Press Release

တယ်လီနောမြန်မာ (၅) နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် CB အာမခံနှင့်ပူးပေါင်းကာ အသေးစား အာမခံဝန်ဆောင်မှုသစ်ကို မိတ်ဆက်

27 September, 2019 -

  • တယ်လီနောမြန်မာသည် CB အာမခံနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံ၌ ပထမဆုံး စိတ်ချလိုက်ဖ် အသေးစား အာမခံ ဝန်ဆောင်မှု စတင်မိတ်ဆက်ပြီး ၎င်း၏ (၅) နှစ်ပြည့်အထိမ်းအမှတ်ပွဲကို ကျင်းပ
  • CB အာမခံနှင့် တယ်လီနောတို့ပူးပေါင်း၍ ဒစ်ဂျစ်တယ်ခြေလှမ်းသစ် တစ်ခုအဖြစ် မြန်မာနိုင်ငံအနှံ့ ငွေ‌ကြေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်

ထို့ပြင်CB အသက်အာမခံသည် မြန်မာပြည်၏ ငွေကြေးစျေးကွက်တွင် ခိုင်မာသောအမှတ်တံဆိပ်တစ်ခုအနေဖြင့် ရပ်တည်နေသော CB ဘဏ်နှင့် ဘဏ္ဍာရေးအုပ်စုတစ်ခုတည်းအောက်တွင် တည်ရှိနေသဖြင့် လွန်ခဲ့သော (၆) နှစ်အသက်အာမခံလုပ်ငန်းစတင်ချိန်မှ စ၍ ဖွံ့ဖြိုးလာသောအသက်အာမခံစျေးကွက်တွင် သုံးစွဲသူများ၏ ယုံကြည်မှုကိုအပြည့်အဝရရှိထားပြီးဖြစ်သည်။

နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံမတူညီမျှမှုအား လျှော့ချပေးခြင်း ကမ္ဘာအနှံ Sustainable Developmentအတွက် လက်တွေ့အကောင်အထည် ဖော်ကာလက်တွဲမှုခိုင်မာစေခြင်း

စက်တင်ဘာ ၂၇ ရက်၊ ၂၀၁၉ ခုနှစ်၊ ရန်ကုန်။            ။ တယ်လီနောအသုံးပြုသူများကို ကျေးဇူးဥပကာယ တင်ရှိသောအားဖြင့် တယ်လီနောမြန်မာသည် ၎င်း၏ ငါးနှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို စျေးကွက်အတွင်း ပထမဆုံးဖြစ်လာမည့် နောက်ထပ်ဝန်ဆောင်မှုအသစ်တစ်ခုကို မိတ်ဆက်ခြင်းဖြင့် ဆင်နွှဲကျင်းပသွားမည်ဖြစ်သည်။ CB အာမခံလုပ်ငန်းနှင့် လက်တွဲ ၍ တယ်လီနောမြန်မာ သုံးစွဲသူများအတွက် ဆန်းသစ်ပြီး လူတိုင်းတတ်နိုင်သည့်နှုန်းထားဖြင့် ရယူနိုင်မည့် ကိုယ်အင်္ဂါထိခိုက်မှု အာမခံဖြစ်သော "စိတ်ချလိုက်ဖ်" အာမခံအစီအစဉ်ကို အများပြည်သူထံသို့ ယူဆောင်လာပြီဖြစ်သည်။

တယ်လီကွန်မြူနီကေးရှင်းနှင့် အာမခံလုပ်ငန်းတို့ မိတ်ဖက်ပေါင်းစပ်ထားသော စိတ်ချလိုက်ဖ် အစီအစဉ်သည် မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်ချန်နယ်များမှတစ်ဆင့် ဝယ်ယူရရှိနိုင်သည့် ပထမဆုံး အာမခံအစီအစဉ်ဖြစ်သည်။ အသုံးပြုသူများသည် CB ၏ အသေးစားအာမခံဝန်ဆောင်မှုကို တယ်လီနောဝက်ဘ်ဆိုက်နှင့် MyTelenor အက်ပလီကေးရှင်းမှတစ်ဆင့် လွယ်လွယ်ကူကူ နှင့် လုံခြုံစိတ်ချစွာ ရယူနိုင်ပါသည်။

