telenor_myanmar_voicepack
telenor_myanmar_voicepack

*979*2*1*5# သို့​ခေါ်ဆိုပြီး အချိုသာဆုံး ဖုန်းခေါ်ဆိုမှု အစီအစဉ်​များကို ​ရွေးချယ်​ ဝယ်​ယူနိုင်​ပါပြီ။ တယ်​လီ​နောအသုံးပြုသူများ မိသားစု မိတ်​​ဆွေ သူငယ်ချင်း ချစ်​ခင်​ရသူများ နှင့် ပိုမိုဆက်​သွယ်​နိုင်​ရန်​ တယ်​လီ​နောမှ မြန်မာနိုင်​ငံမှာ အသက်​သာဆုံး​သော ဖုန်းခေါ်ဆိုမှု အစီအစဉ်​သစ်​များကို မိတ်​ဆက်​​ပေး လိုက်​ပါပြီ။ အသုံးပြုသူများသည် USSD ဖြင့် သော်လည်းကောင်း၊ Eload ဖြင့်သော်လည်းကောင်း ဝယ်ယူနိုင်ပါပြီ။

အမေးများသောမေးခွန်းများ
စက္ကူဘောက်ချာများဖြင့်ရော ၀ယ်ယူနိုင်မှာလား?

မရရှိနိုင်ပါ။ အထက်ဖော်ပြပါ ဇယားမှ USSD ကုတ် သို့မဟုတ် E-Load မှတဆင့်သာရရှိနိုင်ပါမည်။

၁၂၀၀ကျပ် ၁၅၀ မိနစ်အစီအစဉ်မှ ၃ ရက်သာ သုံးပြီးဖြစ်ပါသည်။ အစီအစဉ်ကို ထပ်မံရယူလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ?

၁၂၀၀ကျပ် ၁၅၀ မိနစ် အစီအစဉ်မှာ သက်တမ်းကာလ ၃၀ ရက်ဖြစ်ပြီး အစီအစဉ်ကို ထပ်မံရယူပါက ရယူသည့်နေ့မှ နောက်ထပ်သက်တမ်းကာလ ၃၀ ရက်ထပ်မံရရှိမည်ဖြစ်ပါသည်။ သက်တမ်းကာလအတွင်း အစီအစဉ်ကိုထပ်မံရယူခဲ့ပါက လက်ကျန်ရှိနေသေးသော မိနစ်များကို ဆုံးရှုံးမှာမဟုတ်ပါ။

မိနစ် ၂၀ ကျန်ပါသေးတယ်။ နောက်ထပ်အစီအစဉ် ထပ်ဝယ်ရင် ဘယ်လိုဖြစ်သွားမှာလဲ?

သက်တမ်းကာလအတွင်း ထပ်မံဝယ်ယူသော မိနစ်များမှာပေါင်းစည်းသွားမှာဖြစ်ပါသည်။

ယခုအစီအစဉ်တွေမှာ ပုံမှန်အလိုအလျောက် ၀ယ်ယူသည့်စနစ် ပါရှိပါသလား?

ယခုအစီအစဉ်များတွင် ပုံမှန်အလိုအလျောက် ဝယ်ယူသည့်စနစ်မပါ၀င်ပါ။

ဘီလ်ဖြတ်တောက်ကြိမ်မှာ ဘယ်လောက်မိနစ် တစ်ကြိမ် ဖြတ်တောက်ပါသလဲ?

အစီအစဉ်တိုင်းတွက် ဘီလ်ဖြတ်တောက်ကြိမ်မှာ ၁ မိနစ် တစ်ကြိမ်ဖြစ်ပါသည်။

My Telenor