တယ်လီနောအသုံးပြုသူများ ပိုမိုအဆင်ပြေစေရန် လက်ရှိဒေတာစုဘူး အစီအစဉ်များကို ပိုပြီး ကောင်းမွန်အောင် ဖန်တီးထားတဲ့ အစီအစဉ်ကို မိတ်ဆက် ပေးလိုက်ပါပြီ။

လက်ကျန်ဒေတာများကို ပေါင်းထည့်ဖို့ အစီအစဉ်အသစ်တစ်ခုကို အရင်လို (၇)ရက်အတွင်း ထပ်ဝယ်ယူဖို့မလိုဘဲ အသုံးပြုသူများမှ မိမိ နှစ်သက်ရာ အချိန်တွင်း ဒေတာစုဗူးအစီအစဉ်တစ်ခုကို ထပ်မံ ဝယ်ယူလိုက်ရုံနဲ့ ရှေ့အစီအစဉ်မှ လက်ကျန်ဒေတာများကို ပေါင်းထည့်သွားနိုင်မှာ ဖြစ်ပါတယ်။
 

ဒီပိုကောင်းတဲ့ ဒေတာစုဗူးအစီအစဉ်အသစ်မှာ ဘာတွေ ပိုရမှာလဲ!

မိတ်ဆွေရဲ့ မသုံးဖြစ်တဲ့ ဒေတာတွေကို ဘယ်လိုလုပ်ထားပေးမလဲ ဆိုတော့

တယ်လီနောအသုံးပြုသူ မိတ်ဆွေဟာ ဒေတာစုဘူးအစီအစဉ် 2GB အားဝယ်ယူပြီး 1GB ကိုသာ အသုံးပြုခဲ့တယ် ထားပါစို့။ ယခု ပိုကောင်းတဲ့ ဒေတာစုဗူးအစီအစဉ်သစ်မှာ 

  •    နောက်ထပ် ဒေတာစုဘူး အစီအစဉ်အသစ်ကို ဘယ်အချိန်မှာပဲဝယ်ဝယ် လက်ကျန်ဒေတာ 1GB ကို မိတ်ဆွေထပ်ဝယ်တဲ့ ဒေတာစုဗူးအစီအစဉ်သစ်မှာ ပေါင်းထည့်ပေးသွားမှာဖြစ်ပါတယ်။
  •    လက်ကျန်ဒေတာ 1GB အတွက် ကုန်ဆုံးသက်တမ်းမရှိတော့ဘူး။  

လူကြီးမင်းရဲ့ ဒေတာ လက်ကျန်ပမာဏကို စစ်ဆေးရန်

*9124# ကို ဖုန်းခေါ်ဆိုပါ။

နှစ်သက်ရာ ဒေတာအစီအစဉ်များကို ဝယ်ယူနိုင်ဖို့ နှုန်းထားများနဲ့ ရရှိနိုင်မယ့် ဒေတာပမာဏများကို ဖော်ပြပေးလိုက်ပါတယ်။ ပတ်ကေ့ချ်ကို ဒီကနေ တခါတည်းဝယ်ဖို့ 'ရယူရန်' ကို နှိပ်နိုင်သလို MyTelenor App ကနေလည်း ၀ယ်ယူနိုင်ပါတယ်။ 

