တယ်လီနောအသုံးပြုသူများ ပိုမိုအဆင်ပြေစေရန် လက်ရှိဒေတာစုဘူး အစီအစဉ်များကို ပိုပြီး ကောင်းမွန်အောင် ဖန်တီးထားတဲ့ အစီအစဉ်ကို မိတ်ဆက် ပေးလိုက်ပါပြီ။

လက်ကျန်ဒေတာများကို ပေါင်းထည့်ဖို့ အစီအစဉ်အသစ်တစ်ခုကို အရင်လို (၇)ရက်အတွင်း ထပ်ဝယ်ယူဖို့မလိုဘဲ အသုံးပြုသူများမှ မိမိ နှစ်သက်ရာ အချိန်တွင်း ဒေတာစုဘူးအစီအစဉ်တစ်ခုကို ထပ်မံ ဝယ်ယူလိုက်ရုံနဲ့ ရှေ့အစီအစဉ်မှ လက်ကျန်ဒေတာများကို ပေါင်းထည့်သွားနိုင်မှာ ဖြစ်ပါတယ်။
 

ဒီပိုကောင်းတဲ့ ဒေတာစုဘူး အစီအစဉ်အသစ်မှာ ဘာတွေ ပိုရမှာလဲ!

မိတ်ဆွေရဲ့ မသုံးဖြစ်တဲ့ ဒေတာတွေကို ဘယ်လိုလုပ်ထားပေးမလဲ ဆိုတော့

တယ်လီနောအသုံးပြုသူ မိတ်ဆွေဟာ ဒေတာစုဘူးအစီအစဉ် 4GB အားဝယ်ယူပြီး 1GB ကိုသာ အသုံးပြုခဲ့တယ် ထားပါစို့။ ယခု ပိုကောင်းတဲ့ ဒေတာစုဘူးအစီအစဉ်သစ်မှာ 

  •    နောက်ထပ် ဒေတာစုဘူး အစီအစဉ်အသစ်ကို ဘယ်အချိန်မှာပဲဝယ်ဝယ် လက်ကျန်ဒေတာ 1GB ကို မိတ်ဆွေထပ်ဝယ်တဲ့ ဒေတာစုဘူးအစီအစဉ်သစ်မှာ ပေါင်းထည့်ပေးသွားမှာဖြစ်ပါတယ်။
  •    လက်ကျန်ဒေတာ 1GB အတွက် ကုန်ဆုံးသက်တမ်းမရှိတော့ဘူး။  
 telenor_myanmar_datasuboo

လူကြီးမင်းရဲ့ ဒေတာ လက်ကျန်ပမာဏကို စစ်ဆေးရန်

*9124# ကို ဖုန်းခေါ်ဆိုပါ။

နှစ်သက်ရာ ဒေတာအစီအစဉ်များကို ဝယ်ယူနိုင်ဖို့ နှုန်းထားများနဲ့ ရရှိနိုင်မယ့် ဒေတာပမာဏများကို ဖော်ပြပေးလိုက်ပါတယ်။ ပတ်ကေ့ချ်ကို ဒီကနေ တခါတည်းဝယ်ဖို့ 'ရယူရန်' ကို နှိပ်နိုင်သလို MyTelenor App ကနေလည်း ၀ယ်ယူနိုင်ပါတယ်။ 

