တယ်လီနောရဲ့ မိုဘိုင်းဒေတာနဲ့ အဝသုံး WiFi နှစ်ခုလုံးကို အသုံးပြုနိုင်တဲ့ “အဝသုံး” ဒေတာအစီအစဉ်ကို တယ်လီနောနဲ့ Myanmar Netမှ ဂုဏ်ယူစွာ တင်ဆက်ပေးလိုက်ပါတယ်။

ရန်ကုန် နှင့် မန္တလေး တွင်နေထိုင်သည့် မည်သည့် တယ်လီနော အသုံးပြုသူမဆို ယခုအစီအစဉ်ကို  အသုံးပြုနိုင်ပါတယ်။ Myanmar Net အသုံးပြုနိုင်သည့် ဧရိယာအတွင်း အဝသုံး WiFi ကို အသုံးပြုနိုင်မှာဖြစ်ပြီး အခြားနေရာများတွင် ဝယ်ယူထားသည့် အစီအစဉ်မှ မိုဘိုင်းဒေတာကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို  အသုံးပြုဖို့အတွက် တယ်လီနော  ဆင်းကတ်ကို sim slot 1 မှာထားပြီး *979*18# ခေါ်ဆိုကာ နှစ်သက်ရာကို ရွေးချယ်  ဝယ်ယူနိုင်ပါတယ်။

နေ့တစ်နေ့ရဲ့ ပထမဆုံး ဝိုင်ဖိုင်မှ တစ်ဆင့် အသုံးပြုတဲ့ ၁၅၀MB အတွက် 16 Mbps မြန်နှုန်းကို ရရှိမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ 1Mbps မြန်နှုန်းဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

စျေးနှုန်း

၄၉၉ဝကျပ်

သုံးစွဲနိုင်မှု

အဝသုံးအကန့်အသတ်မဲ့ဒေတာ

အခမဲ့

2.5GB မိုဘိုင်းဒေတာ + ၂၅၀၀ တယ်လီနောအချင်ချင်း စာတို

သက်တမ်းကာလ

၃၀ ရက်

စျေးနှုန်း

၉၉ဝကျပ်

သုံးစွဲနိုင်မှု

(300 MB မိုဘိုင်း ဒေတာ) + အဝသုံး Myanmar Net

သက်တမ်း

၃ရက်

ပြန်ရရှိငွေ

၉၀ ကျပ်

ပြန်ရရှိငွေ သက်တမ်းကာလ

၃ ရက်

စျေးနှုန်း

၁၄၉ဝကျပ်

သုံးစွဲနိုင်မှု

(450 MB မိုဘိုင်း ဒေတာ ) + အဝသုံး Myanmar Net

သက်တမ်း

၇ ရက်

ပြန်ရရှိငွေ

၁၉၀ ကျပ်

ပြန်ရရှိငွေ သက်တမ်းကာလ

၃ ရက်

စျေးနှုန်း

၆၉၉ဝကျပ်

သုံးစွဲနိုင်မှု

(2 GB မိုဘိုင်း ဒေတာ ) + အဝသုံး Myanmar Net

သက်တမ်း

၃၀ ရက်

ပြန်ရရှိငွေ

၉၉၀ ကျပ်

ပြန်ရရှိငွေ သက်တမ်းကာလ

၃ ရက်

ဒေတာများစတင်အသုံးမပြုခင် လိုအပ်သည့် setting အပြောင်းအလဲအချို့ကို ပြုလုပ်ဖို့လိုပါတယ်။ Android နဲ့ iOS အသုံးပြုသူများအတွက် ပြုလုပ်ရန်လိုအပ်တဲ့ setting အပြောင်းအလဲများကို ဖော်ပြပေးလိုက်ပါတယ်။

Android အသုံးပြုသူများအတွက်

  • WiFi setting ကိုဖွင့်ပြီး Myanmar Net ကို ချိတ်ဆက်ပါ။
  • ထို့နောက် EAP ကိုနှိပ်ပြီး SIM ကိုရွေးချယ်ပါ။

iOS အသုံးပြုသူများအတွက်

  • Myanmar Net website မှ patch ကို download ပြုလုပ်ရန် လိုပါတယ်။ download ပြုလုပ်ရန် ဤနေရာကို နှိပ်ပါ။
  • Patch ကို download ပြုလုပ်ပြီးလျှင် Myanmar Net Network အား ချိတ်ဆက်နိုင်ပါပြီ။
  • Download ပြုလုပ်ပြီးသော patch file ကို ဖွင့်ပါ။
  • Allow ကိုနှိပ်ပါ။ Install ကိုနှိပ်ပါ။ Done ကိုနှိပ်ပါ။