"စိတ်ချလိုက်ဖ်အာမခံအစီအစဉ်ဟာ တယ်လီနောရဲ့ အရေးအကြီးဆုံး ကတိကဝတ်ဖြစ်တဲ့ လူအချင်းချင်းပိုမိုချိတ်ဆက်ပေးနိုင် ဖို့အတွက် ကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်ပါတယ်။ လူတိုင်းက သူတို့ချစ်တဲ့သူတိုင်းကို အလွယ်တကူ သက်တောင့်သက်သာနဲ့ အကာအကွယ် ပေးနိုင်မယ်ဆိုရင် ကမ္ဘာကြီးက ပိုမိုကောင်းမွန်တဲ့နေရာတစ်ခုဖြစ်လာမယ်လို့ CB အာမခံနဲ့အတူ ကျွန်တော်တို့ တယ်လီနောက ယုံကြည်ပါတယ်။ (၅) ငါးနှစ်ပြည့်အထိမ်းအမှတ်ကို ဆင်နွှဲရာမှာ စီးပွားရေးမှာသာမက လူမှုအကျိုးပြုလုပ်ငန်း တွေမှာပါ ညီတူညီမျှ အောင်မြင်အောင် ကြိုးစားနိုင်ခဲ့တဲ့အတွက် တယ်လီနောမြန်မာအဖွဲ့သားတွေ၊ ကျွန်တော်တို့ရဲ့ စီးပွားရေး မိတ်ဖက် ပါတနာတွေနဲ့ အသုံးပြုသူတွေကို ချီးကျူး ထောမနာပြုလိုပါတယ်။ အခုလို CB အာမခံနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ မြန်မာလူမျိုးတွေအပေါ်ထားရှိတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ဥပမာပြနိုင်မယ်လို့ ယုံကြည်သလို ဒစ်ဂျစ်တယ် အတား အဆီးတွေကို ကျော်ဖြတ်ပြီး မြန်မာနိုင်ငံသားတွေကို အခွင့်အလမ်းတွေ၊ လုပ်ပိုင်ခွင့်တွေပေးနိုင်မယ့် ထုတ်ကုန်တွေ၊ ဝန်ဆောင် မှုလုပ်ငန်းတွေနဲ့ လူမှုအကျိုးပြုအစီအစဉ်တွေကို ယူဆောင်လာပေးနိုင်တဲ့ အနာဂတ်ရောင်ခြည်ဦးကို မြင်တွေ့ရမှာပါ" ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Sharad Mehrotra က ပြောကြားခဲ့သည်။

အသေးစားအာမခံအစီအစဉ်သည် လူလတ်တန်းစားနှင့် ဝင်ငွေနည်းပါးသော အိမ်ထောင်စုများ အာမခံများကိုဝယ်ယူနိုင်ရန် အထူးသဖြင့် အသက်အာမခံကို ဝယ်ယူနိုင်ရန်အတွက် စီစဉ်ထားခြင်းဖြစ်သည်။ အသေးစားအာမခံလုပ်ငန်းသည် သက်သာ သောနှုန်းထားနှင့် နှစ်ဦးနှစ်ဖက်ညှိနှိုင်းရလွယ်ကူသော သတ်မှတ်ချက်များနှင့် ဝယ်ယူနိုင်သောကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြီးခဲ့သည့်နှစ်များအတွင်း လူကြိုက်များလာခဲ့သည်။

တယ်လီနော၏ ကြီးမားကျယ်ပြန့်သောကွန်ရက်နှင့် CB လုပ်ငန်းစု၏ ယုံကြည်စိတ်ချရမှုရှိသော အာမခံလုပ်ငန်းနှင့် ငွေ‌ကြေး စီမံခန့်ခွဲမှုဆိုင်ရာအတွေ့အကြုံတို့ကို ပေါင်းစည်းကာ ဖန်တီးထားသော စိတ်ချလိုက်ဖ်အာမခံအစီအစဉ်သည် ဒစ်ဂျစ်တယ်နည်း ပညာကိုအသုံးပြု၍ မြန်မာနိုင်ငံတွင် ငွေကြေးကဏ္ဍ၌ လူတိုင်းပါဝင်နိုင်အောင် လုပ်ဆောင်ပေးနိုင်ကြောင်းကို ပြသလိုက်ခြင်း ပင်ဖြစ်သည်။

