Press Release

တယ်လီနောမြန်မာ ဆင်းမ်ကတ်များဖြင့် ဥရောပနိုင်ငံများတွင် လွယ်ကူစွာ အင်တာနက်အသုံးပြု နိုင်ပြီ

05 October, 2018 - Yangon

  • Europass အမည်ဖြင့် အစီအစဉ်သစ်တစ်ရပ်အား မိတ်ဆက်ခဲ့ပြီဖြစ်ရာအသုံးပြု သူများအနေနှင့် ဥရောပနိုင်ငံများတွင် ၉၀ ရာခိုင်နှုန်းအထိ စျေးနှုန်းပိုမိုသက်သာစွာ အင်တာနက်အသုံးပြု​ နိုင်မည်ဖြစ်
  • ၇ ရက်ကြာမြင့်မည့် အစီအစဉ်အတွက် စာရင်းပေးသွင်းခ ၅,၀၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး ယူကေ၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေ၊ ရှရှား၊ ဖင်လန်၊ နယ်သာလန်၊ ဟန်ဂေရီ၊ ဘူဂေးလ်ရီးယား၊ ဆားဘီးယားနှင့် မွန်တီနီဂရိုး အစရှိသည့် ဥရောပနိုင်ငံ ၁၄ နိုင်ငံ တွင် 1 MB လျှင် ၅၀ ကျပ် နှုန်းထားဖြင့် မြန်နှုန်းမြင့် အင်တာနက်အား အသုံးပြု နိုင်မည်ဖြစ်

မကြာမီ ရောက်ရှိလာတော့မည့် အားလပ်ရက်များအတွင်း ဥရောပနိုင်ငံများသို့ စီးပွားရေးကိစ္စနှင့်ဖြစ်စေ၊ အပန်းဖြေခရီးအတွက်ဖြစ်စေ သွားရောက်ကြမည့်သူများအတွက် တယ်လီနောဆင်းမ်ကတ်ဖြင့် နိုင်ငံရပ်ခြား အင်တာနက်အသုံးပြု နိုင်မည့် အထူးအစီအစဉ်တစ်ရပ်အား တယ်လီနောက စတင်မိတ်ဆက် လိုက်ပြီဖြစ်သည်။ Europass ဟုအမည်ရသည့် ပရိုမိုးရှင်း အစီအစဉ်အသစ်ကို အသုံးပြု သူများသည် ဥရောပ ၁၄ နိုင်ငံတွင် ၁ MB လျှင် ၅၀ ကျပ်နှုန်းထားဖြင့် စျေးနှုန်းချိုသာစွာဖြင့် အသုံးပြု နိုင်တော့မည် ဖြစ်သည်။ ဤ Europass အစီအစဉ်သည် တယ်လီနောအသုံးပြု သူများ ကမ္ဘာတစ်ဝန်းနှင့် လွယ်ကူစွာ ချိတ်ဆက်နိုင်စေရန် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများကို ဆန်းသစ်သော ပုံစံဖြင့် ပေးအပ်သွား ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ဤ အထူးပရိုမိုးရှင်း အစီအစဉ် Europass အား စက်တင်ဘာလ ၄ ရက်နေ့မှ စတင်ကာ ထပ်မံမကြေညာမီအချိန်အထိ ရက်သတ္တပတ် တစ်ပတ်လျှင် စာရင်းပေးသွင်းခ ၅,၀၀၀ ကျပ်နှုန်းထားဖြင့် အသုံးပြု နိုင်မည် ဖြစ်သည်။ Europass အစီအစဉ်အား အသုံးပြု ၍ ယူကေ၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေ၊ ရှရှား၊ ဖင်လန်၊ နယ်သာလန်၊ ဟန်ဂေရီ၊ ဘူဂေးလ်ရီးယား၊ ဆားဘီးယားနှင့် မွန်တီနီဂရိုး အစရှိသည့် ဥရောပနိုင်ငံ ၁၄ နိုင်ငံတွင် လွယ်ကူစွာ အင်တာနက် အသုံးပြု နိုင်မည် ဖြစ်မည်။ အဆိုပါ နိုင်ငံများတွင် အင်တာနက် အသုံးပြုရာ၌ ပုံမှန်ကျသင့်ငွေနှုန်းထားသည် 1 MB လျှင် ၅၀၀ ကျပ်ခန့် ရှိသည့်အတွက် Europass အား အသုံးပြ ခြင်းဖြင့် တယ်လီနော အသုံးပြု သူများ အနေနှင့် ဥရောပသို့ ခရီးသွားလာနေသည့် အချိန်များတွင် မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှု အစီအစဉ်အား ၉၀ ရာခိုင်နှုန်းအထိ ပိုမို သက်သာသော နှုန်းထားဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