စျေးနှုန်း ဒေတာပမာဏ သက်တမ်း

ရယူရန်

၈၉၉  ကျပ် 565 MB ရက် ၃၀

*979*2*2*1# ကို ဖုန်းခေါ်ဆိုပါ။

500 သို့ စာတို(SMS) DSB565 ပေးပို့ပါ။ ရယူရန်

၁,၉၉၉ ကျပ် 2 GB

*979*2*2*6# ကို ဖုန်းခေါ်ဆိုပါ။

500 သို့ စာတို(SMS) DSB2GB ပေးပို့ပါ။  ရယူရန်

၂,၉၉၉ ကျပ် 3 GB

*979*2*2*2#  ကို ဖုန်းခေါ်ဆိုပါ။

500 သို့ စာတို(SMS) DSB3GB ပေးပို့ပါ။  ရယူရန်

၄,၉၉၉  ကျပ် 5 GB

*979*2*2*3# ကို ဖုန်းခေါ်ဆိုပါ။

500 သို့ စာတို(SMS) DSB5GB ပေးပို့ပါ။  ရယူရန်

၉,၉၉၉ ကျပ် 10 GB

*979*2*2*4# ကို ဖုန်းခေါ်ဆိုပါ။

500 သို့ စာတို(SMS) DSB10GB ပေးပို့ပါ။  ရယူရန်

၁၉,၉၉၉ ကျပ် 20 GB

*979*2*2*5# ကို ဖုန်းခေါ်ဆိုပါ။

500 သို့ စာတို(SMS) DSB20GB ပေးပို့ပါ။  ရယူရန်

စည်းမျည်းစည်းကမ်းများ

- တယ်လီနောရဲ့ Prepaid အသုံးပြုသူများအတွက်သာ အကျုံးဝင်ပါသည်။
- အကျိုးခံစားခွင့်မှာ အသုံးပြုသူသည် မိမိဆင်းကတ်ကို အသုံးပြုနေစဉ်အတောအတွင်း ဒေတာစုဘူး ထပ်မံဝယ်ယူလျှင် ရရှိမည်ဖြစ်ပြီး ထိုလက်ကျန်ပမာဏများမှာ ထပ်မံဝယ်ယူသော Packageနှင့်အတူ ပေါင်း၍ သုံးစွဲနိုင်မည် ဖြစ်ပါသည်။
- ၀ယ်ယူထားသော Package ၏ သက်တမ်းကုန်ဆုံးသွားသည်နှင့် လက်ကျန်အကျိုးခံစားခွင့်များကို နောက်တစ်ကြိမ် Package အသစ် (၇)ရက်အတွင်း ထပ်မံဝယ်ယူပြီးမှသာ ထပ်ပေါင်းအသုံးပြုခွင့် ရရှိပါမည်။
- အကယ်၍ အကျိုးခံစားခွင့်အားလုံးကို သတ်မှတ်ရက်မတိုင်မီ သုံးစွဲပြီးကုန်သွားပါက အသစ်ဝယ်သော Package တွင် အကျိုးခံစားခွင့်မှာ ထပ်ပေါင်းပါ၀င်တော့မည် မဟုတ်ပါ။
- သက်တမ်းတိုးမြှင့်ရရှိချိန်အတွင်း Package အသစ်ထပ်မံဝယ်ယူပါက Package အားလုံး၏ သက်တမ်းတိုးမြှင့်ခွင့် ကုန်ဆုံးရက်မှာ နောက်ဆုံးဝယ်ယူထားသော Package ၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။

အမေးများသောမေးခွန်းများ
ဒေတာစုဘူးဆိုတာဘာလဲ။

ဒေတာစုဘူးမှာ အထူးဒေတာအစီအစဉ်ဖြစ်ပြီး မည်သည့်အင်တာနက်မဆိုအသုံးမပြုနိုင်တဲ့ ဒေတာအစီအစဉ်လည်းဖြစ်ပါတယ်။ သက်တမ်းကာလ ရက် (၃၀) ဖြစ်ပါတယ်။ သက်တမ်းကာလ ရက် (၃၀) ကျော်လွန်သွားတဲ့အခါ လက်ကျန်ဒေတာပမာဏများကို ကုန်ဆုံးသွားသည့်ရက်မှစ၍ နောက်ဒေတာစုဘူး အစီအစဉ်အသစ်ထပ်မံဝယ်ယူပါက လက်ကျန်အကျိုးခံစားခွင့်များကို အသစ်ရရှိသောအကျိုးခံစားခွင့်နှင့်အတူ ပြန်လည်ပေါင်းစည်းသွားမည်ဖြစ်ပါသည်။ ဒေတာစုဘူးအစီအစဉ်ကိုနောက်ဆုံးထပ်မံရယူထားသည့်နေ့မှ ရက် (၃၀)အထိ ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သည်။

ဒေတာစုဘူးအတွက် စိတ်ဝင်စားကျေနပ်ဖွယ်စျေးနှုန်းများနဲ့ ပရိုမိုးရှင်းအစီအစဉ်သစ်က ဘယ်လိုမျိုးလဲ။

ဒေတာစုဘူးအတွက် စိတ်ဝင်စားကျေနပ်ဖွယ်စျေးနှုန်းများနဲ့ ဒေတာအစီအစဉ်သစ် ၅ ခု ထပ်မံမိတ်ဆက်ပေးလိုက်တာဖြစ်ပြီး ယခုကာလတိုပရိုမိုးရှင်းမှာ ရက် ၉၀ အတွင်းသာ ရရှိနိုင်မှာဖြစ်ပါတယ်။

