telenor_myanmar_newdatasuboo

တယ်လီနောအသုံးပြုသူများ ပိုမိုအဆင်ပြေစေရန် ဒေတာ စုဘူး အစီအစဉ်များကို ပိုမို ကောင်းမွန်အောင် ဖန်တီးထားတဲ့ အစီအစဉ်ကို မိတ်ဆက် ပေးလိုက်ပါပြီ။

လက်ကျန်ဒေတာများကို ပေါင်းထည့်ဖို့ ရန် ဒေတာ စုဘူး အစီအစဉ်သစ်ကို ထပ်မံ ဝယ်ယူလိုက်ရုံနဲ့ ရှေ့အစီအစဉ်မှ လက်ကျန်ဒေတာများကို ပေါင်းထည့်သွားနိုင်မှာ ဖြစ်ပါတယ်။

ဒီပိုကောင်းတဲ့ ဒေတာစုဘူး အစီအစဉ်အသစ်မှာ ဘာတွေ ပိုရမှာလဲ!

မိတ်ဆွေတို့ရဲ့ မသုံးစွဲဖြစ်တဲ့ ဒေတာတွေကို ဘယ်လိုလုပ်ထားပေးမလဲ ဆိုတော့

တယ်လီနော အသုံးပြုသူများမှ ဒေတာ စုဘူး အစီအစဉ်2GB အားဝယ်ယူပြီး 1GB ကိုသာ အသုံးပြုခဲ့သည်ဆိုပါစို့

ယခု ဒေတာ စုဘူး အစီအစဉ်တွင် ယခင်ဝယ်ယူထားသည့် ဒေတာ စုဘူး အစီစဉ် ကုန်ဆုံးပြီး ၇ရက်အတွင်း နောက်ထပ် ဒေတာစုဘူး package ကို ဝယ်ယူလိုက်ရုံဖြင့် လက်ကျန်ဒေတာ 1GB ကို မိတ်ဆွေတို့ ထပ်မံဝယ်ယူတဲ့ ဒေတာ စုဘူး အစီစဉ်သစ်မှာ ပေါင်းထည့်ပေးသွားမှာ ဖြစ်ပါတယ်။

ဒေတာစုဘူး သက်တမ်းမှာ စတင်ဝယ်ယူသည့် နေ့မှ ရက်ပေါင်း၃၀အတွင်း ဖြစ်ပြီး လက်ကျန်ဒေတာသည်လည်း နောက်ထပ်ဝယ်ယူသည့် ဒေတာကဲ့သို့ ထပ်မံသက်တမ်းတိုး ရရှိမှာဖြစ်ပါတယ်။

 telenor_myanmar_datasuboo

လူကြီးမင်းရဲ့ ဒေတာ လက်ကျန်ပမာဏကို စစ်ဆေးရန်

*9124# ကို ဖုန်းခေါ်ဆိုပါ။

နှစ်သက်ရာ ဒေတာအစီအစဉ်များကို ဝယ်ယူနိုင်ဖို့ နှုန်းထားများနဲ့ ရရှိနိုင်မယ့် ဒေတာပမာဏများကို ဖော်ပြပေးလိုက်ပါတယ်။ ပတ်ကေ့ချ်ကို ဒီကနေ တခါတည်းဝယ်ဖို့ '၀ယ်မည်' ကို နှိပ်နိုင်သလို MyTelenor App ကနေလည်း ၀ယ်ယူနိုင်ပါတယ်။ 

Data Suboo 925MB

999 ကျပ်(တစ်ကြိမ်ဝယ်)
979 ကျပ်(ဒေတာကုန်လျှင်ပြန်ဝယ်ယူ)

ဒေတာပမာဏ

925MB

သက်တမ်း

ရက် ၃၀

ရယူရန်

Data Suboo 700MB

799 ကျပ်
(တစ်ကြိမ်ဝယ်)

ဒေတာပမာဏ

700MB

သက်တမ်း

ရက် ၃၀

ရယူရန်

Data Suboo 850MB

949 ကျပ်
(တစ်ကြိမ်ဝယ်)

ဒေတာပမာဏ

850MB

သက်တမ်း

ရက် ၃၀

ရယူရန်

Data Suboo 1500MB

1,599 ကျပ်(တစ်ကြိမ်ဝယ်)
1,575 ကျပ်(ဒေတာကုန်လျှင်ပြန်ဝယ်ယူ)

ဒေတာပမာဏ

1500MB

သက်တမ်း

ရက် ၃၀

ရယူရန်

Data Suboo 2850MB

2,999 ကျပ်(တစ်ကြိမ်ဝယ်)
2,999 ကျပ်(ဒေတာကုန်လျှင်ပြန်ဝယ်ယူ)