“တယ်လီနောအနေနဲ့ အသုံးပြုသူတွေအတွက်အမြဲတမ်း အဓိက ထား စဉ်းစားလုပ်ဆောင်နေပြီး အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေကို ပေးဖို့က တယ်လီနောအတွက်နံပါတ်တစ် ဦးစားပေးအချက်ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အရှေ့တောင် အာရှနဲ့ အာရှတိုက်တစ်ဝန်းက နိုင်ငံတွေအတွက် စျေးနှုန်းအသက်သာဆုံး နိုင်ငံရပ်ခြား အင်တာနက်အသုံးပြု မှု အစီအစဉ်တွေကို မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပြီး အခု Europass အစီအစဉ်ကတော့ ဥရောပတိုက်အတွက် ပထမဦးဆုံးဖြစ်ပါတယ်။ အခုတစ်ခါ Europass ပရိုမိုးရှင်းကိုအသုံးပြုပြီး ဥရောပတိုက်က နိုင်ငံပေါင်း ၁၄ နိုင်ငံမှာ အသက်သာဆုံးနှုန်းထားနှင့် အင်တာနက်အသုံးပြုနိုင်မှာ ဖြစ်ပြီး တယ်လီနောသုံးစွဲသူတွေအနေနဲ့ Eiffel Tower၊ Big Ben နှင့် Roman Colosseum လိုအထင်ကရနေရာတွေမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အလွယ်တကူ မျှဝေနိုင်မှာ ဖြစ်တဲ့အပြင် စီးပွားရေးကိစ္စနှင့် သွားရောက်သူတွေ အနေနခ့လည်း အလုပ်အီးမေးလ်တွေကို အလွယ်တကူ ဖတ်ရှုသွားနိုင်တော့မှာ ဖြစ်ပ တယ်။ ဒါ့အပြင် တယ်လီနော အသုံးပြ သူတွေအနေနဲ့ဥရောပတိုက်ကို သွားရောက်တဲ့အခါမှာ ရောက်တဲ့ နိုင်ငံတိုင်းက လေဆိပ်တိုင်းမှာ ဆင်းမ်ကတ်အသစ်တွေ ဝယ်ယူနေစရာ မလိုတော့ဘဲ ဒီ Europass အစီအစဉ်ကို ရယူရုံနဲ့ လွယ်ကူစွာ အင်တာနက်အသုံးပြ နိုင်တော့မှာ ဖြစ်ပ တယ်” ဟု တယ်လီနောမြန်မာ ၏ Head of International and Wholesale Business ဖြစ်သူ ဦးလှိုင်ညွှန့်က ပြောကြားသည်။

အသုံးပြု သူများသည် *979*2*5*4# သို့ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ 500 သို့ E14 ဟု စာတိုပေးပို့ခြင်းဖြင့် ဖြစ်စေ Europass အစီအစဉ်အား ရယူနိုင်မည် ဖြစ်သည့်အပြင် My Telenor app မှတဆင့်လည်း ရယူနိုင်မည် ဖြစ်သည်။ ဤ နိုင်ငံရပ်ခြား အင်တာနက်အသုံးပြ မှု အထူးအစီအစဉ်သည် အလိုအလျောက် ထပ်မံသက်တမ်း တိုးမည်မဟုတ်ဘခ ရ ရက်ကြာမြင့်ပြီးသည့်နောက်တွင် အသုံးပြု သူများအနေနှင့် အဆိုပ Europass အစီအစဉ်အား ထပ်မံစာရင်းပေးသွင်းရယူရမည် ဖြစ်သည်။