စျေးနှုန်း ဒေတာအစီအစဉ်သစ်
၈၉၉ ကျပ် ဒေတာစုဘူး 565MB
၁၉၉၉ ကျပ် ဒေတာစုဘူး 2GB
၂၉၉၉ ကျပ် ဒေတာစုဘူး 3GB
၄၉၉၉ ကျပ် ဒေတာစုဘူး 5GB
၉၉၉၉ ကျပ် ဒေတာစုဘူး 10GB
၁၉၉၉၉ ကျပ် ဒေတာစုဘူး 20GB
ဒေတာစုဘူးအစီအစဉ်တွေကို ယခုအခါ ဘယ်လိုရယူရမှာလဲ။
စျေးနှုန်း ဒေတာအစီအစဉ် USSDမှတဆင့် SMS စာတိုမှတဆင့် MyTelenor/ Wow Box Telenor Website Eload
၈၉၉  ကျပ် ဒေတာစုဘူး 565MB *979*2*2*1# 500 သို့ “DSB565” ဟု SMS ပေးပို့ပါ။ ရပါသည် ရပါသည် ရပါသည်
၁၉၉၉ ကျပ် ဒေတာစုဘူး 2GB *979*2*2*6# 500 သို့ “DSB2GB” ဟု SMS ပေးပို့ပါ။ ရပါသည် ရပါသည် မရနိုင်ပါ
၂၉၉၉ ကျပ် ဒေတာစုဘူး 3GB *979*2*2*2# 500 သို့ “DSB3GB” ဟု SMS ပေးပို့ပါ။ ရပါသည် ရပါသည် မရနိုင်ပါ
၄၉၉၉ ကျပ် ဒေတာစုဘူး 5GB *979*2*2*3# 500 သို့ “DSB5GB” ဟု SMS ပေးပို့ပါ။ ရပါသည် ရပါသည် မရနိုင်ပါ
၉၉၉၉ ကျပ် ဒေတာစုဘူး 10GB *979*2*2*4# 500 သို့ “DSB10GB” ဟု SMS ပေးပို့ပါ။ ရပါသည် ရပါသည် မရနိုင်ပါ
၁၉၉၉၉ ကျပ် ဒေတာစုဘူး 20GB *979*2*2*5# 500 သို့ “DSB20GB” ဟု SMS ပေးပို့ပါ။ ရပါသည် ရပါသည် မရနိုင်ပါ
သုံးစွဲသူမှ ယခင်ဒေတာစုဘူးအစီအစဉ်ဟောင်းမှ လက်ကျန်ဒေတာများရှိနေပြီး ယခု ပရိုမိုးရှင်းရရှိသည့် ဒေတာစုဘူးအစီအစဉ်သစ်ကို ရယူလိုက်ပါက ဘယ်လိုဖြစ်သွားမလဲ။

သုံးစွဲသူမှ ဒေတာစုဘူး ပရိုးမိုးရှင်းအစီအစဉ်သစ်တစ်ခုခုကိုဝယ်ယူလိုက်သည့်အခါတွင် မူလလက်ကျန်ရှိနေသော ဒေတာစုဘူးအစီအစဉ်ဟောင်းမှ ဒေတာလက်ကျန်များမှာ ပေါင်းစည်းသွားမည်ဖြစ်ပြီး သက်တမ်းကာလမှာ နောက်ဆုံး ရယူထားသည့် ဒေတာစုဘူးအစီအစဉ်သက်တမ်းကာလအတိုင်းရရှိအသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

ပရိုမိုးရှင်းကာလအတွင်း အကြိမ်ကြိမ်ဝယ်ယူရရှိနိုင်ပါသလား။

ရရှိနိုင်ပါတယ်။ ဒေတာစုဘူးအစီအစဉ်သစ်ကို ပရိုမိုးရှင်းကာလအတွင်း အကြိမ်ကြိမ်ရယူနိုင်မှာဖြစ်ပါတယ်။ 

ယခုဒေတာစုဘူးအစီအစဉ်သစ်တွေကရော လက်ကျန်ဒေတာများကို ရာသက်ပန် သိမ်းဆည်း/သယ်ဆောင် သွားခွင့်ရှိမှာလား။

ရနိုင်ပါတယ်။ အစီအစဉ်သစ်တွေမှာလည်း ယခင်ဒေတာစုဘူးအစီအစဉ်အတိုင်း လက်ကျန်ဒေတာများကို ရာသက်ပန် သိမ်းဆည်း/သယ်ဆောင် သွားခွင့်ရှိမှာဖြစ်ပါတယ်။

ဒေတာစုဘူးအစီအစဉ်မှ လက်ကျန်ဒေတာပမာဏနှင့် သိမ်းဆည်းသယ်ဆောင်ထားသော လက်ကျန်ဒေတာပမာဏ တို့ကို ဘယ်လိုစစ်ဆေးသိရှိနိုင်မှာလဲ?

