Press Release

Telenor customers from Shan, Mon, Yangon and Sagaing won grand prizes

08 January, 2018 - Yangon

  • အခမ်းအနားတွင် KIA Optima 2018 ဇိမ်ခံမော်တော်ယာဉ်များအား ကံထူးပိုင်ဆိုင်ခွင့်ရသူများကို လွှဲပြောင်းပေးအပ်
  • နောက်ဆုံးပေါ် စမတ်ဖုန်းဟန်းဆက် ၃၀ လုံး တို့ကိုလည်း ကံထူးပိုင်ဆိုင်ခွင့်ရသူများအား အနီးစပ်ဆုံးရှိ တယ်လီနောဆိုင်များမှ တဆင့် လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်

တယ်လီနောသုံးစွဲသူများအတွက် ပြန်လည်တုံ့ပြန်ကျေးဇူးပြုသည့် အစီအစဉ်အရ KIA Optima 2018 ဇိမ်ခံမော်တော်ယာဉ်များကို ကံထူးပိုင်ဆိုင်ခွင့်ရသူများအား ရန်ကုန်မြို့ရှိ KIA ကားအရောင်းပြခန်းတွင် အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့သည်။

“ကံထူးပိုင်ဆိုင်ခွင့်ရသူတွေအနေနဲ့ အောင်မြင်ပျော်ရွှင်တဲ့ စိတ်ခံစားမှုတွေနဲ့ နှစ်သစ်ကို စတင်ရတဲ့အတွက် တယ်လီနောက ၀မ်းမြောက်၀မ်းသာ ဖြစ်ရပါတယ်။ တကယ်တော့ တယ်လီနောသုံးစွဲသူအားလုံးက ဈေးနှုန်းသက်သာအဆင်ပြေတဲ့ ဒေတာ ၀န်ဆောင်မှုတွေနဲ့ ဖုန်း၀န်ဆောင်မှုတွေကို အသုံးပြုပြီး နေ့စဉ် ကံထူးနေကြရတာပါ။ ဒီလို စွဲမက်စရာကောင်းပြီး ပျော်စရာ အစီအစဉ်မျိုးမှာ ၀င်ရောက်ဆင်နွှဲပြီး ကံစမ်းခဲ့ကြတဲ့ တယ်လီနောသုံးစွဲသူအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။ သုံးစွဲသူ တွေဆီကို အကောင်းဆုံး၀န်ဆောင်မှုတွေ ဆက်လက်ပေးအပ်သွားမှာဖြစ်သလို အခုလိုကျေးဇူးတုံ့ပြန်တဲ့ အစီအစဉ်မျိုးတွေ ကိုလည်း လာမယ့်ကာလတွေမှာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု တယ်လီနော၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Joslin Myrsthong က ပြောကြားသည်။

အဆိုပါကံစမ်းမဲအစီအစဉ်ကို နို၀င်ဘာလကုန်ပိုင်းတွင် တယ်လီနောက စတင်ခဲ့ပြီး ငွေကျပ် သန်း ၃၀၀ ကျော်တန်ဖိုးရှိသည့် ဆုပစ္စည်းများကို ရွေးချယ်ကြေညာပေးအပ်ခဲ့ခြင်းဖြစ်သည်။ နို၀င်ဘာလ ၂၀ ရက်နေ့မှ ဒီဇင်ဘာ ၁၉ ရက်နေ့အတွင်း ဆမ်ဆောင်း ဂလက်ဆီ Note 8 အမျိုးအစား ဖုန်းဟန်းဆက်များကို နေ့စဉ်ရွေးချယ်ကြေညာကာ အနီးစပ်ဆုံး တယ်လီနော အရောင်းဆိုင်မှတဆင့် ပေးအပ်ခဲ့ပြီး KIA Optima 2018 ဇိမ်ခံမော်တော်ယာဉ် ကံထူးသူများကိုလည်း အပတ်စဉ် ရွေးချယ်ကြေညာပေးခဲ့သည်။ ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ဆုရွေးချယ်ရေးလုပ်ငန်းစဉ်ကို Biz Law Consult Myanmar Co. Ltd က စောင့်ကြည့်ကြီးကြပ်ခဲ့သည်။

