Press Release

Telenor MBA Scholarships to open for Myanmar youthsမြန်မာကျောင်းသားများအတွက် တယ်လီနော အမ်ဘီအေ ပညာသင်ဆု ပေးအပ်

14 June, 2018 - Yangon

  • ဆက်သွယ်ရေးနှင့် အိုင်စီတီစီမံခန့်ခွဲမှုဆိုင်ရာ အမ်ဘီအေဘွဲ့ရယူမည့် မြန်မာကျောင်းသားများအတွက် အပြည့်အဝ ထောက်ပ့ံ မည့် ပထမဆုံး ပညာသင်ဆုဖြစ်
  • စက်တင်ဘာလတွင် စတင်ဖွင့်လှစ်မည့် သင်တန်းအတွက် ဇွန်လ ၁၈ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့ အတွင်း လျှောက် ထားရမည်

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အနာဂတ်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းကူညီမှုများအား အရှိန်မြှင့်တင်သည့်အနေဖြင့် တယ်လီနောမြန်မာနှင့် Myanmar Metropolitan College တို့ ပူးပေါင်းကာ ရည်မှန်းချက်ကြီးမားသော မြန်မာလူငယ်များအတွက် ဆက်သွယ်ရေးနှင့် အိုင်စီတီ အထူးပြု စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (အမ်ဘီအေ) ပညာသင်ဆုများ ပေးအပ်သွားမည် ဖြစ်သည်။ 

အဆိုပါ တယ်လီနော အမ်ဘီအေ ပညာသင်ဆုအစီအစဉ်အတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် တစ်ရပ်ကို ရန်ကုန်မြို့ရှိ တယ်လီနော ရုံးချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။


ဆွစ်ဇာလန်နိုင်ငံရှိ University Business and International Studies နှင့် ချိတ်ဆက်ထားသည့် Myanmar Metropolitan College ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တယ်လီနောအမ်ဘီအေ ပညာသင်ဆုအစီအစဉ်ကို ပထမဆုံး အကြိမ်အဖြစ် စတင်လိုက်ခြင်းဖြစ်ပြီး ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍနှင့် နိုင်ငံ၏ စီးပွားရေးအခြေအနေများနှင့် ဆက်စပ် သော လက်တွေ့နှင့် နောက်ဆုံးပေါ် အသိပညာအတတ်ပညာများကို မြန်မာကျောင်းသားများ သင်ယူနိုင်စေရေး ရည်မှန်းထားခြင်းဖြစ်သည်။ ပညာသင်ဆုရရှိသူများသည် တယ်လီနောမှ အကြီးတန်းကျွမ်းကျင်ပညာရှင်များ၏ ပြန်လည်သင်ကြားပြသမှုများကိုပါ တက်ရောက်နိုင်မည်ဖြစ်သည့်အလျှောက် မဟာဗျူဟာကျ အိုင်စီတီစီမံခန့်ခွဲမှု ဆိုင်ရာ အမ်ဘီအေဘွဲ့အပြင် နိုင်ငံခြားတက္ကသိုလ်အသိအမှတ်ပြု အမ်ဘီအေဘွဲ့လက်မှတ်ကိုပါ ရရှိနိုင်မည်ဖြစ်သည်။


“ဒစ်ဂျစ်တယ်နိုင်ငံတစ်ရပ်အဖြစ် ထူထောင်ဖို့အတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းနေတဲ့အပေါ် တယ်လီနောက အစဉ် အမြဲ ခိုင်ခိုင်မာမာ ထောက်ခံခဲ့သလို နိုင်ငံအတွက် လိုအပ်နေတဲ့ အဓိကအကျဆုံး ဒစ်ဂျစ်တယ်အခြေခံ အဆောက် အအုံအဖြစ် နိုင်ငံအတွင်း အရည်အသွေးအကောင်းဆုံး မိုဘိုင်းကွန်ရက်ကို တယ်လီနောက တည်ထောင်ခဲ့ပြီးဖြစ်ပါတယ်။ တစ်ဖက်တစ်လမ်းကလည်း ဆက်သွယ်ရေးကဏ္ဍလို မကြာသေးမီကမှ ပွင့်လန်းလာတဲ့ စီးပွားရေးကဏ္ဍတွေမှာ ခန့်ထားဖို့ သင့်တော်တဲ့ အရည်အချင်းပြည့်မီပြီး လုပ်ငန်းခွင်ဝင်ဖို့ အသင့်ဖြစ်နေမယ့် လုပ်သားတွေကို ပြုစုပျိုးထောင်နိုင်ရေးအတွက် အမ်ဘီအေ ပညာသင်ဆုလိုအစီအစဉ်မျိုးတွေကိုလည်း လုပ်ဆောင်နေပါတယ်။ အခုလို ဆက်သွယ်ရေးကုမ္ပဏီတစ်ခု အနေနဲ့ ပထမဆုံးပေးအပ်တဲ့ မဟာဘွဲ့ပညာသင်ဆုကို ပေးအပ်နိုင်ဖို့အတွက် Myanmar Metropolitan College နဲ့ အတူလက်တွဲပူးပေါင်းခွင့်ရတာကိုလည်း အရမ်းဝမ်းမြောက်မိပါတယ်” ဟု တယ်လီနော မြန်မာ၏ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ် ကယ်ရိုလိုင်း ယဉ်ယဉ်ဋ္ဌေးက ပြောကြားသည်။