CB အသက်အာမခံလုပ်ငန်း၏ CEO ဖြစ်သောဦးသောင်းဟန်မှ “Mobile Phone သုံးစွဲမှုမြင့်မားခြင်းဟာ အသက်အာမခံ စျေးကွက်ကိုတိုးချဲ့ထိုးဖောက်ဖို့အတွက် အင်မတန် အရေးကြီးပြီးအဓိကကျတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာစေနိုင်တယ်။ တယ်လီနောရဲ့ စျေးကွက်ထိုးဖောက်မှုအရှိန်ဖြင့် မြန်မာလူမျိုးများအတွက် အသက်အာမခံကိုလွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းနှင့် သက်သာလျောက်ပတ်သောစျေးနှုန်းနဲ့ လက်လှမ်းမီဝယ်ယူနိုင်အောင် လုပ်ဆောင်ထားပါတယ်။ ကျွန်တော်တို့ တယ်လီနော မြန်မာရဲ့ အခုလို (၅) နှစ်မြောက် နှစ်ပတ်လည်မှစ၍ နောက်နှစ်ပေါင်းများစွာပို၍ တိုးတက်ပြီးအောင်မြင်တဲ့ စီးပွားဖက် လုပ်ဖော်ကိုင်ဖက်မျိုးအနေနဲ့ လက်တွဲသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ဦးသောင်းဟန်မှ ဆက်လက်ပြီး “၂၀၁၂ ခုနှစ်မှ စပြီးမြန်မာပြည်ရဲ့ အသက်အာမခံစျေးကွက်မှာဦးဆုံးစတင်ဝင်ရောက် လုပ်ကိုင် ခဲ့တဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ ယခု တယ်လီနောရဲ့ စိတ်ချလိုက်ဖ်အာမခံအစီအစဉ်ကတော့  တယ်လီနောသုံးစွဲသူတွေအတွက် အင်မတန်လွယ်ကူရိုးရှင်းစွာဝယ်ယူနိုင်တဲ့ အသက်အာမခံအစီအစဥ်တစ်ခုလို့ ယုံကြည်ပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့ပါ သည်။

CB အာမခံမှ အာမခံနှင့်ပတ်သက်သော လုပ်ငန်းစဉ်များဖြစ်သည့် အာမခံကိစ္စ၊ စုံစမ်းမေးမြန်းမှုများ၊ အာမခံလျော်ကြေး တောင်းဆိုမှုများကို ၎င်း၏ များပြားသောအတွေ့အကြုံနှင့် စွမ်းဆောင်ရည်ကောင်းများအပေါ် အခြေခံ၍ စီမံကွပ်ကဲလုပ် ဆောင်သွားမည်ဖြစ်သည်။ ၎င်းသည် တယ်လီနောအသုံးပြုသူများအတွက် အာမခံအစီအစဉ်များကို အလွယ်တကူ ဝယ်ယူရရှိ နိုင်စေရန်လည်း လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး သုံးစွဲသူများ၏ တုံ့ပြန်ချက်များအပေါ်မူတည်၍ ၎င်းတို့၏ အာမခံအစီအစဉ်ကို အကောင်းဆုံးပေးစွမ်းသွားနိုင်ရန် စီစဉ်ထားရှိသည်။

