Press Release

စတား အဆင့်ရ တယ်လီနောသုံးစွဲသူ ၂ဦး Oway Travel ၏ စင်ကာပူ ခရီးစဉ်ကံထူး

09 August, 2018 - Yangon

  •  စတား အဆင့်ရ တယ်လီနောသုံးစွဲသူ ၂ ဦးအား ၃ ညအိပ် / ၄ ရက် စင်ကာပူ အသွားအပြန်ခရီးစဉ် ဆုမဲများ   ပေးအပ်ချီးမြှင့်ခဲ့
  • တယ်လီနောစတား အဆင့်ရ အသုံးပြုသူများအနေနှင့် တယ်လီနော၏မိတ်ဖက်ကုမ္ပဏီ ၃၀ နီးပါးက ပေးအပ်သော အထူး ခံစားခွင့်များအား ရရှိနိုင်မည်ဖြစ်ပြီး လာမည့် ရက်သတ္တပတ်များတွင် မိတ်ဖက်ကုမ္ပဏီအရေအတွက် ၂ ဆ အထိ တိုးမြှင့်ရန်ရှိ

မြန်မာနိုင်ငံ၏ ထိပ်တန်းခရီးသွားကုမ္ပဏီတစ်ခု ဖြစ်သော Oway နှင့် တယ်လီနောမြန်မာတို့ပူးပေါင်းမှုအရ စင်ကာပူခရီးစဉ်ကံထူးသူ စတားအဆင့်ရ တယ်လီနောသုံးစွဲသူ ၂ ဦးအား မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (UMFCCI) ရုံးချုပ်တွင် ယနေ့ကျင်းပပြုလုပ်သော ဆုချီးမြှင့်ပွဲ အခမ်းအနား၌ ဆုများပေးအပ်ခဲ့သည်။

ဤအခမ်းအနားသည် Oway Group နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းကြီးများ ဖြစ်သော တယ်လီနောမြန်မာ၊ Nok Air နှင့် Vince Hotel Bangkok တို့ ပူးပေါင်းကျင်းပခဲ့သည့် ကံစမ်းမဲ အစီအစဉ်တွင်  ကံထူး ခဲ့သူများအား ဆုချီးမြှင့် ပေးအပ်ပွဲ အခမ်းအနားဖြစ်ပြီး အဆိုပါ ကံစမ်းမဲ အစီအစဉ်တွင် Oway ၏ မိုဘိုင်းခရီးသွားအက်ပလီကေးရှင်းကို download ရယူစာရင်းပေးသွင်းထားသူ မည်သူမဆို အလိုအလျောက် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ကံစမ်းမဲ အစီအစဉ်တွင် မြန်မာငွေကျပ် ၉ သိန်းဆု တစ်ဆု၊ ဘန်ကောက်ခရီးစဉ် ၉ ဆုနှင့် iPhone X ၁ ဆုတို့အတွက် ကံထူးရှင်များအား ရွေးချယ်ပေးအပ်ခဲ့သည့်အပြင် တယ်လီနောစတား အဆင့်ရ အသုံးပြုသူ ၂ဦးကိုလည်း စင်ကာပူသို့ ၃ ညအိပ် / ၄ ရက် အသွားအပြန် လေယာဉ်လက်မှတ်နှင့် ဟိုတယ်ခများပါဝင်သည့် ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

“ဒီလိုဆုမဲတွေကို ဆွတ်ခူးရရှိခဲ့တဲ့ ကျွန်တော်တို့ရဲ့ စတားအဆင့်ရ အသုံးပြုသူ ၂ ဦးစလုံးအတွက် အထူးဝမ်းမြောက်မိပြီး သူတို့အတွက် ဒီစင်ကာပူ ခရီးစဉ်ဟာ အမှတ်ရစရာ ခရီးစဉ်တစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ တန်ဖိုးထားရတဲ့ တယ်လီနောသုံးစွဲသူတွေကို ဒီလိုအထူးခံစားခွင့်တွေ ပေးအပ်ချီးမြှင့်နိုင်ဖို့ ပူးပေါင်းပါဝင်ပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက် Oway ကိုလည်း ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်။ တယ်လီနောအနေနဲ့ ပိုမိုဆန်းသစ်ပြီး စျေးနှုန်းသက်သာတဲ့ ခံစားခွင့်တွေနဲ့အတူ ဝန်ဆောင်မှုတွေကို အဆင့်မြှင့်တင်သွားဖို့ အစဉ်အမြဲ ရည်သန်ထားပြီး တယ်လီနောကို ရေရှည်အသုံးပြုသူတွေအတွက်လည်း စိတ်လှုပ်ရှားဖွယ်ရာ အခွင့်အလမ်းတွေကို ဆက်လက်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ စတားအဆင့်ရအသုံးပြုသူတွေအနေနဲ့ မကြာမီကာလမှာ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ အကျိုးခံစားခွင့်တွေကိုလည်း ထပ်မံရရှိလာနိုင်တော့မှာလည်း ဖြစ်ပါ တယ်” ဟု တယ်လီနော၏ စျေးကွက်ဖော်ဆောင်ရေးဆိုင်ရာ အရာရှိချုပ်ဖြစ်သူ Amaresh Kumar က   ပြောကြားသည်။

တယ်လီနောမြန်မာ၏ကွန်ရက်နှင့် ဝန်ဆောင်မှုများကို အစဉ်တစိုက် အသုံးပြုခဲ့ကြသူများအား အသိအမှတ်ပြုကျေးဇူး တုံ့ပြန်ခြင်းအဖြစ် အကျိုးခံစားခွင့်အများအပြားကို ပေးအပ်ခြင်းဖြစ်သည့် တယ်လီနောစတား အစီအစဉ်ကို ပြီးခဲ့သည့် ဇွန်လအတွင်း တယ်လီနောမြန်မာက စတင်မိတ်ဆက်ခဲ့သည်။ လက်ရှိတွင် တယ်လီနောသည်မိတ်ဖက်အဖွဲ့အစည်း၃၀နီးပါးနှင့်ပူးပေါင်းကာ၎င်း၏ စတားအဆင့်ရအသုံးပြုသူများအတွက် အဆင့်အလိုက် အကျိုးခံစားခွင့်များပေးအပ်လျက်ရှိပြီး အဆိုပါ မိတ်ဖက်အဖွဲ့အစည်းများ၏ အရေအတွက်ကို လာမည့်ရက်သတ္တပတ်များတွင် ၂ ဆ အထိတိုးမြှင့်သွားမည်ဖြစ်သည်။

တယ်လီနောမြန်မာသည် လက်ရှိတွင် ၎င်း၏ 3G နှင့် 4G ကွန်ရက်တို့ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ အသုံးပြုသူပေါင်း ၁၉ သန်းကျော်ကို ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။ နိုင်ငံတဝန်းရှိ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၈,၀၀၀ ကျော်နှင့်အတူ တယ်လီနောသည် မြန်မာနိုင်ငံ၏ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံထားပြီး ဖြစ်သကဲ့သို့ ၎င်း၏ 4G ကွန်ရက်သည်လည်း နိုင်ငံတဝန်းရှိ မြို့ကြီးနှင့် မြို့နယ်ပေါင်း ၁၈၀ ကျော်အား အောင်မြင်စွာ လွှမ်းခြုံထားပြီး ဖြစ်သည်။

 

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor