telenor_myanmar_powerload
telenor_myanmar_powerload

Prepaid ဆင်းကဒ် အသုံးပြုသူများ အားလုံးအတွက် အထူးပြုလုပ်ထားတဲ့ ပရိုမိုးရှင်းဖြစ်လို့ ဒီနေ့ပဲ Power Load မှ အစီအစဉ်များဝယ်ယူပြီး အပိုလက်ဆောင်များကို ကံစမ်းရယူလိုက်ပါ။

ဒေတာတွေကိုဆက်လက်သယ်ဆောင်သွားနိုင်တဲ့ ဒေတာစုဗူ အစီအစဉ်တွေ၊ မှော်ဆုတွေပါရနိုင်မယ့် မှော် စူပါထော အစီအစဉ်များပါ၀င်သော Power Load (*555#) အစီအစဉ်သစ်များဖြစ်ပါသည်။

စိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်သစ်တွေကတော့

  1. 999Ks-920MB-30Days
  2. 1000Ks-6 x1000Ks-15Days
  3. 2499Ks-2.5GB-30Days
  4. 2000Ks-6 x2000Ks-30Days
  5. 549Ks-110Min-7Days
  6. 3999Ks-4GB-30Days

*555# ကို ဖုန်းခေါ်ဆိုပါ။

အမေးများသောမေးခွန်းများ
Power Load အစီအစဉ်သစ်မှာ ဘာတွေထူးခြားသွားပါသလဲ ?

ယခင် E-Load ငွေဖြည့်အပိုဆုအစီအစဉ်များကို သုံးစွဲသူကိုယ်တိုင် ဝယ်ယူနိုင် သော “မှော်စူပါထော” အစီအစဉ် ၂ခု (အမှတ်စဉ် ၂ နှင့် ၄) တို့ဖြင့် ပြောင်းလဲတည့်သွင်းထားပါသည်။

*555# ကိုခေါ်ဆိုပါက သုံးစွဲသူအနေဖြင့် မည်သို့မြင်တွေ့နိုင်ပါသနည်း?

*555# ကိုခေါ်ဆိုပြီးနောက်တွင် သုံးစွဲသူအနေဖြင့်  USSD menu မှတဆင့်အောက်ဖော်ပြပါ အစီအစဉ်များကို မြင်တွေ့ရပါမည်။

1.999Ks-920MB-30D
2.1000Ks-6 x1000Ks-15D
3.2499Ks-2.5GB-30D
4.2000Ks-6 x2000Ks-30D
5.549Ks-110Min-7D
6.3999Ks-4GB-30D

 

E-Load ငွေဖြည့်အပိုဆုအစီအစဉ် ကဘာဖြစ် သွားတာလဲ?

ဆက်သွယ်ရေးဆိုင်ရာ ပရိုမိုးရှင်းအစီအစဉ်များကို သုံးစွဲသူမျးာအတွက် ပိုမိုရိုးရှင်းစေရန် ရည်ရွယ်၍ တယ်လီနောမှ ဆက်သွယ်ရေးကဏ္ဍ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ငွေဖြည့်အပိုဆုအစီအစဉ်များအားလုံး ရပ်တန့်ဖို့ ရည်ရွယ်ထားပါသည်။ တယ်လီနောမြန်မာမှ ငွေဖြည့်အပိုဆုအစီအစဉ်များကို ၁၄ရက်နေ့၊ ဖေဖော်ဝါရီ၊ ၂၀၁၉ ၏ ၂၃:၅၉ နာရီမှ စတင်ပြီး အသစ်ထပ်မံရယူနိုင်တော့မှာမဟုတ်ပါ။

Menu အသစ်မှာ ပါဝင်မဲ့ “မှော်စူပါထော” အစီအစဉ် ကဘာလဲ ?