ဒေတာပမာဏ

2850MB

သက်တမ်း

ရက် ၃၀

ရယူရန်

Data Suboo 5700MB

5,999 ကျပ်(တစ်ကြိမ်ဝယ်)
5,999 ကျပ်(ဒေတာကုန်လျှင်ပြန်ဝယ်ယူ)

ဒေတာပမာဏ

5700MB

သက်တမ်း

ရက် ၃၀

ရယူရန်

Data Suboo 9500MB

9,999 ကျပ်
(တစ်ကြိမ်ဝယ်)

ဒေတာပမာဏ

9500MB

သက်တမ်း

ရက် ၃၀

ရယူရန်

ဒေတာစုဘူး စည်းမျဉ်းစည်းကမ်းများ သည် ၉ရက် ၉လ ၂၀၁၉ ခုနှစ်မှ စတင် အကျိုး သက်ရောက်မည် ဖြစ်သည်။

စည်းမျည်းစည်းကမ်းများ

  • ဒေတာ စုဘူးပက်ကေ့ချ် (“ဒေတာ စုဘူး”) အစီအစဉ်သည် တယ်လီနော၏ Prepaid အသုံးပြုသူများ အတွက်သာ အကျုံးဝင်ပါသည်။
  • ဒေတာ စုဘူး အစီအစဉ်မှာ ရက်၃၀ သက်တမ်းရှိပြီး ပက်ကေ့ချ် ဝယ်ယူပြီး ရက်၃၀အတွင်း အသုံးပြုရမည် ဖြစ်ပါသည်။
  • ရက်၃၀ သက်တမ်းကုန်လျှင် ကျန်ရှိသောဒေတာများကို သယ်ဆောင်သွားနိုင်သော ကာလမှာ ၇ရက်ဖြစ်ပါသည်။
  • ဒတာ စုဘူး ပက်ကေ့ချ်များတွင် လက်ကျန် အသုံးမပြုရသေးသည့် ဒေတာများ ရှိပါက မူလဝယ်ယူထားသော စုဘူး ပက်ကေ့ချ် သက်တမ်း ရက်(၃၀)ပြီးဆုံးပြီး နောက်ထပ်(၇)ရက်အတွင်း ဒေတာ စုဘူး ပက်ကေ့ချ် အသစ်ထပ်မံဝယ်ယူပါက ယင်း လက်ကျန်ရှိနေသော ဒေတာများကို နောက်တကြိမ်ထပ်မံဝယ်ယူသော ဒေတာ စုဘူးပက်ကေ့ချ်၏ သက်တမ်းအတိုင်း ထပ်ပေါင်း အသုံးပြုခွင့်ရရှိမှာ ဖြစ်ပါသည်။ စုဘူး ပက်ကေ့ချ်အသုံးပြုသူများမှ မူလ ဝယ်ယူထားသော ဒေတာစုဘူးပက်ကေ့ချ် သက်တမ်း ရက်(၃၀)ပြီးဆုံးပြီး နောက်ထပ်(၇)ရက်အတွင်း ဒေတာ စုဘူး ပက်ကေ့ချ် အသစ်ထပ်မံဝယ်ယူခြင်း မရှိခဲ့ပါက လက်ကျန်ဒေတာများမှာလည်း သက်တမ်းကုန်ဆုံးသွားမည် ဖြစ်ပါသည်။
  • လက်ကျန် အသုံးမပြုရသေးသည့် ဒေတာများမှ ဒေတာကိုသာ ယခုကဲ့သို့ ဒေတာ စုဘူး ပက်ကေ့ချ် အသစ်ဝယ်ယူပြီး သက်တမ်းတိုး သယ်ဆောင်ခွင့် ရမည်ဖြစ်ပါသည်။
  • စုဘူး ပက်ကေ့ချ်များ တကြိမ်မက ဝယ်ယူခြင်းများအတွက်လည်း လက်ကျန်ဒေတာများ စုပေါင်းသွားပြီး ဝယ်ယူခဲ့သည့် စုဘူး ဒေတာ ပက်ကေ့ချ်များအတွင်းမှ အများဆုံး သက်တမ်းအား ရရှိမည်ဖြစ်ပါသည်။
  • ဒေတာစုဘူး ပက်ကေ့ချ် အား အသုံးပြုသူများ အနေဖြင့် ဒေတာ စုဘူးပက်ကေ့ချ် ဝယ်ယူ အသုံးပြုသည်နှင့် တပြိုက်နက် တယ်လီနော၏ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း နှင့် ပြင်ဆင်ချက်များအား သဘောတူ လက်ခံသည်ဟု တယ်လီနောမှ မှတ်ယူမည်ဖြစ်ပါသည်။ ယခု စည်းမျဉ်းစည်းကမ်းသည် မူလက ဝယ်ယူခဲ့သည့် ဒေတာစုဘူး ပက်ကေ့ချ်များ အပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိမည်ဖြစ်သည်။
  • တယ်လီနောမှ ဒေတာစုဘူးနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ အား အချိန်မရွေး ပြောင်းလဲ ပြင်ဆင်နိုင်ပြီးယင်း အချိန်ကာလရှိ သက်ဆိုင်ရာ ဥပဒေ နှင့် နည်းဥပဒေများမှ သက်မှတ်ထားသည့် အတိုင်း ၎င်း ပြောင်းလဲ ပြင်ဆင်မှုများသည် ချက်ချင်း အကျိုးသက်ရောက်မည် ဖြစ်ပါသည်။
  • တယ်လီနောမှ ဒေတာစုဘူးနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများအား တည်ဆဲ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အချိန်မရွေး ပြောင်းလဲ ပြင်ဆင်နိုင်ပြီး ပြင်ဆင်သည်နှင့် တပြိုက်နက် အကျိုးသက်ရောက်မည် ဖြစ်သည်။
အမေးများသောမေးခွန်းများ
ဒေတာစုဘူးဆိုတာဘာလဲ။