စျေးနှုန်း ဒေတာပမာဏ သက်တမ်း

ရယူရန်

၈၉၉  ကျပ်

ဒေတာစုဘူးအစီအစဉ် သစ်565 MB

ရက် ၃၀

*979*2*2*1#  ကို ဖုန်းခေါ်ဆိုပါ။

ရယူရန်

၇၉၉ ကျပ်

ဒေတာစုဘူးအစီအစဉ် သစ် 700 MB

*979*2*2*2#  ကို ဖုန်းခေါ်ဆိုပါ။

 ရယူရန်

၉၉၉ ကျပ်

ဒေတာစုဘူးအစီအစဉ်သစ်  1 GB

*979*2*2*3#  ကို ဖုန်းခေါ်ဆိုပါ။

  ရယူရန်

၁,၄၉၉  ကျပ်

ဒေတာစုဘူးအစီအစဉ်သစ် 1.5 GB

*979*2*2*4#  ကို ဖုန်းခေါ်ဆိုပါ။

 ရယူရန်

၂,၄၉၉ ကျပ်

ဒေတာစုဘူးအစီအစဉ်သစ် 2.5 GB

*979*2*2*5#  ကို ဖုန်းခေါ်ဆိုပါ။

 ရယူရန်

၃,၉၉၉ ကျပ်

ဒေတာစုဘူးအစီအစဉ်သစ်4 GB

*979*2*2*6#  ကို ဖုန်းခေါ်ဆိုပါ။

 ရယူရန်

၅,၉၉၉ ကျပ်

ဒေတာစုဘူးအစီအစဉ်သစ် 6 GB

*979*2*2*7#  ကို ဖုန်းခေါ်ဆိုပါ။

ရယူရန်

၁၄,၉၉၉ ကျပ်

ဒေတာစုဘူးအစီအစဉ်သစ် 15.5 GB

*979*2*2*8# ကို ဖုန်းခေါ်ဆိုပါ။

ရယူရန်

စည်းမျည်းစည်းကမ်းများ

- တယ်လီနောရဲ့ Prepaid အသုံးပြုသူများအတွက်သာ အကျုံးဝင်ပါသည်။
- အကျိုးခံစားခွင့်မှာ အသုံးပြုသူသည် မိမိဆင်းကတ်ကို အသုံးပြုနေစဉ်အတောအတွင်း ဒေတာစုဘူး ထပ်မံဝယ်ယူလျှင် ရရှိမည်ဖြစ်ပြီး ထိုလက်ကျန်ပမာဏများမှာ ထပ်မံဝယ်ယူသော Packageနှင့်အတူ ပေါင်း၍ သုံးစွဲနိုင်မည် ဖြစ်ပါသည်။
- ၀ယ်ယူထားသော Package ၏ သက်တမ်းကုန်ဆုံးသွားသည်နှင့် လက်ကျန်အကျိုးခံစားခွင့်များကို နောက်တစ်ကြိမ် Package အသစ် (၇)ရက်အတွင်း ထပ်မံဝယ်ယူပြီးမှသာ ထပ်ပေါင်းအသုံးပြုခွင့် ရရှိပါမည်။
- အကယ်၍ အကျိုးခံစားခွင့်အားလုံးကို သတ်မှတ်ရက်မတိုင်မီ သုံးစွဲပြီးကုန်သွားပါက အသစ်ဝယ်သော Package တွင် အကျိုးခံစားခွင့်မှာ ထပ်ပေါင်းပါ၀င်တော့မည် မဟုတ်ပါ။
- သက်တမ်းတိုးမြှင့်ရရှိချိန်အတွင်း Package အသစ်ထပ်မံဝယ်ယူပါက Package အားလုံး၏ သက်တမ်းတိုးမြှင့်ခွင့် ကုန်ဆုံးရက်မှာ နောက်ဆုံးဝယ်ယူထားသော Package ၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။

အမေးများသောမေးခွန်းများ
ဒေတာစုဘူးဆိုတာဘာလဲ။

ဒေတာစုဘူးမှာ အထူးဒေတာအစီအစဉ်ဖြစ်ပြီး မည်သည့်အင်တာနက်မဆိုအသုံးမပြုနိုင်တဲ့ ဒေတာအစီအစဉ်လည်းဖြစ်ပါတယ်။ သက်တမ်းကာလ ရက် (၃၀) ဖြစ်ပါတယ်။ သက်တမ်းကာလ ရက် (၃၀) ကျော်လွန်သွားတဲ့အခါ လက်ကျန်ဒေတာပမာဏများကို ကုန်ဆုံးသွားသည့်ရက်မှစ၍ နောက်ဒေတာစုဘူး အစီအစဉ်အသစ်ထပ်မံဝယ်ယူပါက လက်ကျန်အကျိုးခံစားခွင့်များကို အသစ်ရရှိသောအကျိုးခံစားခွင့်နှင့်အတူ ပြန်လည်ပေါင်းစည်းသွားမည်ဖြစ်ပါသည်။ ဒေတာစုဘူးအစီအစဉ်ကိုနောက်ဆုံးထပ်မံရယူထားသည့်နေ့မှ ရက် (၃၀)အထိ ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သည်။