ရန်ကုန်မြို့တွင် မြန်မာနက်ကွန်ရက်ရသော နေရာများ

  • လမ်းမတော်

  • လသာ

  • ပန်းပဲတန်း

  • ကျောက်တံတား

  • ဗိုလ်တထောင်

  • ပုဇွန်တောင်

  • ဒဂုံ

  • သာကေတ

  • မင်္ဂလာတောင်ညွန့်

  • တာမွေ

  • ရန်ကင်း

  • စန်းချောင်း

  • အလုံ

  • ကြည်မြင်တိုင်

  • ဗဟန်း

  • လှိုင်

  • ကမာရွတ်

  • သင်္ဃန်းကျွန်း

  • တောင်ဥက္ကလာပ

  • မြောက်ဥက္ကလာပ

  • မရန်းကုန်း

  • အင်းစိန်

telenor_myanmar_awatone

မန္တလေးမြို့ တွင် မြန်မာနက်ကွန်ရက်ရသော နေရာများ

  • ချမ်းအေးသာဇံ
  • မဟာအောင်မြေ
  • ချမ်းမြသာစည်
telenor_myanmar_awatone
အမေးများသောမေးခွန်းများ
အဝသုံးဒေတာ အစီအစဉ်အတွင်းမှ အစီအစဉ်တွေက ဘာတွေလဲ။

အစီအစဉ် ၄ မျိုးရှိပါသည်။ ယခင်ရှိနေခဲ့သော အဝသုံးအစီအစဉ်များဖြစ်သော ၉၉၀၊ ၁၄၉၀၊ ၆၉၉၀ ကျပ် တို့အပြင် ၄၉၉၀ ကျပ် အဝသုံးဒေတာအစီအစဉ် အသစ်တွင် တလလုံးအဝသုံး WiFi + ရက် ၃၀စာ အခမဲ့ ၂.၅ ဂစ်ဂါဘိုက် နှင့် ၂၅၀၀တယ်လီနောအချင်းချင်းစာပို့နိုင်မှု ပါဝင်ပါသည်။

အစီအစဉ်ကိုဘယ်လိုရယူနိုင်ပါသလဲ?

 *979*18# ကို လူကြီးမင်း၏ Telenor SIM ကတ်မှ တဆင့်ခေါ်ဆိုပြီး အစီအစဉ်ကို ရယူနိုင်ပါသည်။ အထက်ဖော်ပြပါ အစီအစဉ် ၄ မျိုးကို ရွေးချယ်ရယူဖို့ စာတိုရရှိပါမည်။ မိမိရယူလိုသော အစီအစဉ်ကို ရွေးချယ်ရန်လိုအပ်ပါသည်။ အစီအစဉ်ကို အောင်မြင်စွာ ရယူပြီးနောက်တွင် အကြောင်းကြားစာ ရရှိပါမည်။
သတိပြုရန် : ယခုအစီအစဉ်မှာ Myanmar Net WiFi ကွန်ယက်ချိတ်ဆက်ရရှိနိုင်သည့် ရန်ကုန်နှင့် မန္တလေးအတွင်းရှိမြို့နယ်အချို့တွင်သာ ရရှိနိုင်ပါမည်။ Myanmar Net ကွန်ယက်မရရှိနိုင်သည့် နေရာများမှ အစီအစဉ်ကို ရယူခဲ့ပါက အစီအစဉ်ကိုရယူနိုင်မှာမဟုတ်ဘဲ အစီအစဉ်မရရှိနိုင်ကြောင်း အသိပေးအကြောင်းကြားစာ လက်ခံရရှိပါမည်။

အဝသုံးဒေတာ အစီအစဉ်ရယူပြီးနောက်  မြန်မာနက်အင်တာနက်ကို အသုံးပြုနိုင်ပြီလား?

ပထမဦးဆုံးအကြိမ်ကွန်ယက်ချိတ်ဆက်နည်း – တစ်ကြိမ်သာ ပြုလုပ်ရန်လိုအပ်ပါသည် - Android

ပထမဦးဆုံးအကြိမ်အဖြစ် အစီအစဉ်ကိုရယူပြီးနောက်တွင် အောက်ပါလုပ်ဆောင်ပုံ အဆင့်ဆင့်ကို ပြုလုပ်ရန်လိုအပ်ပါမည်။ ထိုလုပ်ဆောင်ပုံကို တစ်ကြိမ်သာ ပြုလုပ်ရန်လိုအပ်ပါသည်။ မိမိ၏ မိုဘိုင်းဖုန်းကို Myanmar Net WiFi အသုံးပြုရန်အတွက် ပြင်ဆင်ခြင်းဖြစ်ပါသည်။
သတိပြုရန်: Dual SIM ဟန်းဆက်များတွင် WiFi အသုံးပြုရန်အတွက် တယ်လီနောဆင်းကတ်ကို ဆင်းမ်ကတ်အမှတ် ၁ (SIM Slot 1) တွင်ထားရှိရန်လိုအပ်ပါသည်။

telenor_myanmar_awatone
telenor_myanmar_awatone
telenor_myanmar_awatone
telenor_myanmar_awatone
telenor_myanmar_awatone