ဒေတာစုဘူးအစီအစဉ်တွင် ဒေတာများကို ကြိုက်နှစ်သက်ရာအင်တာနက်အတွက်ရက် ၃ဝအတွင်း  အသုံးပြုနိုင်ပါသည်။ ၀၉-၀၉-၂၀၁၉ မှစတင်၍ ရက် (၃၀)ကျော်လွန်သွားသော သုံးမကုန်သည့် ဒေတာများကိုလည်း သက်တမ်းကုန်ဆုံးပြီး နောက်ထပ်(၇)ရက် ထိသိမ်းဆည်းပေးထားမည်ဖြစ်ပြီး ဒေတာစုဘူးအစီအစဉ်နောက်တကြိမ်ထပ်မံ ဝယ်ယူပါက အသစ်ဝယ်ယူသော ဒေတာပမာဏနှင့်အတူယခင်ကျန်ရှိသည့် လက်ကျန်ကိုပါ သက်တမ်းတိုး ပေါင်းထည့်အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ 

ဒေတာစုဘူး ပက်ကေ့ချ်များ၏ အသေးစိက်မှာ ဘာတွေပါရှိပါသလဲ။

**Effective Date: 9th Sep 2019

ပက်ကေ့ချ် ရရှိမည့်ဒေတာ စျေးနှုန်း ( အခွန်ပါပြီး ) USSD Menu Other Channels

Data Suboo 700MB

၇၀၀MB

799 ကျပ်

*979*2*2*1#

• MyTelenor App

• Website

• Wowbox

• CIM

• IVR

• Powerload

• POS App

• E-load

Data Suboo 850MB

၈၅၀MB

949 ကျပ်

*979*2*2*2#

Data Suboo 925MB

၉၂၅MB

999 ကျပ်

*979*2*2*3#

Data Suboo 1500MB

၁၅၀၀MB

1599 ကျပ်

*979*2*2*4#

Data Suboo 2850MB

၂၈၅၀MB

2999 ကျပ်

*979*2*2*5#

Data Suboo 5700MB

၅၇၀၀MB

5999 ကျပ်

*979*2*2*6#

Data Suboo 9500MB

၉၅၀၀MB

9999 ကျပ်

*979*2*2*7#

ယခင်Suboo Combo မှလက်ကျန်များရှိပြီး ယခုစုဘူးကိုထပ်မံဝယ်ယူလျှင်ဘယ်လို ဖြစ်သွားမလဲ။

ဝယ်ယူထားသည့် Facebook ဒေတာလက်ကျန်မှာ သက်တမ်းကုန်သည်အထိ အသုံးပြုနိုင်ပြီး ထပ်မံဝယ်ယူသော ဒေတာ၌ ယခင်Facebook ဒေတာ လက်ကျန်မှာ သက်တမ်းတိုးအသုံးပြုနိုင်မည် မဟုတ်ပေ။ ယခင် ဝယ်ယူထားသောစုဘူးမှ ဒေတာ ကျန်ရှိပါက  ရက် (၃၀)သက်တမ်းကုန်ဆုံးပြီး နောက်ထပ် (၇)ရက်အတွင်း စုဘူး ပက်ကေ့ချ်အသစ်ဝယ်ယူ ခဲ့လျှင် ယင်း လက်ကျန်ဒေတာနှင့် ထပ်မံဝယ်ယူသော ပက်ကေ့ချ်တို့မှာ ပေါင်းစည်းသွားမည် ဖြစ်ပြီး ယခင် ဒေတာလက်ကျန်မှာလည်း စုဘူး ပက်ကေ့ချ် အသစ်မှ သက်တမ်းအတိုင်း စတင်ဝယ်ယူသော နေ့မှ ရက်(၃၀) သက်တမ်းရှိ မည်ဖြစ်သည်။

