APN (Access Point Name) ဆိုသည်မှာ မိုဘိုင်းစက်ပစ္စည်းများအတွက် IP ကွန်ရက်သို့ ဝင်ရောက်ရန် ဝင်ပေါက်ဖြစ်ပါသည်။ တယ်လီနောသည် သင့်လုပ်ငန်းလိုအပ်ချက်အလိုက် Private APN ပါဝင်ပြီးဖြစ်စေ မပါဝင်ဘဲဖြစ်စေ သင့်လုပ်ငန်း၏ လိုအပ်ချက်အလိုက် လုံခြုံသည့် ကွန်ရက်ကို ဒီဇိုင်းရေးဆွဲပြီး တည်ဆောက်စီမံနိုင်စေရန်အတွက် တစ်နေရာတည်းတွင် အပြီးအစီး ကူညီပေးမည်ဖြစ်ပါသည်။ Private APN ဖြင့် သုံးစွဲသူများအား ကော်ပိုရိတ်ကွန်ရက်သို့ လုံခြုံစွာ ချိတ်ဆက်ပေးပြီး M2M စက်များနှင့် နေရာအနှံ့ရှိ ရုံးခွဲ-မှ-ရုံးချုပ်သို့ အချက်အလက်များ လုံခြုံစွာ လွှဲပြောင်း ပေးနိုင်ပါသည်။
သိရှိရန် လိုအပ်သည့် အချက်အလက်များကို အသေးစိတ် သင်ကြားပေးပြီး လိုင်းကျခြင်း သို့မဟုတ် လိုင်းမငြိမ်ခြင်းများကို ၂၄နာရီ ၇ရက်လုံး ကူညီဖြေရှင်းပေးမည့်အပြင် လစဉ် လိုင်းသုံးစွဲနိုင်မှုဆိုင်ရာ Report များလည်း တင်ပြပေးမည် ဖြစ်ပါသည်။ အသုံးပြုသူများအနေဖြင့် မိမိကိုယ်တိုင်ဝင်ရောက်ပြီး စိတ်ကြိုက်သုံးစွဲနိုင်ရန်အတွက်လည်း self-care portal ကို ထားရှိပေးထားပါသည်။
သင့်လုပ်ငန်း၏ ဆက်သွယ်ရေး လိုအပ်ချက်များ အားလုံးကို တစ်နေရာတည်းတွင် ဖြည့်ဆည်းပေးမည့် Integrated Solution
Remote connectivity management နှင့် static IP addressing စသည့် လုံံခြုံရေး လိုအပ်ချက်များကို အပြည့်အဝဖြည့်ဆည်းပေးနိုင်သည့် သုံးစွဲမှုပုံစံအလိုက် ပြောင်းလဲပေးနိုင်သော ကွန်ရက်
ပိုမိုမြင့်မားသည့် ဝန်ဆောင်မှုနှင့် တည်ငြိမ်မှုကို အသင့်ထည့်သွင်းပေးထားပြီး စွမ်းဆောင်ရည်ကို စီမံခန့်ခွဲနိုင်သည်။