ပထမဦးဆုံးအကြိမ်ကွန်ယက်ချိတ်ဆက်နည်း – တစ်ကြိမ်သာ ပြုလုပ်ရန်လိုအပ်ပါသည် - (iOS)

iOS အသုံးပြုသူများအနေဖြင့် Myanmar Net ဝက်ဘ်ဆိုဒ်မှ patch ကို ဒေါင်းလုတ်ပြုလုပ်ရန်လိုအပ်ပါသည်။ patch ကိုဒေါင်းလုတ်ပြုလုပ်ရန် လင့်ခ်မှာ အောက်ပါအတိုင်းဖြစ်သည်။

http://i.myanmarnet.com/mmnet.mobileconfig

Safari Browser ကိုဖွင့်ပြီး ဒေါင်းလုတ်လုပ်ပါ။ ဒေါင်းလုပ်ပြီးဆုံးသည်နှင့် Myanmar Net ကွန်ယက်ကို စတင်ချိတ်ဆက်အသုံးပြုနိုင်ပါပြီ။

telenor_myanmar_awatone
telenor_myanmar_awatone
telenor_myanmar_awatone
telenor_myanmar_awatone
မိုဘိုင်းဒေတာနှင့် Myanmar Net WiFi အတွက် မည်သည့်မြန်နှုန်းဖြင့် ရရှိနိုင်ပါမလဲ?

 မိုဘိုင်းဒေတာမှာ အသုံးပြုသူ၏ မိုဘိုင်းဖုန်းအမျိုးအစားနှင့် ကွန်ယက်ချိတ်ဆက်မှုအပေါ်မူတည် ပါသည်။ 
ဥပမာ: 4G မိုဘိုင်းဖုန်းကို အသုံးပြုပြီး 4G ကွန်ယက်ကို အသုံးပြုနေပါက အကောင်းဆုံး မြန်နှုန်းကို ရရှိမည်ဖြစ်ပြီး မိုဘိုင်းဒေတာမှ ၁စက္ကန့်လျှင် ၂ဝမီဂါဘိုက်နှင့်အထက် အထိ ရရှိနိုင်ပါမည်။ Myanmar Net WiFi သုံးစွဲရာတွင် နေ့စဉ် ပထမဦးဆုံး သုံးစွဲသော ၁၅၀ မီဂါဘိုက်တွင် မြန်နှုန်း ၁၆Mbps ရရှိနိုင်ပြီး ထပ် သုံးစွဲသော ဒေတာ များတွင် မြန်နှုန်း ၁Mbps ဖြင့်ရရှိနိုင်ပါသည်။ 

 

အဝသုံးဒေတာ အစီအစဉ်များကို တစ်ခုထက်ပိုပြီး ဝယ်ယူခဲ့ပါက ဘာဖြစ်သွားမလဲ?

အဝသုံးဒေတာ အစီအစဉ်များကို တစ်ခုထက်ပိုပြီး ဝယ်ယူခဲ့ပါက မိုဘိုင်းဒေတာပမာဏများမှာ ပေါင်းစည်းသွားမည်ဖြစ်ပြီး သက်တမ်းကာလမှာ အစီအစဉ်ကို နောက်ဆုံးရယူသည့် သက်တမ်းကာလ အတိုင်း ရရှိနိုင်ပါမည်။ ဒေတာအသုံးပြုမှုမှာ သက်တမ်းကာလအနည်းဆုံးမှ အရင် အသုံးပြုမည်ဖြစ်ပြီး သက်တမ်းကာလမည့်သည့် အစီအစဉ်ကို နောက်မှ အသုံးပြုမည်ဖြစ်သည် (၃ ရက်သက်တမ်း - ပထမအသုံးပြု၊ ၇ ရက်သက်တမ်း - ဒုတိယအသုံးပြု၊ ၃၀ ရက်သက်တမ်း - တတိယအသုံးပြု)။ WiFi မှာမူ အကန့်အသတ်မဲ့ဖြစ်သည့်အတွက် အကြိမ်ကြိမ်ရယူမှုအတွက် သက်တမ်းကာလတွင်သာ အပြောင်းအလဲ ရှိနိုင်ပါသည်။

ဒေတာစုဘူးအစီအစဉ်မှ လက်ကျန်ဒေတာများ ရှိနေသေးတယ်ဆိုရင်ကော ဘယ်လိုဖြစ်သွားမလဲ?

