14 November, 2018 - Yangon
ယခုနှစ်၏ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့ အထိမ်းအမှတ်အဖြစ် တယ်လီနောသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးဖြစ်လာမည့် ‘ဘေးကင်းသော အင်တာနက်’ ဟောပြောပွဲများအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ ဟောပြောပွဲ တစ်ခု ချင်းစီသည် မိနစ် ၉၀ ခန့် ကြာမြင့်မည် ဖြစ်ပြီး အဆိုပါနေ့တွင် မြန်မာနိုင်ငံရှိ အစိုးရကျောင်းနှင့် အလင်းအိမ်စင်တာများ အပါအဝင် နေရာပေါင်း ၃၃ ခု၌ ဟောပြောပွဲများအား တစ်ချိန်တည်းတပြိုင်နက် ကျင်းပသွားမည် ဖြစ်သည်။ ဟောပြောပွဲများတွင် ပညာရေးနှင့်ပတ်သက်သည့် အင်တာနက်၏ အကျိုးကျေးဇူးများ၊ အွန်လိုင်းပေါ်တွင် လုံခြုံ စိတ်ချစွာ နေထိုင်နိုင်မည့်နည်းလမ်းများအား အဓိကထား ဆွေးနွေးသွားမည် ဖြစ်ပြီး ကလေးငယ်များ အင်တာနက်တွင် လုံခြုံစွာ နေထိုင်နိုင်စေမည့် အသိပညာများအား မီးမောင်းထိုး တင်ပြသွားမည် ဖြစ်သည်။
“ပြည်သူလူထုအတွက် အကျိုးရှိစေဖို့နဲ့ သူတို့ရဲ့ နေ့စဉ်ဘဝတွေ ပိုမိုမြင့်မားလာအောင် လုပ်ဆောင်ပေးနိုင်ဖို့ ရည်သန်ထားတာနဲ့အညီ တယ်လီနောမြန်မာအနေနဲ့ ကောင်းမွန်ပြီး အကျိုးရှိစေမယ့် လှုပ်ရှားမှုတိုင်းမှာ ပါဝင် လုပ်ဆောင်သွားဖို့ အမြဲတမ်းအသင့်ရှိနေပါတယ်။ ကလေးသူငယ်တွေဟာ အနာဂတ်ကမ္ဘာကို ထုဆစ်ပုံဖော်သွားမယ့် သူတွေ ဖြစ်တာနဲ့အညီ ကလေးငယ်တစ်ယောက်စီတိုင်းကို ဘေးအန္တရာယ်တွေ မကျရောက်စေအောင် ကာကွယ်ပေး ဖို့နဲ့ သူတို့ စိတ်ဝင်စားတဲ့ အရာတွေကို ရှာဖွေတွေ့ရှိလာနိုင်အောင် အားပေးကူညီဖို့ဟာ အရေးကြီးတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ အခုမကြာခင်မှာ ကျရောက်တော့မယ့် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့မှာ တယ်လီနော အနေနဲ့ တစ်ကမ္ဘာလုံးနဲ့အတူ ရပ်တည်သွားမှာဖြစ်ပြီး အင်တာနက်ကို ဘေးကင်းလုံခြုံစွာနဲ့ အကျိုးရှိစွာ အသုံးပြုနိုင်စေ မယ့် အသိအမြင်၊ ဗဟုသုတတွေကို ကလေးငယ်တွေကို အသိပညာပေးသွားနိုင်ဖို့ရည်ရွယ်ပြီး ကျွန်တော်တို့ရဲ့ ‘ဘေးကင်းသော အင်တာနက်’ ဟောပြောပွဲတွေကို ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ အသီးသီး ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု တယ်လီနော မြန်မာ၏ ရေရှည်တည်တံ့သော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍတာဝန်ခံ ဦးမင်းသူက ပြောကြားသည်။
နိုင်ငံတစ်ဝန်းရှိ လူငယ်များ အင်တာနက် အသုံးပြုရာတွင် ဘေးကင်းလုံခြုံမှုရှိစွာနှင့် တာဝန်သိစွာ အသုံးပြုတတ်စေရန် အသိပညာပေးလိုသည့် ရည်ရွယ်ချက်ဖြင့် တယ်လီနောမြန်မာသည် ၎င်း၏ ‘ဘေးကင်းသော အင်တာနက်’ အသိပညာပေး ဟောပြောပွဲများအား ၂၀၁၆ ခုနှစ်မှ စတင်ကျင်းပခဲ့သည်။ အဆိုပါ ဟောပြောပွဲများတွင် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ရည်မှန်းချက်များကို အင်တာနက်မှတဆင့် အကောင်အထည်ဖော် လုပ်ဆောင်နိုင်စေရန်၊ အင်တာနက်ကို အသုံးပြုသည့်အခါတွင် တာဝန်သိသိနှင့် ဘေးကင်းစွာ အသုံးပြုတတ်စေရန် စိတ်ဝင်စားဖွယ် ကာတွန်းဗီဒီယိုများကို အသုံးပြု၍ အသိပညာပေးမှုများ ပြုလုပ်သွားမည့်အပြင် မိဘများအနေဖြင့် ကလေးငယ်များနှင့် အင်တာနက်အကြောင်း ဆွေးနွေးသည့်အခါတွင် အထောက်အကူဖြစ်စေမည့် နည်းလမ်းများကိုလည်း ဆွေးနွေး သွားမည် ဖြစ်သည်။