1. 1000Ks-6 x1000Ks-15D (အမှတ်စဉ် ၂)
သုံးစွဲသူအနေဖြင့် မှော်စူပါထော ၁၀ဝ၀ ကိုဝယ်ယူလိုက်ပါက ၆ဆ အနေဖြင့်စူပါထောပမာဏ ၆၀ဝ၀ကျပ် ရရှိနိုင်မည့် အပြင်အပိုဆု အနေနဲ့ အများဆုံး ၅GB ထိ မှော်ဆုများ ကံစမ်းခွင့် ရရှိုနိုင်ပါသည်။ မှော်ဒေတာဆုများကို ၇ ရက်အတွင်းအသုံးပြုနိုင်ပါသည်။ 

2. 6 x 2000Ks + upto 5GB (In Menu 4)
သုံးစွဲသူအနေဖြင့် မှော်စူပါထော ၂၀ဝ၀ ကိုဝယ်ယူလိုက်ပါက ၆ဆ အနေဖြင့် စူပါထောပမာဏ ၁၂၀ဝ၀ကျပ် ရရှိနိုင်မည့် အပြင်အပိုဆု အနေနဲ့ အများဆုံး ၅GB ထိ မှော်ဆုများ ကံစမ်းခွင့် ရရှိုနိုင်ပါသည်။ မှော်ဒေတာဆုများကို ၇ ရက်အတွင်းအသုံးပြုနိုင်ပါသည်။ 

အစီအစဉ် အပြောင်းအလဲရှိပါသလား ?

အခါအားလျော်စွာ အစီအစဉ် အသစ်များ ပြောင်းလဲဖော်ပြသွားမည်ပါသည်။ 

 

Post-paid အသုံးပြုသည့် customers များ Power Load ကို အသုံးပြုနိုင်ပါသလား?

ယခု Power-Load အစီအစဉ်မှာ Prepaid စနစ်အသုံးပြုလျက်ရှိသည့် Customer များအတွက်သာ ဖြစ်ပြီး Postpaid စနစ်အသုံးပြုသော customer များအတွက် ရရှိနိုင်မည် မဟုတ်ပါ။

*555# ကိုခေါ်ဆိုပါက ရောင်းချသူ (POS) အနေဖြင့် မည်သို့မြင်တွေ့နိုင်ပါသနည်း ?

ရောင်းချသူ (POS) အနေဖြင့် *555# ကိုခေါ်ဆိုပြီး သုံးစွဲသူ ၏ဖုန်းနံပါတ်ကိုထည့်သွင်းပြီးနောက်တွင် အောက်ဖော်ပြပါအစီအစဉ်များကို မြင်တွေ့နိုင်ပါမည်။ ဥပမာ -

1. 999Ks-920MB-30D (x% Comm)
2. 1000Ks-6 x1000Ks-15D (x% Comm)
3. 2499Ks-2.5GB-30D (x% Comm)
4. 2000Ks-6 x2000Ks-30D (x% Comm)
5. 549Ks-110Mins-7D (x% Comm)
6. 3999Ks-4GB-30D (x% Comm)
9.   ပုံမှန်ငွေဖြည့်

(မှတ်ချက်: အထက်ဖော်ပြပါ ရွေးချယ် ၆ ခုမှာ USSD menu ပေါ်တွင်အစဉ်လိုက်ရှိနေမည် ဖြစ်သော်လည်း  စာမျက်နှာများရွှေ့ပြောင်းကြည့်ရှုရန်လိုအပ်ပါမည်။ ယင်းကဲ့သို့ စာမျက်နှာများ ကွဲပြားမှုရှိနေရခြင်းမှာ USSD menu ပေါ်မှ စာလုံးရေအကန့်အသတ်နှင့် အသုံးပြုသည့် မိုဘိုင်း device အပေါ်မူတည်သောကြောင်းဖြစ်ပါသည်။ စာမျက်နှာများ ရွှေ့ပြောင်းဖို့ရန်လိုအပ်ပါက “# Next” ရွေးချယ်မှုကိုပြုလုပ်နိုင်မည့် ရွေးချယ်မှုတစ်ခုလည်း ပြုလုပ်နိုင်ပါမည်။)