ဒစ်ဂျစ်တယ်လူမှုအသိုင်းအဝိုင်းသို့ ဦးတည်နေသောမြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ခရီးလမ်းတွင် တစ်တပ်တစ်အား ကူညီထောက် ပံ့သွားမည်ဆိုသော ကတိကဝတ်နှင့်အညီ တယ်လီနောသည်  တာဝန်ယူမှုရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်မည့် လုပ်ငန်းစဉ်များ ကို ဦးတည်သွားမည်ဖြစ်သည်။ တယ်လီနောသည် ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (၁၀) ဖြစ်သော မတူညီမှုများလျှော့ချရေးကို အားသွန်ခွန်စိုက်လုပ်ဆောင်လျက်ရှိသည်။ ဈေးကွက်ထဲ စတင်ဝင်ရောက်လာသည့်နေ့မှစ၍ တယ်လီနောမြန်မာသည် မြန်မာနိုင်ငံအနှံ့မှ သုံးစွဲသူများထံ ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အရည်အသွေး ကောင်းမွန်သော ကွန်ရက်ကို ဦးစားပေးတည်ဆောက်လျက်ရှိသည်။ တယ်လီနောမြန်မာသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အရွေ့အတွက် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ‌‌ကျော် ရင်းနှီးမြှုပ်နှံထားပြီး လုပ်ငန်းဂေဟစနစ်ကို ရေရှည်တည်တံ့ခိုင်မြဲစေ နိုင်သောနည်းလမ်းများဖြင့် တည်ဆောက်ထားသည်။ တယ်လီနောသုံးစွဲသူ ၁၉ သန်းကျော်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံလူဦးရေ၏ ၉၂ ရာခိုင်နှုန်းကျော်ကို လွှမ်းမိုးထားကာ တိုင်းနှင့်ပြည်နယ်အားလုံးနီးပါးတွင် ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်ပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ငါးနှစ်ပြည့်အထိမ်းအမှတ်ကို သုံးစွဲသူများ၊ မိတ်ဖက်ပါတနာများနှင့် ဆင်နွှဲရန် တယ်လီနောသည် အပြာရောင် လှိုင်းလှုပ်ရှားမှုများမှတစ်ဆင့် အများပြည်သူပါဝင်နိုင်သော ပွဲအစီအစဉ်များ ကျင်းပပြုလုပ်လျက်ရှိသည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်စျေးနှုန်းဖြင့် လွယ်ကူစွာရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင် မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၈,၆၀၀ ကျော်ဖြင့် ပြည်နယ် နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၉ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစု သည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများအနက်တစ်ခုဖြစ်ပြီး စကင်ဒီနေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူ ပေါင်း ၁၈၂ သန်းကျော်အား ပိုင်ဆိုင်ထားကာ စီးပွားရေးလုပ်ငန်းများ ကို တာဝန်သိစွာ ဆောင်ရွက်ရန် ရည်သန်ထားပြီး လူမှုပတ်ဝန်း ကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည်ဆောင်ရွက်နေသည့် လုပ်ငန်းစုဖြစ်သည်။

တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

CB အသက်အာမခံကုမ္ပဏီအကြောင်း

CB အသက်အာမခံလုပ်ငန်းအား ၂၀၁၂ ခုနှစ်စတင်၍တည်ထောင်သည့် အချိန်မှစ၍မြန်မာပြည်၏ အဓိကမြို့ကြီးများတွင် အသက် အာမခံနှင့် ကျန်းမာရေးအာမခံ Product တွေသာမက နယ်မြို့ကျေးလက်ဒေသများတွင်လည်း သမဝါယမအသင်းမှတဆင့် အသေး စားအာမခံအားရောင်းချပေးလျက်ရှိပါသည်။ CB အသက်အာမခံလုပ်ငန်းသည် ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းမှစ၍ ထိုင်းနိုင်ငံ၏ ဒုတိယ မြောက် အင်အားကြီးအာမခံလုပ်ငန်း Thai Life နှင့် အကျိုးတူဖက်စပ်လုပ်ငန်းလုပ်ကိုင်ရန် သဘောတူညီ မှုရရှိခဲ့ပြီး အာမခံလုပ်ငန်း များလုပ်ကိုင်လျက်ရှိပါသည်။ CB အသက်အာမခံအနေဖြင့် သြဂုတ်လ ၂၀၁၆ မှ စ၍ United Nation Global Compact (UNGC) (Participant Engagement Tier) အဆင့် အဖွဲ့ဝင် အသင်းတစ်ခုအနေဖြင့် UNGC မှ သတ်မှတ် ထားသောအောက်ဖော်ပြပါ Sustainable Development Goals (SDGs) များကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက် ရှိပါသည်။

နေရာအနှံ့ ဆင်းရဲမွဲတေမှုပပျောက်ရေး အသက်အရွယ်စုံကျန်းမာရွှင်လန်းသော လူနေမှုဘ၀အား ထောက်ပံ့ပေးခြင်း

မီဒီယာများဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

မေစန္ဒီအေး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

My Account
Live Chat
Share Share