ပိုမိုကျယ်ပြန့်လာသည့် တယ်လီနော၏ နိုင်ငံတကာ roaming ကွန်ရက်

စက်တင်ဘာလအတွင်းတွင် တယ်လီနောမြန်မာသည် ‘ASIA 9’ အမည်ရ ပရိုမိုးရှင်းအစီအစဉ်အသစ် တစ်ခုကိုလည်း တယ်လီနော၏ prepaid နှင့် star post-paid အသုံးပြ သူများအတွက် မိတ်ဆက်ခခ့ပြီး အပတ်စဉ် စာရင်းပေးသွင်းခ ၉၀၀ ကျပ်ပေးသွင်းရုံဖြင့် ဗီယက်နမ်၊ ပ ကစ္စတန်၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ နှင့် အင်ဒိုနီးရှား နိုင်ငံများတွင် ပြည်တွင်းနှုန်းထား အတိုင်း 1 MB လျှင် ၉ ကျပ် (ကုန်သွယ်လုပ်ငန်းခွန် မပ ) ဖြင့် အင်တာနက်အသုံးပြ နိုင်ပြီ ဖြစ်သည်။

တယ်လီနော ဆင်းမ်ကတ်င်းကတ်အသုံးပြု နိုင်သော နိုင်ငံများ၊ roaming မိတ်ဖက် မိုဘိုင်းအော်ပရေတာများ ပိုမို တိုးပွားလာ သည်နှင့် အတူ အသုံးပြု သူများ ခရီးသွားလာနေစဉ်သော်လည်းကောင်း၊ နိုင်ငံတွင်းမှတဆင့် နိုင်ငံ ပြင်ပရှိ မိသားစုများ၊ မိတ်ဆွေ သူငယ်ချင်းများနှင့့် ဆက်သွယ်နိုင်ရန်ရည်ရွယ်၍ လွယ်ကူသက်သာသော ဝန်ဆောင်မှုများကို တယ်လီနောမှ ပေးအပ်လျက်ရှိသည်။ တယ်လီနော၏ 4G roaming ၀န်ဆောင်မှုအား လက်ရှိတွင် တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ယူအေအီး၊ ကနေဒ ၊ မကာအို၊ ထိုင်ဝမ်နှင့် နော်ဝေတို့တွင် သုံးစွခနိုင်နေပြီဖြစ်ပြီး အခြားနိုင်ငံများတွင်ပ သုံးစွဲခနိုင်စေရန် ဆက်လက် ဆောင်ရွက်လျက် ရှိသည်။ ယခုလက်ရှိတွင် နိုင်ငံပေါင်း ၁၂၀ နိုင်ငံတွင် ရောက်ရှိလာသူ တယ်လီနော သုံးစွဲခသူများသည် ယင်းနိုင်ငံများရှိ မိတ်ဖက်အော်ပရေတာပေ င်း ၁၆၁ ခု၏ ကွန်ရက်ကို ချိတ်ဆက် အသုံးပြု နိုင်နေပြီ ဖြစ်ပြီး ပြည်ပ နိုင်ငံပေါင်း ၁၃၃ နိုင်ငံမှ မိတ်ဖက်အော်ပရေတာပေ င်း ၂၂၃ ခု၏ သုံးစွခသူ များသည် မြန်မာနိုင်ငံ အတွင်း တယ်လီနော ကွန်ရက်ကို ချိတ်ဆက်အသုံးပြု နိုင်နေပြီ ဖြစ်ပ သည်။

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor