telenor_myanmar_international_connectivity
telenor_myanmar_international_connectivity

နိုင်ငံတကာသို့ ဆက်သွယ်ခြင်း

တယ်လီနောမြန်မာ၏ IPLC(International Private Leased Circuit) နှင့် IEPL(International Ethernet Private Line) တို့၏ ဖြေရှင်းချက်များသည် မြန်မာနိုင်ငံနှင့် နိုင်ငံတကာနေရာများအတွင်း မြုပ်နှံထားနိုင်ခြင်း၊ လုံခြုံမှုရှိခြင်း၊ High-capacity Ethernet ချိတ်ဆက်မှုများ ဖြင့် လူကြီးမင်းတို့ရဲ့ လုပ်ငန်းများကို နိုင်ငံတကာအဆင့်မှီ ချိတ်ဆက်လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါသည်။

IEPL/IPLC တစ်ခု၏ point-to-point သီးခြားလိုင်းသည် အဖွဲ့အစည်းတစ်ခုအတွင်း ပထဝီအနေအထားအရကမ္ဘာတစ်ဝှမ်းအသီးသီးတည်ရှိသော ရုံးခွဲများနှင့် ဆက်သွယ်နိုင်ရန် အသုံးပြုနိုင်ပါသည်။ IEPL/IPLC တစ်ခုသည် အင်တာနက်အသုံးပြုခြင်း၊ စီးပွားရေးအချက်အလက်များကူးပြောင်းခြင်း၊ ဗီဒီယို conferencing များပြုလုပ်ခြင်းနှင့် အခြား telecommunication များအတွက်လည်း အသုံးပြုနိုင်ပါသည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံမှ ဘန်ကောက်၊ ကွာလာလမ်ပူတို့၏ မည်သည့်နေရာတွင်မဆို IEPL/IPLC ချိတ်ဆက်နိုင်ရန်ဆောင်ရွက်ပေးလျက်ရှိပါသည်။

အကျိုးခံစားခွင့်များ

တိုက်ရိုက်ဆက်သွယ်နိုင်မှု

  • ကိုယ်ပိုင် point-to-point နှင့် point-to-multipoint စသည့်လိုင်းဝန်ဆောင်မှုပုံစံများ ရရှိနိုင်ခြင်း
  • Logical နှင့် Physical separation များအတွက် လုံခြုံစေသည့်ဝန်ဆောင်မှု၊ သုံးစွဲသူများအတွက် လုံခြုံ ပြီးစိတ်ချရသော ၀န်ဆောင်မှုများရရှိခြင်း
  • Flexible Configuration ရရှိနိုင်ခြင်း : သုံးစွဲသူများ၏ လိုအပ်ချက်ပေါ်မူတည်၍ လိုအပ်သည့်အချိန်တွင် bandwidth ကို တိုးမြှင့်နိုင်ခြင်း
  • ကွန်ရက်ချိတ်ဆက်နိုင်မှု : Fully Redundant နှင့် diverse international routes များဖြင့် ဘန်ကောက်၊ ကွာလာလမ်ပူ၊ ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံများကို ချိတ်ဆက်နိုင်ခြင်း
  • လုပ်ဆောင်နိုင်မှု :  Round trip delay အနည်းဆုံးနှင့် လိုင်းထစ်မှုနှုန်းအနည်းဆုံးဖြစ်ခြင်း
  • Next-Generation Service Infrastructure  :    ဈေးကွက်အတွင်းအဓိက ဖြစ်သော အင်တာနက် routing၊ switching နှင့် protection capabilities တို့ကိုတယ်လီနော၏ ကမ္ဘာ့လက်ကားကွန်ယက်မှ ၀န်ဆောင်မှုပေးလျက် ရှိပါသည်။

သုံးစွဲသူဝန်ဆောင်မှု

  •  ၂၄နာရီ ကပ်စတန်မာ နှင့် Network Operation Center (NOC) ဝန်ဆောင်မှု
  •  ၂၄နာရီ Web-based utilization အာမခံသည့် ဝန်ဆောင်မှုအဆင့်
  •   Utilization reports နှင့် KPI reports

လုပ်ငန်းလိုအပ်ချက်များ

  • နိုင်ငံတကာဈေးကွက်အတွင်းသို့ ၀င်ရောက်ရန် ပြင်ဆင်နေသည့် အလယ်အလတ်နှင့်ကြီးမားသော အင်တာနက်လုပ်ငန်းများ
  • Wholesale IP Transit Partnerများ၊ Internet Service Providerများ နှင့်International Group of Companieများ

နောက်ဆုံးအနေဖြင့်ရွေးချယ်နိုင်မှုများ

  • Fiber
  • Microwave
  • Wireless – Point to Point
My Telenor