တယ်လီနော၏ လုပ်ငန်းသုံး SIP (Session Initiation Protocol) Trunk ဝန်ဆောင်မှုသည် သင့် စီးပွားရေးမိတ်ဖက်များ၊ customers များနှင့် အမြဲဆက်သွယ်ပေးနိုင်ပါသည်။ တယ်လီနော SIP TRUNK ဖြင့် ဖုန်းခေါ်ဆိုမှု များနှင့် ဒေတာကွန်ရက်နှစ်မျိုးအသုံးပြုနိုင်ပြီးဆက်သွယ်ရေးစရိတ်များကိုလျှော့ချနိုင်သည့်အပြင် တည်ငြိမ်ကောင်းမွန်သောဆက်သွယ််ရေးလိုင်းကိုအသုံးပြုနိုင်မည် ဖြစ်ပါသည်။ ခေါ်ဆိုမှုများစွာကိုတစ်ချိန်တည်းတွင် ကိုင်တွယ်နိုင်ပြီးရိုးရှင်းသည့်နည်းလမ်းများနှင့် စီမံခန့်ခွဲနိုင်သဖြင့် ကုန်ကျစရိတ် သက်သာစေမည်ဖြစ်ပါသည်။
နည်းပညာအကူအညီများ၊ ငွေဖြည့်သွင်းမှုများနှင့် ဝန်ဆောင်မှု ပြောင်းလဲခြင်းများအတွက် ၂၄နာရီ ရရက်လုံး အကူအညီများတောင်းခံနိုင်သည့် သီးသန့်ဖုန်းနံပါတ်ကိုလည်း Enterprise-grade SLA ဖြင့် စီစဉ်ထားရှိပေးထားပါသည်။
သင်လိုအပ်သည့် bandwidth ကိုကနဦးဝယ်ယူနိုင်ပြီးသင့် လုပ်ငန်းကြီးထွားလာသည်နှင့် အမျှ SIP Resources များကိုထပ်မံထည့်သွင်းနိုင်ပါသည်။ အရည်အသွေးအာမခံချက်ပေးထားသည့် တယ်လီနော၏ သီးသန့် IP ကွန်ရက်ပေါ်တွင် ချယ်နယ်များထည့်သွင်းခြင်း၊ ထုတ်ပယ်ခြင်းများကိုလည်းလွယ်ကူစွာလုပ်ဆောင်နိုင်ပါသည်။
လစဉ်ဆက်သွယ်ရေးကုန်ကျစရိတ်ကိုလျှော့ချပေးပြီးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကိုပါ မြှင့်တင်ပေးနိုင်သဖြင့် သင့်လုပ်ငန်းကိုအဘက်ဘက်မှ မြင့်တက်လာစေပါသည်။