ဒေတာစုဘူးအတွက် စိတ်ဝင်စားကျေနပ်ဖွယ်စျေးနှုန်းများနဲ့ ပရိုမိုးရှင်းအစီအစဉ်သစ်က ဘယ်လိုမျိုးလဲ။

စတင်မိတ်ဆက်သည့်ရက် - ( 9th January 2019 )

ဒေတာစုဘူးအတွက် စိတ်ဝင်စားကျေနပ်ဖွယ်စျေးနှုန်းများနဲ့ ဒေတာအစီအစဉ်သစ် ၅ ခု ထပ်မံမိတ်ဆက်ပေးလိုက်တာဖြစ်ပြီး ယခုကာလတိုပရိုမိုးရှင်းမှာ ရက် ၉၀ အတွင်းသာ ရရှိနိုင်မှာဖြစ်ပါတယ်။

Product Name Data Volume Price ( Ks )
New Data SuBoo 565 MB 565 MB 899 Ks
New Data SuBoo 700 MB 700 MB 799 Ks
New Data SuBoo 1 GB 1 GB 999 Ks
New Data SuBoo 1.5 GB 1.5 GB 1499 Ks
New Data SuBoo 2.5 GB 2.5 GB 2499 Ks
New Data SuBoo 4 GB 4 GB 3999 Ks
New Data SuBoo 6 GB 6 GB 5999 Ks
New Data SuBoo 15.5 GB 15.5 GB 14999 Ks
ဒေတာစုဘူးအစီအစဉ်တွေကို ယခုအခါ ဘယ်လိုရယူရမှာလဲ။
Price Product USSD SMS MyTelenor/ Wow Box Telenor Website
899 Ks New Data SuBoo 565 MB

*979*2*2*1#

“DSB565”

Yes Yes
799 Ks

New Data SuBoo 700 MB

*979*2*2*2#

“DSB500”

Yes Yes
999 Ks

New Data SuBoo  1 GB

*979*2*2*3#

N.A

Yes Yes
1,499Ks

New Data Suboo 1.5 GB

*979*2*2*4#

N.A

Yes Yes
2,499 Ks

New Data Suboo 2.5 GB

*979*2*2*5#

N.A

Yes Yes
3,999 Ks

New Data Suboo 4 GB

*979*2*2*6#

“DSB4GB”

Yes Yes
5,999 Ks New Data Suboo 6 GB *979*2*2*7#

N.A

Yes Yes
14,999 Ks New Data Suboo 15.5 GB

*979*2*2*8#

N.A

Yes Yes
သုံးစွဲသူမှ ယခင်ဒေတာစုဘူးအစီအစဉ်ဟောင်းမှ လက်ကျန်ဒေတာများရှိနေပြီး ယခု ပရိုမိုးရှင်းရရှိသည့် ဒေတာစုဘူးအစီအစဉ်သစ်ကို ရယူလိုက်ပါက ဘယ်လိုဖြစ်သွားမလဲ။

သုံးစွဲသူမှ ဒေတာစုဘူး ပရိုးမိုးရှင်းအစီအစဉ်သစ်တစ်ခုခုကိုဝယ်ယူလိုက်သည့်အခါတွင် မူလလက်ကျန်ရှိနေသော ဒေတာစုဘူးအစီအစဉ်ဟောင်းမှ ဒေတာလက်ကျန်များမှာ ပေါင်းစည်းသွားမည်ဖြစ်ပြီး သက်တမ်းကာလမှာ နောက်ဆုံး ရယူထားသည့် ဒေတာစုဘူးအစီအစဉ်သက်တမ်းကာလအတိုင်းရရှိအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ပရိုမိုးရှင်းကာလအတွင်း အကြိမ်ကြိမ်ဝယ်ယူရရှိနိုင်ပါသလား။