ကမ္ဘာတစ်ဝန်းမှ ကလေးငယ်များ၏ အရေးပါမှုများကို နိုင်ငံတကာမှ သိရှိလာနိုင်စေရန်နှင့် ၎င်းတို့၏ လိုအပ်ချက်များကို ပိုမို ဝိုင်းဝန်း ဖြည့်ဆည်းပေးလာနိုင်စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့အား ၁၉၅၄ ခုနှစ်မှ စတင်၍ နှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့တိုင်းတွင် စီစဉ်ကျင်းပခဲ့ကြသည်။ ၁၉၉၀ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့သည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူညီမှုစာချုပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အတည်ပြု လတ်မှတ်ရေးထိုးကြေညာခဲ့သည့် နေ့တစ်နေ့အဖြစ်လည်း ရပ်တည်ခဲ့သည်။ နှစ်စဉ် အဆိုပါနေ့တွင် မိဘများ၊ ဆရာများ၊ သူနာပြုနှင့် ဆရာဝန်များ၊ အစိုးရခေါင်းဆောင်များ၊ အများပြည်သူဆိုင်ရာ တက်ကြွလှုပ်ရှားသူများ၊ အဖွဲ့အစည်းအသီးသီးမှ ဦးဆောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မီဒီယာကျွမ်းကျင်သူ များနှင့်အတူ လူငယ်လူရွယ်များနှင့် ကလေးသူငယ်များက အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့ အထိမ်းအမှတ် အဖြစ် ၎င်းတို့၏ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံများအသီးသီးတွင် အစီအစဉ်များ၊ လှုပ်ရှားမှုများကို ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ယခုနှစ်၏ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့တွင် ကမ္ဘာတစ်ဝန်းမှ ပါဝင်လှုပ်ရှားသူများသည် အပြာရောင် ဝတ်စုံများ၊ အဆင်တန်ဆာများနှင့်အတူ ဆင်နွှဲကြမည်ဖြစ်ပြီး လူမှုကွန်ရက်မီဒီယာများတွင်လည်း အမှာစကားများအား မျှဝေသွားကြမည် ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ကမ္ဘာအကြီးမားဆုံးသော စာသင်ကြားမှု အစီအစဉ်တွင်လည်း ပါဝင်သွားကြမည်ဖြစ်သည်။ အလားတူပင် အဖွဲ့အစည်းများ၊ ကုမ္ပဏီများသည်လည်း အပြည်ပြည်ဆိုင်ရာ ကလေး သူငယ်များနေ့ အထိမ်းအမှတ်အဖြစ် ၎င်းတို့၏ ဝက်ဘ်ဆိုက်များ၊ လူမှုကွန်ရက်စာမျက်နှာများအား အပြာရောင်သို့ ပြောင်းလဲတန်ဆာဆင်သွားကြမည်ဖြစ်သည်။ ယင်းနေ့အထိမ်းအမှတ်အဖြစ် တယ်လီနောမြန်မာကလည်း ကိုယ်ပိုင် Facebook Profile ဘောင်ပုံစံသစ်တစ်ခုအား ဖန်တီးပြုလုပ်ထားပြီး ဖြစ်သည့်အတွက် အပြည်ပြည်ဆိုင်ရာ ကလေး သူငယ်များနေ့အား အားပေးထောက်ခံလိုသူများသည် အဆိုပါ ဘောင်ပုံစံအသစ်အား ပြောင်းလဲအသုံးပြုသွားနိုင်ပြီ ဖြစ်သည်။