အဓိက POS menu နှင့် Customer menu ကွာခြားမှုမှာ POS menu တွင် ကော်မရှင်ကိုပါ တစ်ပါတည်းမြင်တွေ့ရမည်ဖြစ်ပြီး အခြားရွေးချယ်မှု (နံပါတ် ၉) တစ်ခုကို ပါမြင်တွေ့ရပါမည်။ ရွေးချယ်မှု နံပါတ် ၉ မှာ အပိုဆုအစီအစဉ်မဟုတ်သည့် အခြားပုံမှန်ငွေဖြည့်မှုပြုလုပ်ရန်အတွက် ဖြစ်ပြီး ယင်းရွေးချယ်မှုအတွက် လက်ရှိအချိန်တွင် POS ကော်မရှင် သီးသန့် မရှိပါ။

သတိပြုရန်။      ။အထက်ဖော်ပြပါ ဥပမာတွင်ပါဝင်သောအစီအစဉ်များမှာ customer ၏သုံးစွဲမှုနှင့် ဖုန်းငွေဖြည့်သွင်းမှု အလေ့အထ ပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါသည်။ သို့သော် အစီအစဉ်များ၏ အမှတ်စဉ်နေရာများမှာမူ ယခုလက်ရှိအတိုင်း (အစီအစဉ်ပြင်ဆင်မှုအတွက် ထပ်မံအသိပေး မကြေငြာမီအထိ) မြင်တွေ့ရမည် ဖြစ်ပါသည်။ အမှတ်စဉ်နေရာ ၁၊ ၃ နှင့် ၅ တို့မှာ ဒေတာ/ဖုန်းခေါ်ဆိုမှု အစီအစဉ်များဖော်ပြထားမည်ဖြစ်ပြီး အမှတ်စဉ် ၂ နှင့် ၄ တို့တွင် မှော်စူပါထော အစီအစဉ် များကို မြင်တွေ့နိုင်ပါမည်။ အမှတ်စဉ် နံပါတ် ၉ မှာ အပိုဆုအစီအစဉ်မဟုတ်သည့် အခြားပုံမှန် E-Load ငွေဖြည့်မှုပြုလုပ်ရန်အတွက် ဖြစ်ပါသည်။

POS အနေဖြင့် Power Load မှတဆင့် ရောင်ချပေးသော အစီအစဉ်တွေအတွက် ဘယ်လို အကျိုးအမြတ်တွေ ရရှိနိုင်ပါသနည်း ?

သက်ဆိုင်ရာကော်မရှင်ပမာဏများကို အစီအစဉ်များနှင့် တကွ မြင်နိုင်ပါသည်။ ဥပမာ- 999Ks-920MB-30D (5% Comm) ကိုရောင်းချပါက ရောင်းချမှုဈေးနှုန်း ၏ ၅% ရရှိနိုင်ပါသည်။ ရွေးချယ်မှုအမှတ်စဉ် ၉ မှာမူ Power Load ရပိုင်ခွင့်များမဟုတ်သည့် အခြား E-Load ငွေဖြည့်ပမာဏများအတွက် အသုံးပြုနိုင်မှာဖြစ်ပါသည်။ ယင်းအမှတ်စဉ်နံပါတ် ၉ အတွက်မူ သီးသန့်ကော်မရှင် ခံစားခွင့်ရှိမည်မဟုတ်ပါ။ (မှတ်ချက်။ အထက်ပါ ကော်မရှင်သတ်မှတ်ချက်များမှာ သက်ဆိုင်ရာလုပ်ငန်းဌာနများမှ ပြင်ဆင်သတ်မှတ်မူအတွက် ထပ်မံမကြေငြာမီအထိ ဖြစ်ပါသည်)

My Telenor
Share Share