ရရှိနိုင်ပါတယ်။ ဒေတာစုဘူးအစီအစဉ်သစ်ကို ပရိုမိုးရှင်းကာလအတွင်း အကြိမ်ကြိမ်ရယူနိုင်မှာဖြစ်ပါတယ်။

ယခုဒေတာစုဘူးအစီအစဉ်သစ်တွေကရော လက်ကျန်ဒေတာများကို ရာသက်ပန် သိမ်းဆည်း/သယ်ဆောင် သွားခွင့်ရှိမှာလား။

ရနိုင်ပါတယ်။ အစီအစဉ်သစ်တွေမှာလည်း ယခင်ဒေတာစုဘူးအစီအစဉ်အတိုင်း လက်ကျန်ဒေတာများကို ရာသက်ပန် သိမ်းဆည်း/သယ်ဆောင် သွားခွင့်ရှိမှာဖြစ်ပါတယ်။

ဒေတာစုဘူးအစီအစဉ်မှ လက်ကျန်ဒေတာပမာဏနှင့် သိမ်းဆည်းသယ်ဆောင်ထားသော လက်ကျန်ဒေတာပမာဏ တို့ကို ဘယ်လိုစစ်ဆေးသိရှိနိုင်မှာလဲ?

*9124#ကိုခေါ်ဆိုပြီး ဒေတာစုဘူးနှင့်ပတ်သတ်သော လက်ကျန်ဒေတာနဲ့ လက်ရှိသိမ်းဆည်းသယ်ဆောင်ထားသော လက်ကျန်ဒေတာပမာဏများကို စစ်ဆေးသိရှိနိုင်ပါတယ်။

သက်တမ်းကုန်ဆုံးရက် နှင့် သုံးစွဲခွင့်သက်တမ်းမည်သို့ကွာခြားပါသနည်း။

ဒါက​တော့ ​ဒေတာစုဘူးအစီအစဉ်​​တွေရဲ့ ထူးခြားချက်​ပဲဖြစ်​ပါတယ်​။ အစီအစဉ်​ တစ်​ခုကို ဝယ်​ယုလိုက်​ပြီဆိုတာနဲ့ ဝယ်​ယူလိုက်​တဲ့​နေ့မှ ​နောက်​ထပ်​ရက်​၃၀သက်​တမ်​း ရရှိမှာဖြစ်​ပါတယ်​။ ရက်​၃၀​ကျော်​လွန်​သွားလျှင်​ အစီအစဉ်​ရဲ့သက်​တမ်​းကုန်​ဆုံးမှာဖြစ်​​သော်​လည်​း လက်​ကျန်​​ဒေတာများရှိ​နေမယ်​ဆိုပါက အဲ့ဒီလက်​ကျန်​​ဒေတာများမှာ အသုံးပြုသူ၏ ဆင်​းကတ်​သက်​တမ်​းရှိသ​ရွေ့ ကျန်​ရှိ​နေမှာဖြစ်​ပါတယ်​။ နှစ်​သက်​ရာအချိန်​မှာ ​နောက်​ထပ်​ ​ ဒေတာစုဘူးအစီအစဉ်​ကို ဝယ်​ယူလိုက်​တာနဲ့ လက်​ကျန်​​ဒေတာများကို ပြန်​လည်​အသုံးပြုသွားနိုင်​မှာဖြစ်​ပါတယ်​။

အကယ်၍ ဒေတာစုဘူးကို အခြားဒေတာ packများ နှင့်တွဲဝယ်ထားပါက မည်သည့်ဒေတာpackမှ အရင်ဖြတ်ပါမလဲ။