တယ်လီနောမြန်မာသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အနာဂတ်သို့ လျှောက်လှမ်းရမည့်လမ်းစဉ်တွင် လိုအပ်သော အခြေခံအုတ်မြစ်များအား တည်ဆောက်နိုင်စေရေး အထောက်အကူပြုမည့် စီမံကိန်းများကို ၎င်း၏ လူမှုအကျိုးပြု စီမံကိန်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြုလုပ်လျက်ရှိသည်။ ၎င်း၏ အလင်းအိမ် ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးရေးစင်တာများသည် လက်ရှိ တွင် ကျောင်းသားကျောင်းသူပေါင်း ၁၃၀,၀၀၀ ကျော်အား စမတ်ဖုန်းနှင့် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်းများ သင်ကြားပေး ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် တယ်လီနော၏ ‘ဘေးကင်းသော အင်တာနက်’ အစီအစဉ်များမှတဆင့် အင်တာနက်အား အကျိုးရှိစွာနှင့် ဘေးကင်းစွာ မည်သို့ အသုံးပြုရမည်ဆိုသည့် အချက်များကို အစိုးရ ကျောင်းသားကျောင်းသူပေါင်း ၂၂၂,၀၀၀ ကျော်အား သင်ကြားပေးခဲ့ပြီး ဖြစ်သည်။
ထို့အပြင် တယ်လီနောသည် မကြာသေးမီကလည်း နွေရာသီကျောင်းပိတ်ရက် ၃ လတာ ကာလအတွင်း ဒစ်ဂျစ်တယ် နည်းပညာသင်တန်း အပတ်စဉ် ၄ ခုအား အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ဒစ်ဂျစ်တယ် နည်းပညာများ နှင့်အတူ အင်တာနက်အား ဘေးကင်းစွာ အသုံးပြုနိုင်မည့် အချက်များကို နိုင်ငံတစ်ဝန်းရှိ ကျောင်းသားကျောင်းသူ ပေါင်း ၂၅,၀၀၀ ကျော်အား သင်ကြားပေးနိုင်ခဲ့သည်။ ထို့အပြင် Myanmar Metropolitan College နှင့် ပူးပေါင်း၍ မဟာဗျူဟာမြောက် အိုင်စီတီ စီမံခန့်ခွဲမှုဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ (MBA) အတွက် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၀ ဦးအား ၄ နှစ်ကျော် ကြာ ပညာသင်ဆုများ ပေးအပ်သွားမည့် အစီအစဉ်တစ်ရပ်ကိုလည်း မကြာမီက စတင်လုပ်ဆောင်ခဲ့သည်။
No | Lighthouse Name | Address |
---|---|---|
1 | lighthouseohnchaw | Mandalay Division, Pathein Gyi Tsp, Ohn Chaw ward |
2 | lighthousekyankhin | No.114, Thiet Pan Road, Kyankhinn Township, Ayeyarwaddy Region. |
3 | lighthouseminbu | No 1, Minbu-Sagu Road, No 3 Quarter, Minbu Township, Magway. |
4 | lighthouseyesagyo | Corner of Bo Gyoke Road and Myo Pat Road, Yesagyo |
5 | lighthouseMyingyan | No 7, Room 2, Bogyoke Street, Myin Gyan, Mandalay |
6 | lighthouseBago | No 340, Junction Ba Htoo, Oakthar Myothit, Bago. |
7 | lighthouseKalay | Bogyoke Street, Taung Za Lat Qtr, Ka Lay Tsp, Sagaing Division |
8 | lighthouseMatupi | Bogyoke Street, East Kho Bway Qtr, Matupi, Chin. |
9 | lighthousePyinoolwin | No 105/B, PaDauk Street, YaKaKa 6, Pyin Oo Lwin. |
10 | lighthouseMyitkyina | No. 458, quarter 7, Golf club, DukaTaung Ward, Myintkyina |
11 | lighthouseKyunhla | No 1245, Bogyoke Aung San Street, Padauk Myaing Qtr, Kyun Hla Tsp, Sagaing Division |
12 | lighthouseKanpetlet | Myoma(2), Kanpetlet, Chin State |
13 | lighthousewetlet | kawtaw village,wetlet township,Shwebo district |
14 | lighthousebilin | No 36, Kan Tar Yar 7 Qtr, Myo Pat Street, Belin, Mon State |
15 | lighthousetharzi | MCC Thazi, No 5 Qtr, Thazi Market Building, Thazi, Mandalay |