တယ်လီနော အမ်ဘီအေ ပညာသင်ဆုအစီအစဉ်သည် ဒစ်ဂျစ်တယ်အခြေပြု မြန်မာနိုင်ငံသို့ ဦးတည်ကာ ပညာရေးနှင့် အခြေခံကောင်းများဖန်တီးခြင်းတို့အတွက် ဆောင်ရွက်နေသော တယ်လီနောမြန်မာ၏ လူမှုအကျိုးပြုအစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။


တက္ကသိုလ်တွင် အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့ပြီး အိုင်စီတီနည်းပညာကို ရေရှည်နည်းလမ်းအဖြစ် အသုံးချကာ စီးပွားရေးလုပ်ငန်း သို့မဟုတ် လူမှုရေးလုပ်ငန်း သို့မဟုတ် အများနှင့်သက်ဆိုင်သော အဖွဲ့အစည်းများ တည်ထောင်ရာတွင် ပါဝင်လိုစိတ်ပြင်းပြသူ၊ ပညာအထောက်အပံ့လိုအပ်သူ မြန်မာနိုင်ငံသား မည်သူမဆို တယ်လီနော အမ်ဘီအေ ပညာသင်ဆုအစီအစဉ်ကို လျှောက်ထားနိုင်သည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ဖွင့်လှစ်မည့် သင်တန်းအတွက် ပညာသင်ဆုအစီအစဉ်ကို ဇွန်လ ၁၈ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့ အတွင်း အွန်လိုင်းမှ လျှောက်ထား နိုင်မည်ဖြစ်သည်။


“လုပ်ငန်းခွင်ဝင်ဖို့အရည်အချင်းပြည့်မီပြီး အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ လုပ်သားတွေက လက်ရှိ ခိုင်မာတဲ့မိုဘိုင်းကွန်ရက်ကို အပြည့်အဝအသုံးချပြီး လူမှုရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နိုင်ဖို့အတွက် အများကြီး အထောက်အကူပြုမှာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းတွေကို အဓိကမောင်းနှင်မယ့် ဒစ်ဂျစ်တယ်ပညာ တတ်ကျွမ်းပြီး အရည်အသွေးပြည့်ဝတဲ့ လုပ်သားအင်အားတစ်ရပ်ကို ဒီနေ့လိုအစီအစဉ်မျိုးတွေကနေ မွေးထုတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နယ်လ်ဆင်မန်ဒဲလား ပြောခဲ့သလိုပဲ ပညာရေးဆိုတာ ကမ္ဘာကိုပြောင်းလဲနိုင်တဲ့ စွမ်းအားအကြီးမားဆုံးသော လက်နက်ပါတယ်။ ဒါကြောင့် ပညာရေးကဏ္ဍမှာ ခိုင်မာတဲ့အထောက်အပံ့တွေ ရလေလေ ကျွန်မတို့အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်ကိုဖော်ဆောင်နေဖို့ သေချာလေပါပဲ။ မြန်မာလူငယ်တွေအနေနဲ့ နိုင်ငံရဲ့ ဒစ်ဂျစ်တယ်အနာဂတ်ကို ဖော်ဆောင်တဲ့ နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ အသိပညာတွေ၊ အတတ်ပညာတွေကို လက်လှမ်းမီနိုင်ဖို့ ဒီပညာသင်ဆုက အထောက် အကူဖြစ်စေမယ်လို့ ယုံကြည်တဲ့အတွက် ဒီပညာသင်ဆုအစီအစဉ်ကို လျှောက်ထားကြဖို့ ကျွန်မအနေနဲ့ လေးလေး နက်နက်တိုက်တွန်းလိုပါတယ်” ဟု ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်က ဖြည့်စွက်ပြောကြားသည်။


တယ်လီနော အမ်ဘီအေ ပညာသင်ဆုအစီအစဉ်ကို ဤ နေရာ http://bit.ly/TelenorMBA2018 တွင် လျှောက်ထားနိုင်သည်။ ပညာသင်ဆုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များနှင့် ပတ်သက်ပြီး Myanmar Metropolitan College သို့ ဆက်သွယ်စုံစမ်းနိုင်သည်။ တယ်လီနောမြန်မာနှင့် Myanmar Metropolitan College တို့၏ Facebook စာမျက်နှာများ တွင်လည်း အသေးစိတ်အချက်အလက်များကို ဖော်ပြပေးသွားမည်ဖြစ်သည်။ 

 

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor