရရှိပြီးဖြစ်ပါက နောက်ထပ် ၅ မိနစ်ဖုန်းခေါ်ဆိုမှုအတွက် ၅ မီဂါဘိုက်ထပ်မံရရှိမည်ဖြစ်ပြီး ၁၈ + ၅ = စုစုပေါင်း ၂၃ မီဂါဘိုက်ဒေတာအဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်။ သက်တမ်းကာလမှာ နောက်ဆုံးရရှိသည့် အပိုဆု၏ သက်တမ်းကာလအတိုင်းဖြစ်ပါတယ်။

ဒေတာစုဘူးလက်ကျန်လည်းရှိတယ်၊ သင်္ကြန်အစီအစဉ်က အခမဲ့ဒေတာအပိုဆု ၁၅ မီဂါဘိုက်လည်း ရှိတယ်ဆိုရင် ဘယ်ထဲကအရင်ဆုံး အသုံးပြုမှာလဲ။

သက်တမ်းကာလတိုသည့်အစီအစဉ်မှ အရင်စတင်အသုံးပြုမှာဖြစ်ပါတယ်။ ထို့ကြောင့် ၂၄ နာရီ သက်တမ်းကာလရရှိသည့် အခမဲ့ဒေတာအပိုဆုမှ အရင် အသုံးပြုသွားမှာဖြစ်ပါတယ်။

တယ်လီနောသင်္ကြန်အစီအစဉ် ပရိုမိုးရှင်းကာလက ဘယ်အချိန်ကနေ ဘယ်အချိန်ထိလဲ။

ယခု သင်္ကြန်အစီအစဉ်မှာ ဧပြီလ ၁၀ ရက်မှ ၂၅ ရက်အထိဖြစ်ပြီး ပရိုမိုးရှင်းကာလ ထပ်မံတိုးမြှင့်မှုပြုလုပ်ခဲ့ပါကလည်း သုံးစွဲသူများကို အသိပေးကြေငြာသွားမှာဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ တယ်လီနောနံပါတ်တစ်ခုကို ၂၅ စက္ကန့်ကြာဖုန်းခေါ်ဆိုပြီး အသုံးပြုပြီပါပြီ။ ယခု MPT ဖုန်းနံပါတ်ကို ၃၅ စက္ကန့်ကြာ ထပ်မံခေါ်ဆိုရင်ကော ဒေတာအပိုဆုအတွက် ထည့်သွင်းရေတွက်မှာလား။

ရပါတယ်။ ယခုအစီအစဉ်မှာ အော်ပရေတာ ကန့်သတ်မှုလုံးဝမရှိသည့်အတွက် မည်သည့်နေရာတွင်ရှိတဲ့ မည်သည့်အော်ပရေတာဖုန်းကိုမဆို ခေါ်ဆိုပြီး အသုံးပြုသည့် မိနစ်တိုင်းကို ထည့်သွင်းရေတွက်သွားမှာဖြစ်ပါတယ်။

My Telenor