16 | lighthousepaukhaung | 1/50,Pyay-TaungNgu Rd,No 1 Qtr,Pauk Khung |
17 | lighthouselunglone | No.8,Thirimingalar Rd,Laung Lone,Dawai division |
18 | lighthouseyamethin | 135, Mingalar Kyone Street, Yamethin |
19 | lighthousezinkyike | No(31) 7 Qtr, Main Road, Zinkyaik |
20 | lighthousemehtila | Kan Yeik Tar Street, North (64), Lin Zin Qtr, Meikhtila, Mandalay Division. |
21 | lighthousepyay | No.1754, Wer Yone St., Tayote Su Quarter, Pyay(N.C.C Traning |
22 | lighthousetatkone | No 646, Lanmadaw Street, Nay Pyi Taw, Tat Kone. |
23 | lighthousepyawbwe | Myo Ma Qtr, PBE, Pyaw Bwe. |
24 | lighthousetaungtha | infront of Tharthana Bait Man, Lanmadaw road, Taung Tha |
25 | lighthousemyittha | Loat Arr Kyay Mone Hall, Bogyok Road, Myittha |
26 | lighthousePhyu | No 109, 36th Street,(Shan Path), Oak Phyat Qtr, Phyu. |
27 | lighthouseTaze | coner of Bayin naung road and Yinmar road, Myitta Myaing Quarter, Taze |
28 | lighthousetwaytay | No(26) Shwe San Taw, Shwe San Taw Ward, Twantay Township |
29 | lighthouseyintaw | Pyaw Bwe, Yin Taw Myo Ma. |
30 | lighthousesintgaing | Tayoke su Qtr, yangon- mandalay highway road sinkaing Tsp |
31 | lighthousekyaukse | IBCT Kyauk Se, Near GTC, Ye Su Qtr, Kyauk Se, Mandalay Division. |
32 | lighthousethaton | No(281) Zay Gyi Sreet,Thaton |
33 | lighthousepwint phyu | No. 161, Myo Pat Lann, Ashae Pine Ward, Pwint Phyu |
34 | lighthousedemoso | Tha/20, Aung Tha Pyay Qtr, Ngwetaung Village,Demoso TS,Kayar State |
35 | lighthousetamu | Zay Tan (7), MaHuyar Street, Zewaka Street, Tamu, Sagaing Division. |
36 | lighthousehlaing thar yar | 1245(ka),Nawaiday, Hlaingtharyar |
37 | lighthousema u pin | No 369 - B 5, 7 ward, Yaelae road, Maubin Tsp, Ayyerwaddy Division |
38 | lighthousemyeik | No.40,Baho Rd,Myint Nge Qt,Myeik |
39 | lighthousenat mauk | No.187,Taungdwin Rd,Zay Qtr,Natmauk |
40 | lighthousemohnyin | No 2, 145 Nar Khar, North Qtr, near the white elephant image, Moe Nyin |
41 | lighthouserathedaung | Yan Aung Pyin Village, Rathadaung Tsp, Rakhine State |
42 | lighthouseponnagyun | Kyaung Tat Street, beside the Myo Ma Monastery, Yangon-Sittway High way Road, Ponnagyun, Yakhine State. |
43 | lighthousehlaingkar | No.83,Hlaing Kar Village,Kawtheinsu Group,Naung Lone,Ei Du.Kayin State |
44 | lighthousemin tat | mindat-matupi road, Sanpya mindat |
မီဒီယာများ ဆက်သွယ်ရန်
ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