telenor_myanmar_shal_suboo
telenor_myanmar_shal_suboo
 
 
 
 
 
 
 
 
 
 
 

ရှယ်စုဘူး လွှဲပြောင်းမှု အစီအစဉ်

ရှယ်စုဘူးသုံးစွဲသူများအတွက် မိသားစုနှင့်သူငယ်ချင်းများကို ဒေတာလွှဲပြောင်းပေးနိုင်ရန် တယ်လီနော မှ ဒေတာလွှဲပြောင်း ၀န်ဆောင်မှုကို မိတ်ဆက်ပေးလိုက်ပါသည်။ ထို၀န်ဆောင်မှုသည် ဖုန်းငွေလွှဲပြောင်း ၀န်ဆောင်မှုကဲ့သို့ တယ်လီနောသုံးစွဲသူ အချင်းချင်း လွှဲပြောင်း ပေးနိုင်ပါသည်။

 
ရှယ်စုဘူးသုံးစွဲသူများအတွက် မိသားစုနှင့်သူငယ်ချင်းများကို MyTelenor App မှတဆင့် ဒေတာလွှဲပြောင်းပေးနိုင်ပါပြီ။
 

(သို့မဟုတ်)

 
*121*<ပမာဏ>*<မိုဘိုင်း နံပါတ်>#

USSD *979*4*6#

telenor_myanmar_datasuboo
အများဆုံး
၁၀၂၄မီဂါဘိုက်
telenor_myanmar_datasuboo
၅၀ကျပ်
လွှဲပြောင်းနှုန်း (ကုန်သွယ်ခွန်ပါပြီး)
telenor_myanmar_datasuboo
အများဆုံးကြိမ်ရေ
၅ကြိမ်သာ

စည်းမျဉ်း၊ စည်းကမ်းများ

  • Prepaid customer များသာ အသုံးပြုနိုင်သည်။
  • တစ်ကြိမ်လွှဲပြောင်းနှုန်း (ကုန်သွယ်ခွန်ပါပြီး) ၀န်ဆောင်ခမှာ ၅၀ကျပ် ကျသင့်ပါမည်။
  • တစ်ကြိမ်လျှင် အများဆုံး ၁၀၂၄မီဂါဘိုက်အထိပြောင်းလဲနိုင်မည်။
  • တစ်နေ့လျှင် သုံးစွဲသူများအတွက် ခွင့်ပြုထားသော အကြိမ်အရေအတွက် ၅ကြိမ် ထက် ပို၍ လွှဲပြောင်းခြင်း မပြုလုပ်နိုင်ပါ။
  • လွှဲပြောင်းပေးသူသည် ရှယ်စုဘူးလွှဲပြောင်းနိုင်ရန် လုံလောက်သော ဒေတာ လက်ကျန်ရှိရမည်။
  • လွှဲပြောင်းပေးသူသည် ၀န်ဆောင်ခပေးဆောင်ရန် လုံလောက်သော လက်ကျန်ငွေရှိရမည်။
  • လက်ခံရရှိသူသည် accountတွင် ရှယ်စုဘူး ရှိသော်လည်းကောင်း၊ မရှိသော်လည်းကောင်း ဒေတာကို လက်ခံနိုင်သည်။
  • လက်ခံရရှိသူသည် ရှယ်စုဘူးရှိပါက benefit ပေါင်းသွား၍ သက်တမ်းမှာ အများဆုံးရှိသောသက်တမ်းကိုရရှိမည်။ 
  • လက်ခံရရှိသူသည် ရှယ်စုဘူး မရှိပါက ပုံမှန် ရှယ်စုဘူးကဲ့သို့ carry လုပ်ခြင်းနှင့် သက်တမ်း ၇ ရက် ရှိလိမ့်မည်။
  • ရှယ်စုဘူး သက်တမ်းနှင့် မသက်ဆိုင်ဘဲ ဒေတာကို လွှဲပြောင်းနိုင်ပါသည်။ Active or carry forward state နှင့် သက်ဆိုင်မှု မရှိပါ။
  • Charging priority သည် Shal Suboo charging priority နှင့် တူညီပါသည်။
အမေးများသောမေးခွန်းများ
ရှယ်စုဘူးလွှဲပြောင်းခြင်းဆိုသည်မှာ ဘာကိုဆိုလိုတာလဲ?

ရှယ်စုဘူးလွှဲပြောင်းခြင်း အစီစဉ်သစ်ကို တယ်လီနောမြန်မာ မှ မိတ်ဆက်ပေးလိုက်ပါသည်။
တယ်လီနော သုံးစွဲသူအချင်းချင်း ရှယ်စုဘူး ဒေတာကို ချက်ချင်းလွှဲပြောင်း ပေးနိုင်ပါသည်။

ရှယ်စုဘူးလွှဲပြောင်းခြင်း ၀န်ဆောင်ခကို ဘယ်လို ကောက်ခံပါသလဲ?

လွှဲပြောင်းပေးသူထံမှ တစ်ကြိမ်လွှဲပြောင်းလျှင် လွှဲပြောင်းနှုန်း (ကုန်သွယ်ခွန်ပါပြီး) ၅၀ကျပ် ကောက်ခံသွားမည်ဖြစ်ပါသည်။ လွှဲပြောင်းပေးသူသည် ၀န်ဆောင်ခပေးဆောင်ရန် လုံလောက်သော လက်ကျန်ငွေရှိရမည်။

လွှဲပြောင်းနိုင်သော ဒေတာ ပမာဏ ကန့်သတ်ခြင်းမျိုး ရှိပါသလား?