စုဘူးပက်ကေ့ချ်ကို အကြိမ်ကြိမ် ၀ယ်ယူလို့ရပါသလား။

တစ်ကြိမ်ထက်ပို၍ ဝယ်ယူလို့ရပါသည်။သက်တမ်းမှာ နောက်ဆုံးဝယ်ယူသည့်ရက်မှ ရက်၃၀အတွင်းဖြစ်ပါသည်။

လက်ကျန်ဒေတာများကို မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။

လက်ကျန်ဒေတာများကို သက်တမ်းကုန်ပြီး ၇ရက်အတွင်း နှစ်သက်ရာ ဒေတာစုဘူး တစ်ခုအား ဝယ်ယူခြင်းဖြင့် ဆက်လက် သယ်ဆောင်အသုံးပြုနိုင်ပါသည်။ ယင်း စနစ်အတိုင်း ၉ရက် ၉လ ၂၀၁၉ခုနှစ်မှ စတင်ပြီး စုဘူးပက်ကေ့ချ် အသစ်ဝယ်ယူခြင်းနှင့် လက်ကျန် ဒေတာများ  သယ်ဆောင်သုံးစွဲ ခြင်းတို့အတွက် အသုံးပြုမည်ဖြစ်သည်။

ဒေတာစုဘူး လက်ကျန်ကို မည်သို့စစ်ဆေးနိုင်သလဲ။

<a href="tel:*9124#">*9124#</a>ကို နိပ်၍ သော်လည်းကောင်း၊ MyTelenor App နှင့် Website တွင်လည်းကောင်း စစ်ဆေးနိုင်ပါသည်။

ပက်ကေ့ချ် သက်တမ်းနှင့် လက်ကျန်သယ်ယူခွင့် သက်တမ်းမည်သို့ကွားခြားပါလဲ။

ပက်ကေ့ချ် သက်တမ်း

စုဘူးပက်ကေ့ချ် ရဲ့ထူးခြားချက်ဖြစ်ပါသည်။သုံးစွဲသူသည် မည်သည့်စုဘူးပက်ကေ့ချ်ကို မဆို ၀ယ်ယူပြီး စုဘူးဒေတာကို ရက် ၃၀ အတွင်း အသုံးပြုနိုင်ပါသည်။ ရက် ၃၀ နောက်ပိုင်းတွင် သုံးစွဲခွင့်သက်တမ်းမှာကုန်ဆုံးပါသည်။ သို့သော် ဒေတာလက်ကျန်ကို သက်တမ်းကုန်ဆုံးပြီး ၇ရက် အတွင်း ထိန်းသိမ်းထားပါသည်။

လက်ကျန်သယ်ယူခွင့် သက်တမ်း

ကျန်ရှိနေသေးသော လက်ကျန် ဒေတာအား ပြန်လည်အသုံးပြုလိုပါက ဤ ရရက်အတွင်း ဒေတာစုဘူးပက်ကေ့ချ် တစ်ခုခုအား ၀ယ်ယူခြင်းဖြင့် ဆက်လက်သယ်ဆောင် အသုံးပြုနိုင်ပါသည်။

အကယ်၍ စုဘူး ပက်ကေ့ချ် ကို အခြားဒေတာ ပက်ကေ့ချ်များ နှင့်တွဲဝယ်ထားပါက မည်သည့်ဒေတာပက်ကေ့ချ်မှ အရင်ဖြတ်ပါမလဲ။

အကယ်၍ သုံးစွဲသူတွင် စုဘူး ပက်ကေ့ချ် နှင့် အခြားဒေတာ ပက်ကေ့ချ်များ အတူရှိနေပါက သက်တမ်းအရင်ကုန်ဆုံးမည့် ပက်ကေ့ချ်များမှ အရင်ဖြတ်ပါမည်။

ဒေတာဖြတ်တောက်နှုန်းမှာ မည်သို့ဖြစ်မည်နည်း။

ဒေတာဖြတ်တောက်နှုန်းမှာ ၁ MB ဆီဖြစ်ပါသည်။

ဒေတာများကို သက်တမ်းမကုန်ဆုံးခင်တွင် အကုန်သုံးစွဲလိုက်ပါက ဘယ်လိုဖြစ်သွားမလဲ။

ဒေတာများ ရက် ၃၀ မတိုင်မီ ကုန်ဆုံးသွားပါက ဆက်လက် သယ်ဆောင်သွားနိုင်သော ဒေတာ များမရှိတော့ပါ။

My Account
Live Chat
Share Share