အထူးဆုဖြစ်သည့် မော်တော်ယာဉ်များကို ရှမ်းပြည်နယ် မူဆယ်မြို့မှ ဦးစိုင်းအေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး ကျောက်မြောင်းမှ ဒေါ်သက်သက်လွင်၊ မွန်ပြည်နယ် ရေးမြို့မှ ဒေါ်ခင်မာချိုနှင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှ ဦးမျိုးဌေးဦးတို့ အသီးသီး ကံထူးဆွတ်ခူးခဲ့ကြခြင်းဖြစ်သည်။ စမတ်ဖုန်းဟန်းဆက်များကိုလည်း ကချင်၊ ကရင်၊ ချင်းနှင့် ရှမ်းပြည်နယ်၊ ရန်ကုန်၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ဧရာ၀တီနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ တယ်လီနောသုံးစွဲသူ ၃၀ ဦးက ကံထူး ပိုင်ဆိုင်ခွင့်ရရှိခဲ့ကြသည်။ရင်သွေး သုံးဦး၏ မိခင်ဖြစ်သူ အသက် ၂၅ နှစ်အရွယ် မနန်းခမ်းမော်မှာလည်း ဆမ်ဆောင်း ဂလက်ဆီ Note 8 ကံထူးသူများ အနက်မှ တစ်ဦးဖြစ်သည်။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ ေ၀းလံခေါင်သီသော ရွာငယ်လေးတွင် နေထိုင်သူဖြစ်ပြီး တယ်လီနော ဆင်းမ်ကတ်စတင်သုံးစွဲပြီး တစ်လအကြာတွင် ဖုန်းဟန်းဆက်ကံထူးခြင်းဖြစ်သည်။ ဖုန်းစတင်သုံးစွဲသည်မှာ မကြာသေးသကဲ့သို့ ကံစမ်းမဲအစီအစဉ်အကြောင်းကို သိရှိထားခြင်းမရှိသော်လည်း နောက်ဆုံးပေါ် စမတ်ဖုန်းဟန်းဆက်ကို ကံထူးခဲ့ခြင်းပင်ဖြစ်သည်။

တယ်လီနော၏ ကံစမ်းမဲအစီအစဉ်တွင် ကံထူးခဲ့ခြင်းကြောင့် ကိုယ်ပိုင်အိမ်တစ်လုံးပိုင်ဆိုင်လိုသူ မနန်းခမ်းမော်၏ အိပ်မက် အမှန်တကယ်အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ကာ သူမ၏ဘ၀အတွက် အချိုးအကွေ့တစ်ခုဖြစ်လာခဲ့သည်။ သူမတို့ မိသားစုသည် ငှားရမ်းထားသော မြေကွက်တစ်ကွက်ပေါ်တွင် တဲသေးသေးတစ်လုံးထိုးပြီး နေထိုင်နေခဲ့ရာမှ မြေပိုင်ရှင်က အဆိုပါ မြေကွက်ကို ရောင်းချရန် စီစဉ်လာသည့်အတွက် အခက်အခဲတွေ့နေခဲ့ကြခြင်းဖြစ်သည်။ ယခုအခါ တယ်လီနောမှ ကံထူးခဲ့သည့် ဖုန်းဟန်းဆက်ကို ရောင်းချပြီးရရှိသည့် ငွေကြေးဖြင့် အနီးအနားရှိ မြေကွက်တစ်ကွက်ကို ၀ယ်ယူရန် ကျသင့်ငွေ ပထမအရစ်ကို ပေးသွင်းနိုင်ခဲ့ပြီဖြစ်သည်။ ဒုတိယအရစ်အတွက် ငွေအနည်းငယ်ထပ်မံ စုဆောင်းပေးသွင်း ပြီးပါက မနန်းခမ်းမော်တို့ မိသားစု ကိုယ်ပိုင်မြေကွက်ပေါ်တွင် နေထိုင်နိုင်တော့မည်ဖြစ်သည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor
Share Share