07 October, 2019 - Yangon
Facebook နှင့် တယ်လီနောမြန်မာတို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ တယ်လီနော ဝန်ဆောင်မှု အသုံးပြုသူများအတွက် အောက်တိုဘာလ ၄ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ Facebook အက်ပလီကေးရှင်းအား အင်တာနက်ဒေတာ ကုန်ကျစရိတ်မရှိဘဲ ဗားရှင်းမြှင့်နိုင်မည့် အကြောင်း ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါသည်။ ထို့ကြောင့် Facebook အက်ပလီကေးရှင်း ဗားရှင်း အဟောင်း အသုံးပြုလျက်ရှိသူများမှာ ဗားရှင်းအသစ်အား အဆင့်မြှင့်တင်ပြီး နောက်ဆုံးပေါ်နည်းပညာ လုပ်ဆောင်ချက်များကို အသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် Facebook သည် သူငယ်ချင်း၊ မိတ်ဆွေများ၊ ချစ်ခင်ရသူများနှင့် ပြောဆိုဆက်သွယ်ရန် အဓိက အသုံးပြုလျက်ရှိသောပုံစံများအတွင်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ သန်းပေါင်းများစွာသော ပြည်သူများမှာ မိမိ တို့၏ မိတ်ဆွေသူငယ်ချင်းများ၊ ချစ်ခင်ရသူများနှင့် ပြောဆိုဆက်သွယ်ရန် Facebook ကို အသုံးပြုလျက်ရှိသည်။
ထို့အပြင် Facebook သည် စီးပွားရေးလုပ်ငန်းများအတွက် မိမိတို့၏ ဝန်ဆောင်မှုအသုံးပြုသူများအား တိုက်ရိုက် ထိတွေ့ဆက်သွယ်နိုင်ရန် ပိုမို အသုံးပြုလာကြသည့် ပလက်ဖောင်းတစ်ခုလည်း ဖြစ်လာခဲ့သည်။ ယခုကဲ့သို့ ငွေကြေးအကုန်အကျ မရှိဘဲ Facebook အက်ပလီကေးရှင်းကို အဆင့်မြှင့်တင်နိုင်ရန် ဝန်ဆောင်မှု ပေးအပ် လိုက်ခြင်းဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများမှာ Facebook ဗားရှင်းအသစ်တွင်ပါရှိသော ပိုမို ကောင်းမွန်သည့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များ အပါအဝင် နောက်ဆုံးပေါ် နည်းပညာ လုပ်ဆောင်ချက်များကို အသုံးပြုပြီး အက်ပလီကေးရှင်းမှ ရရှိသော အကျိုးကျေးဇူးများကို အပြည့်အဝ အသုံးချနိုင်မည် ဖြစ်သည်။
ယခုကဲ့သို့ အဆင့်မြှင့်တင်လိုက်ခြင်းကြောင့် အက်ပလီကေးရှင်း အသုံးပြုသူများမှာ နိုင်ငံတကာသုံး နည်းပညာ စံနှုန်းနှင့် ကိုက်ညီသည့် ယူနီကုဒ်စံစနစ်ဖြင့် ပို့စ်များတင်နိုင်ပြီး စာစုများကိုလည်း အဆင်ပြေချောမွေ့စွာ ဖတ်ရှု နိုင်မည် ဖြစ်သည့်အားလျော်စွာ အင်တာနက်အသုံးပြုနေကြသည့် ဂေဟစနစ်ကြီးအတွင်း ယူနီကုဒ် စံစနစ်သို့ ကူးပြောင်းရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော နိုင်ငံ၏ မျှော်မှန်းချက်ကို ပံ့ပိုးပေးနိုင်မည် ဖြစ်ပါသည်။ တာဝန်သိမှု ပြည့်ဝသည့် ဆက်သွယ်ရေးအော်ပရေတာတစ်ခုအနေဖြင့် တယ်လီနောမြန်မာသည် ဒေသခံ ပြည်သူများ အင်တာနက်အား ဘေးကင်းလုံခြုံစွာနှင့် တာဝန်သိတတ်စွာ အဆင်ပြေပြေ အသုံးပြုနိုင်စေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ယခုကဲ့သို့ လူအများအား Facebook အက်ပလီကေးရှင်း ဗားရှင်း အဟောင်းမှ ဗားရှင်းအသစ်သို့ အဆင့်မြှင်တင်နိုင်ရန် ဝန်ဆောင်မှုပေးလိုက်ခြင်းဖြင့် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းတွင် ပိုမို နီးကပ်ချိတ်ဆက်လာသည့် လူမှုအသိုက်အဝန်းတစ်ခုအတွင်းရှိ လူတစ်ဦးချင်း၊ တစ်ယောက်ချင်းစီအတွက် အကျိုးကျေးဇူးများ ခံစားရရှိစေပြီး ဒစ်ဂျစ်တယ်နိုင်ငံသားများအား ပိုမို ကောင်းမွန် သည့် စံနှုန်းများဖြင့် နည်းပညာကို အသုံးချနိုင်ရေး တိုက်တွန်းအားပေးရန် အထောက်အပံ့ဖြစ်စေပါသည်။