*9124#ကိုခေါ်ဆိုပြီး ဒေတာစုဘူးနှင့်ပတ်သတ်သော လက်ကျန်ဒေတာနဲ့ လက်ရှိသိမ်းဆည်းသယ်ဆောင်ထားသော လက်ကျန်ဒေတာပမာဏများကို စစ်ဆေးသိရှိနိုင်ပါတယ်။ 

သက်တမ်းကုန်ဆုံးရက် နှင့် သုံးစွဲခွင့်သက်တမ်းမည်သို့ကွာခြားပါသနည်း။

ဒါက​တော့ ​ဒေတာစုဘူးအစီအစဉ်​​တေ​ွရဲ့ ထူးခြားချက်​ပဲဖြစ်​ပါတယ်​။ အစီအစဉ်​ တစ်​ခုကို ဝယ်​ယုလိုက်​ပြီဆိုတာနဲ့ ဝယ်​ယူလိုက်​တဲ့​နေ့မှ ​နောက်​ထပ်​ရက်​၃၀သက်​တမ်​း ရရှိမှာဖြစ်​ပါတယ်​။ ရက်​၃၀​ကျော်​လွန်​သွားလျှင်​ အစီအစဉ်​ရဲ့သက်​တမ်​းကုန်​ဆုံးမှာဖြစ်​​သော်​လည်​း လက်​ကျန်​​ဒေတာများရှိ​နေမယ်​ဆိုပါက အဲ့ဒီလက်​ကျန်​​ဒေတာများမှာ အသုံးပြုသူ၏ ဆင်​းကတ်​သက်​တမ်​းရှိသ​ရွေ့ ကျန်​ရှိ​နေမှာဖြစ်​ပါတယ်​။ နှစ်​သက်​ရာအချိန်​မှာ ​နောက်​ထပ်​ ​ဒေတာစုဘူးအစီအစဉ်​ကို ဝယ်​ယူလိုက်​တာနဲ့ လက်​ကျန်​​ဒေတာများကို ပြန်​လည်​အသုံးပြုသွားနိုင်​မှာဖြစ်​ပါတယ်​။

အကယ်၍ ဒေတာစုဘူးကို အခြားဒေတာ packများ နှင့်တွဲဝယ်ထားပါက မည်သည့်ဒေတာpackမှ အရင်ဖြတ်ပါမလဲ။

အကယ်၍ ဒေတာစုဘူးကို အခြားဒေတာ packများ (ဥပမာ Weekly Data, Daily Data, etc..) နှင့်တွဲဝယ်ထားပါက Daily Data Pack မှ အရင် ဖြတ်ပါမည် ထို့နောက် Weekly Data Pack မှ ဖြတ်ပါမည် ထိုဒေတာ packများကုန်သွားမှသာ Monthly Data Pack ဖြစ်သော ဒေတာစုဘူး မှဖြတ်ပါမည်။

အခြား သုံးစွဲမှုများကို ဘယ်လိုကောက်ခံပါမလဲ။

အခြားသုံးစွဲမှုများကို လက်ရှိတွင် သုံးစွဲနေသော price plan အတိုင်းကောက်ခံပါမည် အသေးစိတ်အချက်အလက်များကို www.telenor.com.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အခြား Service များကိုမည်သို့ကောက်ခံမည်နည်း။

အခြား (Balance transfer, Kyo Thone, MY Tune etc) ကိုကောက်ခံမှုမှာ ပြောင်းလဲမှုမရှိပါ။

စုဘူးမှာ ​ပြောင်​းလဲသွားတဲ့ အ​ပြောင်​းအလဲက ဘာများလဲ?

​ဒေတာ​တွေ​ပေါင်​းထည်​့နိုင်​မယ်​့အချိန်​ကို ရရက်​မ​ှ ဆင်​းကတ်​သက်​တမ်​းရှိသ​ရွေ့သို့ ​ပြောင်​းလဲလိုက်​ခြင်​းဖြစ်​ပါတယ်​။

My Telenor