လွှဲပြောင်းပေးသူသည် တစ်ကြိမ်လျှင် အများဆုံး ၁၀၂၄ မီဂါဘိုက် လွှဲပြောင်းနိုင်ပါမည်။

လက်ခံရရှိသူထံမှ ၀န်ဆောင်ခ ကောက်ခံပါသလား?

လက်ခံရရှိသူထံမှ ၀န်ဆောင်ခ ထပ်မံကောက်ခံခြင်း မရှိပါ။

အောင်မြင်စွာ လွှဲပြောင်းနိုင်ခြင်းကို ဘယ်လို သိရှိနိုင်မလဲ?

လွှဲပြောင်းပေးသူသည် အောင်မြင်စွာ လွှဲပြောင်းနိုင်ခဲ့ခြင်းကို အောက်ပါအတိုင်း စာ ရရှိပါမည်။

“xxx MB ကို <Mobile Number> သို့ လက်ဆောင်ပေးပြီးပါပြီ။ ၀န်ဆောင်ခမှာ ၅၀ကျပ် (အခွန်ပါပြီး) ဖြစ်ပါသည်။“

လက်ခံရရှိသော ဒေတာစုဘူး ပမာဏကို ဘယ်လို စစ်ဆေးနိုင်သလဲ?

*124*1# ကို ခေါ်ဆိုပါ သို့မဟုတ် Mytelenor App တွင် စစ်ဆေးနိုင်ပါသည်။

သူငယ်ချင်းသည် မိမိထံသို့ ၃၀၀ မီဂါဘိုက် လွှဲပြောင်းပေးခဲ့သည်။သူငယ်ချင်းဆီမှ မိမိထံသို့ ရှယ်စုဘူးလွှဲပြောင်းပေးခဲ့သော ပမာဏကို ဘယ်လို သိရှိနိုင်မလဲ?

အောက်ပါအတိုင်း စာ ရရှိပါလိမ့်မည်။

“ ရှယ်စုဘူး xxx MB ကို <Mobile Number> မှ လက်ဆောင်ရရှိပါသည်။ ရှယ်စုဘူးလက်ကျန်စစ်ရန် *124*1# ကိုဖုန်းခေါ်ပါ။ “

တိုက်ရိုက်ခေါ်ဆိုသော် code ဖြင့် ဘယ်လို လွှဲပြောင်းပေးနိုင်လဲ?

*၁၂၁*<ပမာဏ>*<မိုဘိုင်းနံပါတ်># ကို ခေါ်ဆိုပါ

 

979 USSD Menu ဖြင့် ဘယ်လို လွှဲပြောင်းပေးနိုင်လဲ ?

*၉၇၉*၄*၆# ကို ခေါ်ဆိုပါ
(Follow the customer journey)

 

သက်တမ်းကုန်ဆုံးနေသော ရှယ်စုဘူး လက်ကျန်ကို လွှဲပြောင်းပေး၍ ရနိုင်ပါသလား?

သက်တမ်းကုန်ဆုံးနေသော ရှယ်စုဘူး လက်ကျန်ကို လွှဲပြောင်းပေးနိုင်ပါသည်။ သို့သော် သင့်ထံတွင် လုံလောက်သော ဒေတာ ပမာဏရှိမှသာ လွှဲပြောင်းပေးနိုင်မည်။

မိမိသည် ရှယ်စုဘူးလက်ကျန် ရှိပါသည် သို့သော် လက်ကျန်ငွေမှာ ၅၀ကျပ်အောက် လျော့နည်းနေပါသည်။ ဒေတာ လွှဲပြောင်းပေးနိုင်ပါသလား?

ရှယ်စုဘူးလွှဲပြောင်း၍ မရပါ။ သင့်မှာ အနည်းဆုံးလက်ကျန်ငွေ ၅၀ကျပ် ရှိရမည်။

 

သူငယ်ချင်းမှာ ရှယ်စုဘူး လက်ကျန် မရှိပါ။ မိမိသည်ထို သူငယ်ချင်းဆီသို့ ဒေတာလွှဲပြောင်းပေးနိုင်ပါသလား?

ရှယ်စုဘူးလွှဲပြောင်းပေးနိုင်ပါသည်။
သူငယ်ချင်းသည် ဒေတာလွှဲပြောင်းမှုကို သက်တမ်း ၇ရက်ဖြင့် လက်ခံရရှိလိမ့်မည်။

 

လက်ခံရရှိသူသည် ရှယ်စုဘူးရှိလျှင် လွှဲပြောင်းပေးသော ဒေတာသက်တမ်းမှာ မည်သို့ဖြစ်မည်နည်း?

ဒေတာ benefit ပေါင်းသွား၍ သက်တမ်းမှာ အများဆုံးရှိသောသက်တမ်းကိုရရှိမည်။ (၇ရက် မှ ၃၀ရက် အထိ)
Example: Your existing DS balance 100 MB with 10 days validity left
                 Received DS present 300 MB (7 days validity)
                 Total balance: 400 MB with – Validity 10 days

 

သင့်တွင် သက်တမ်းကုန်ဆုံး ရှယ်စုဘူးရှိ၍ လွှဲပြောင်းပေးသော ဒေတာရလျှင် ဒေတာ သက်တမ်း မည်သို့ ရှိမည်နည်း?

ဒေတာ နှစ်ခုပေါင်း၍ သက်တမ်း ၇ရက် အသုံးပြုနိုင်ပါမည်။

 

My Account
Live Chat
Share Share