အကယ်၍ ဒေတာစုဘူးကို အခြားဒေတာ packများ (ဥပမာ Facebook Data Pack, etc..)
နှင့်တွဲဝယ်ထားပါက

၁) Daily Data Pack မှ အရင် ဖြတ်ပါမည်

၂) ထို့နောက် Weekly Data Pack မှ ဖြတ်ပါမည်

၃) ထို့နောက် Monthly Data Pack မှ ဖြတ်ပြီးနောက် လက်ကျန်ဒေတာစုဘူးရှိနေပါကဒေတာစုဘူးမှ ဖြတ်ပါမည်

ထိုဒေတာ packများကုန်သွားမှသာ ဒေတာစုဘူး မှဖြတ်ပါမည်။

အခြား သုံးစွဲမှုများကို ဘယ်လိုကောက်ခံပါမလဲ။

အခြားသုံးစွဲမှုများကို လက်ရှိတွင် သုံးစွဲနေသော price plan အတိုင်းကောက်ခံပါမည် အသေးစိတ်အချက်အလက်များကို www.telenor.com.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။။

အခြား Service များကိုမည်သို့ကောက်ခံမည်နည်း။

အခြား (Balance transfer, Kyo Thone, MY Tune etc) ကိုကောက်ခံမှုမှာ ပြောင်းလဲမှုမရှိပါ။

စုဘူးမှာ ​ပြောင်းလဲသွားတဲ့ အပြောင်းအလဲက ဘာများလဲ။

ဒေတာတွေပေါင်းထည့်နိုင်မယ့်အချိန်ကို ၇ ရက်မှ ဆင်းကတ်သက်တမ်းရှိသရွေ့သို့ပြောင်းလဲလိုက်ခြင်းဖြစ်ပါတယ်။

ဘီလ်ဖြတ်တောက်ကြိမ်မှာ ဘယ်လောက်မိနစ် တစ်ကြိမ် ဖြတ်တောက်ပါသလဲ။

အင်တာနက်အသုံးပြုများအတွက် 1MB လျှင် တစ်ကြိမ်ကောက်ခံမည်ဖြစ်ပါသည်။

ဒေတာစုဘူးကို တစ်ကြိမ်ထက်ပို၍ ဝယ်ယူလို့ရပါသလား။

တစ်ကြိမ်ထက်ပို၍ ဝယ်ယူလို့ရပါတယ်။သက်တမ်းမှာ နောက်ဆုံးဝယ်ယူသည့်ရက်မှရက်၃၀အတွင်းဖြစ်ပါတယ်။

အကျိုးခံစားခွင့်များကို သက်တမ်းမကုန်ခင်တွင် အကုန်သုံးစွဲလိုက်ပါက ဘယ်လိုဖြစ်သွားပါမလဲ။

သက်တမ်းမကုန်ခင်တွင် အကုန်သုံးစွဲလိုက်ပါက နောက်တစ်ကြိမ်သုံးစွဲချိန်အထိ roll over လုပ်ရန်မကျန်တော့ပါ။

စုဘူးအင်တာနက် အစီအစဉ်လက်ကျန်ကို မည်သို့စစ်ဆေးရမည်နည်း။

*9124# သို့ခေါ်ဆို၍ စစ်ဆေးနိုင်ပါသည်။ MyTelenor app တွင်လည်း Pocket -> Balance မှာ စစ်ဆေးနိုင်ပါသည်။

Prepaid နှင့် postpaid customers အားလုံးအတွက် အကြုံးဝင်ပါသလား။

မပါ၀င်ပါ… Prepaid customers များအတွက်သာ

ဒေတာစုဘူး အတွင်း သတ်မှတ်ထားသော စျေးနှုန်းများတွင် အခွန် ပါ၀င်ပြီးဖြစ်ပါသလား။

သက်ဆိုင်ရာ အခွန်နှုန်းထား ပါ၀င်ပြီးဖြစ်ပါတယ်။

My Telenor