INTERNATIONAL ETHERNET PRIVATE LINE (IEPL)

IEPL

IEPL ဆိုတာကတော့ တစ်နေရာမှတစ်နေရာသို့ ဆက်သွယ်ပေးတဲ့သီးခြားလိုင်း (point-to-point private line) ဖြစ်ပြီး အဖွဲ့အစည်းတစ်ခုအတွင်း ပထဝီအနေအထားအရ ကမ္ဘာတစ်ဝှမ်းမှာ အသီးသီးတည်ရှိနေကြတဲ့ ရုံးခွဲများနှင့် ဆက်သွယ်ရန် အသုံးပြုနိုင်ပါတယ်။ မြန်မာနိုင်ငံနှင့်အခြားနိုင်ငံတကာနေရာများအကြား စိတ်ချလုံခြုံပြီး မြန်နှုန်းမြင့်မားတဲ့ Ethernet connection ကိုအသုံးပြုပြီး ဆက်သွယ်နိုင်ပါပြီ။ ယခုဆိုရင်တော့ နေရာအနှံ့မှာရှိနေတဲ့ သင့်လုပ်ငန်းတွေကို အလွယ်တကူပဲ စီမံခန့်ခွဲလို့ရပါပြီ။

လုပ်ဆောင်ပုံ

ရရှိနိုင်တဲ့ဝန်ဆောင်မှုများ

ကျယ်ပြန့်တဲ့ပင်မဆက်ကြောင်းများ - ပြည်တွင်း/ ပြည်ပ ဆက်သွယ်မှုများကို ကျယ်ပြန့်တဲ့ ဆက်သွယ်မှု လမ်းကြောင်းများနှင့် တည်ဆောက်ထားပေးခြင်း။

အားထားရသောဆက်သွယ်မှု - နှောင့်နှေးကြန့်ကြာမှုမရှိသော မြန်နှုန်းမြင့် ဆက်သွယ်ရေး (lowest delay, low Jitter rates)။

လုံခြုံမှုရှိတဲ့ဆက်သွယ်မှု - တယ်လီနော IP network ကို လုံခြုံတဲ့ဆက်သွယ်မှု အရံလိုင်းများနှင့် ပံ့ပိုးတည်ဆောက်ထားခြင်း။

အကျိုးကျေးဇူးများ

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကွန်ရက်လွှမ်ခြုံမှုရှိခြင်း

ကမ္ဘာနဲ့တစ်ဝှမ်းရှိ မိတ်ဖက်အဖွဲ့အစည်းများနဲ့ချိတ် ဆက်ထားမှုကြောင့် သင့်ရဲ့ရုံးဟာ ဒေသတွင်း ကအချက်အချာနေရာ တစ်ခုဖြစ်လာနိုင်သလို နိုင်ငံတိုင်းနဲ့ ဆက်သွယ်နိုင်သလို ကမ္ဘာနှင့်တစ်ဝှမ်းက စီးပွါးဖက်ကွန်ရက်ရဲ့ တိုးချဲ့နေရာတစ်ခုအဖြစ်ဆောင်ရွက် ပေးလာနိုင်မှာဖြစ်ပါတယ်။

အရည်သွေးကောင်းမွန်သော infrastructure

နောက်ဆုံးပေါ် optical fibre နည်းပညာကို အသုံးပြုပြီးအကောင်းဆုံး ကာကွယ်ထားတဲ့ နိုင်ငံတကာဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့်ချိတ်ဆက်ပေးခြင်း။

၂၄နာရီဝန်ဆောင်မှု

Network Management Center မှသင့်ကို ကူညီဖို့အမြဲ အသင့်ရှိနေပါတယ်။

ဆက်သွယ်ရန်

×

မေးလ်ပို့ခြင်း အောင်မြင်ပါသည်။

×

မေးလ်ပို့ခြင်း မအောင်မြင်ပါ။

×

သင့်ရဲ့တယ်လီနောဖုန်းမှ တစ်ဆင့် 990 သို့ခေါ်ဆိုပြီး ဆက်သွယ်လိုက်ပါ ( တခြားအော်ပရေတာဖြင့်ခေါ်ဆိုပါက 09799000990 )။

×

ဤလျှောက်လွှာကိုဖြည့်စွက်၍ တယ်လီနောနှင့် တွေ့ဆုံဆွေးနွေးနိုင်ပါသည်။

စလုံးရေအများဆုံး ၃၀၀ သာခွင့်ပြုပါမည်။

* သည် ဖြည့်စွက်ရန်လိုအပ်သည်များကို ရည်ညွှန်းသည်။

အသေးစိတ်သိရှိလိုပါသလား?

သင်သိရှိလိုသော အကြောင်းအရာများအတွက် တယ်လီနောကို ဆက်သွယ်လိုက်ပါ။

Files must be less than 2 MB.
Allowed file types: gif jpg jpeg png pdf doc docx.
   Share on Facebook
   Share on Linkedin
Recommend to others
My Telenor