ဒေတာစုဘူးနှင့် အဝသုံးဒေတာ ပေါင်းစည်းသွားမှာမဟုတ်ဘဲ သီးသန့်စာရင်း ၂ ခု အဖြစ်သာ တည်ရှိနေပါမည်။ ဒေတာဘူဖေးမိုဘိုင်းဒေတာမှ အရင်အသုံးပြုဖြတ်တောက်မည်ဖြစ်ပြီး ၄င်းအစီအစဉ်အသုံးပြုကုန်ဆုံးမှသာ ဒေတာစုဘူး အစီအစဉ်မှ ဆက်လက်အသုံးပြုပါမည်။

 

အစီအစဉ်ကို ရယူနိုင်ခဲ့ပြီးနောက်တွင် WiFi မရရှိနိုင်တဲ့ နေရာများသို့ သွားရောက်ခဲ့ပါက မိုဘိုင်းဒေတာကို ဆက်လက်အသုံးပြုနိုင်ဦးမှာလား?

ရနိုင်ပါတယ်။ အထက်ပါ အခြေအနေတွင် မိုဘိုင်းဒေတာကို ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အကယ်၍ အစီအစဉ်ကိုရယူပြီးနောက် Myanmar Net WiFi ကို အသုံးပြုလို့မရဘဲ connecting လို့သာ မြင်နေရတဲ့ customer များရှိလာမယ်ဆိုရင် အောက်က မေးခွန်းတွေကို မေးမြန်းဖို့လိုပါမယ်။
  • သုံးစွဲသူမှ အသုံးပြုလျက်ရှိသည့် လမ်းနှင့် မြို့နယ်အတိအကျကို မေးမြန်းပြီး Myanmar Net ကွန်ယက်မြေပုံအတွင်းတွင် ရောက်ရှိနေကြောင်း ဟုတ်၊မဟုတ်စစ်ဆေးပါ။ 
  • သုံးစွဲသူ၏ WiFi signal အားကို စစ်ဆေးပါ
  • သုံးစွဲသူအသုံးပြုသည့် မိုဘိုင်းဖုန်း၏ WiFi Setting ကိုစစ်ဆေးပါ
  • သုံးစွဲသူ အသုံးပြုနေသည့် တိုက်ခန်း၊ ကွန်ဒိုတို့၏ အလွှာကို မေးမြန်းပါ (အချို့သော အထပ်မြင့်နေရာများတွင် WiFi ကွန်ယက်ချိတ်ဆက်မိရန် ခက်ခဲနိုင်ပါသည်။)
  • သုံးစွဲသူမှ ဆက်လက်အသုံးပြုမရသေးပါက မြန်မာနက် အင်တာနက်ဝန်ဆောင်မှု ၂၄ နာရီ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

 

မိမိတွင် ရှိပြီးသား cashback အဝသုံးဒေတာ အပြင်  SMS ရရှိနိုင်သော အဝသုံးဒေတာ အစီအစဉ် ထပ်မံ ဝယ်ယူပါက မည်သို့ဖြစ်နိုင်မည်နည်း?

မိမိတွင် ၂ ဂီဂါဘိုက်@ ရက်၃၀ အဝသုံးဒေတာရှိခဲ့၍ SMS ရရှိနိုင်သော ၂.၅ ဂီဂါဘိုက် အဝသုံးဒေတာ ထပ်မံ ဝယ်ယူပါက အင်တာနက်ဒေတာ များ ပေါင်းသွား၍ နောက်ဆုံးရယူသည့် သက်တမ်းကာ ရက်၃၀ ဆက်လက်အသုံးပြုနိုင်ပါသည်။ 
သို့သော် မိမိတွင် ၃ဝဝမီဂါဘိုက် @၃ရက် အဝသုံးဒေတာ (သို့) ၄၅၀ မီဂါဘိုက် @၇ရက် အဝသုံးဒေတာ ရှိ၍  SMS ရရှိနိုင်သော ၂.၅ ဂီဂါဘိုက် အဝသုံးဒေတာ ထပ်မံဝယ်ယူပါက အင်တာနက်ဒေတာ များပေါင်းသွား မည်မဟုတ်ပါ။ ဒေတာ ကုန်ဆုံးသက်တမ်း ရက် မတူညီ ၍ ဖြစ်သည်။

My Telenor