မိမိ အသုံးပြုနေသည့် Facebook နှင့် Messenger app များအား ဗားရှင်းအဟောင်း၊ အသစ် ခွဲခြားသိရှိနိုင်ရန် စစ်ဆေးပုံ
မိမိ အသုံးပြုနေသည့် Facebook သတင်းစဉ် (News Feed) ထိပ်ဆုံးတွင် အသိပေးချက်တစ်ခု လက်ခံရရှိမည် ဖြစ်ပါသည်။ အဆိုပါ မတ်ဆေ့ချ်မှတစ်ဆင့် မိမိ အသုံးပြုနေသည့် ဗားရှင်းအဟောင်း၊ အသစ်ကို ခွဲခြားသိရှိနိုင်ပါ သည်။ Facebook မှ အက်ပလီကေးရှင်းအား ဗားရှင်းမြှင့်ရန် အင်တာနက်ဒေတာ အခမဲ့ဖြင့် download ပြုလုပ် နိုင်သည့် link အား အသိပေးကြေညာ၍ တိုက်တွန်းသွားမည်ဖြစ်ပြီး လိုအပ်ပါက မိမိ အသုံးပြုနေသည့် ဆက်သွယ်ရေးအော်ပရေတာ အသီးသီးမှ help center များသို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ အသေးစိတ် ပိုမို သိရှိလိုပါက https://www.telenor.com.mm/en/personal/facebook-app-update တွင် ဝင်ရောက်ကြည့်ရှု့ လေ့လာနိုင်ပါသည်။
တယ်လီနောမြန်မာအကြောင်း
တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၆၀၀ ကျော် ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၉ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများအနက်တစ်ခုဖြစ်ပြီး စကင်ဒီနေးဗီးယန်း ဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၈၂ သန်းကျော်အား ပိုင်ဆိုင်ထားကာ စီးပွားရေးလုပ်ငန်း များကို တာဝန်သိစွာဆောင်ရွက်ရန် ရည်သန်ထားပြီး လူမှုပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည် ဆောင်ရွက်နေသည့် လုပ်ငန်းစုဖြစ်သည်။
တယ်လီနော လုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။
Facebook အကြောင်း
၂၀၀၄ ခုနှစ်ကစတင်ပြီး အသုံးပြုသူများကို လူမှုအသိုင်းအဝိုင်းတစ်ခု ဖွဲ့စည်းတည်ဆောက်နိုင်ရန်နှင့် ကမ္ဘာတစ်ဝန်းရှိ လူအချင်းချင်း ပိုမို ရင်းနှီးလာစေရန် ရည်မှန်းချက်ဖြင့် Facebook ကို စတင် တည်ထောင်ခဲ့ပါသည်။ Facebook ကို သူငယ်ချင်းများနှင့် မိသားစုများ အဆက်အသွယ် မပြတ်စေရန်၊ ကမ္ဘာတစ်ဝန်း ဖြစ်ပွားလျက်ရှိသော အကြောင်းအရာ များကို သိရှိနိုင်ရန်နှင့် အသုံးပြုသူများ၏ ခံစားချက်များနှင့် အဖြစ်အပျက်များကို ဖွင့်ဟဝေမျှရန် အသုံးပြုနေကြသည်။
သတင်းမီဒီယာများ အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ရန်:
ခင်နုယဉ်မြင့်
Corporate Affairs
Khinnuyin.myint@telenor.com.mm
+95 9 791 001 344
တယ်လီနောမြန်မာ
မေစန္ဒီအေး
Corporate Affairs
maysandy.aye@telenor.com.mm
+95 9 791 001 292
တယ်လီနောမြန်မာ
Facebook အတွက် ဆက်သွယ်မေးမြန်းရန်:
မမေမြသူ
maymyathu@chilli.agency
+95 9 97326 7579
Chilli Agency
မနှင်းနုလွင်
hninnulwin@chilli.agency
+959 45 223 3305
Chilli Agency