07 June, 2018 - Yangon
မြန်မာနိုင်ငံ၏ဦးဆောင်မိုဘိုင်းအော်ပရေတာ Telenor Myanmar နှင့် ဖွံ့ဖြိုးတိုးတက်ဆဲစျေးကွက်များအတွက် ကမ္ဘာ့ ထိပ်တန်း အွန်လိုင်းဗီဒီယိုဝန်ဆောင်မှုဖြစ်သည့် iflix တို့သည် တယ်လီနော်၏ broadband အသုံးပြုသူများအတွက် iflix ၏ ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုနှင့် ရုပ်ရှင်ဗီဒီရိုများကိုပေးအပ်နိုင်ရန် ၎င်းတို့၏ပူးပေါင်းမှုအားထပ်မံမြှင့်တင်လိုက်ပြီဖြစ်သည်။
မေလမှ စတင်၍ တယ်လီနော် broadband ၏ 5mbps, 10 mbps and 15mbps အမြန်နှုန်းအစီအစဉ် အသုံးပြုသူများသည် iflix ရှိ ရုပ်ရှင်ဗီဒီရိုများနှင့် အထူးလုပ်ဆောင်ချက်များကို အခကြေးငွေ ထပ်မံပေးသွင်းရန် မလိုပဲ လစဉ်ကြည့်ရှုခွင့်ကိုရယူနိုင်ပြီဖြစ်သည်။ တယ်လီနော် broadband ၏ 5mbps, 10 mbps and 15mbps အမြန်နှုန်းအစီအစဉ် အသုံးပြုသူများသည် အဆိုပါ အစီအစဉ်များကို သုံးစွဲနေသည့်ကာလပတ် အတိုင်း iflix အားအခမဲ့ဝင်ရောက်ကြည့်ရှုခွင့်ကိုဆက်လက်ရရှိနေမည်ဖြစ်သည်။
အဆိုပါအစီအစဉ်အတွက်အကျုံးဝင်သူများသည် iflix ၏ ထိပ်တန်း အထူးရှိုးများ၊ ဆုရ ဇာတ်လမ်းတွဲများ ဝက်ဝက်ကွဲအောင်မြင်ခဲ့သည့်ရုပ်ရှင်များ၊ ရေပန်းစားပြည်တွင်း ဇာတ်လမ်းတွဲများဖြစ်သည့် ပန်းနှစ်ပွင့်စီးချင်း၊ ကျမ္မာနွံ့ နှင့် မင်္ဂလာရှိတဲ့အရပ် နှင့် ဒေသတွင်း ရုပ်ရှင်ဇတ်လမ်းများ၊ ကလေးများအတွက် အစီအစဉ်များ ထောင်နှင့်ချီပါဝင်သော ကြီးမားကျယ်ပြန့်သည့်ရုပ်ရှင်စုစည်းမှုကြီးကို ဇော်ဂျီ နှင့် ယူနီကုတ် စာတန်းထိုးနှစ်မျိုးလုံး ဖြည့်ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်သည်။
iflix ၏ အင်ဒိုချိုင်းနား General Manager ဖြစ်သူ Adeana Greenlee က “ ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ဦးဆောင်မိုဘိုင်းအော်ပရေတာတစ်ခုဖြစ်တဲ့ Telenor နဲ့ ပူးပေါင်းမှုကိုမြှင့်တင်ရတဲ့အတွက် အရမ်းကိုဝမ်း သာပါတယ်။ ဒီလိုပူးပေါင်းလိုက်တဲ့အတွက် တယ်လီနော်broadband အသုံးပြုသူတွေဟာ သူတို့ ကြိုက်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို နေရာမရွေး၊ အချိန်မရွေးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ iflix ဟာဆိုရင်ပြည်တွင်း က ပရိတ်သတ်တွေကိုအရမ်းအလေးထားပါတယ်။ ဒီမှာရှိတဲ့ ကျွန်မတို့ရဲ့ဝန်ဆောင်မှုဟာဆိုရင် မြန်မာပြည်က ပရိတ်သတ်တွေအတွက် အထူးရည်ရွယ်ပြုလုပ်ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ဗီဒီရိုများရွေးချယ်ဝယ်ယူပြသမှုမှ အစ စျေးကွက်ချဲ့ထွင်ရေးအထိ ကျွန်တော်မတို့လုပ်သမျှအရာရာမှာ ပရိတ်သတ်ကိုဗဟိုပြုလုပ်ဆောင်ပါ တယ်။” ဟုပြောကြားသည်။
Telenor Myanmar ၏ Head of Fixed Broadband and Wholesale Telenor Myanmar ဖြစ်သူ Tan Sian Tuang က “အင်တာနက်သုံးစွဲမှုအားက မြန်မာပြည်မှာမြင့်တက်နေပါတယ်၊ အထူးသဖြင့် မြို့ကြီးတွေ မှာရှိတဲ့ပြည်သူတွေဟာဆိုရင် ပညာရေး၊ ဖျော်ဖြေရေးနဲ့ပတ်သက်တာတွေကိုအင်တာနက်ကနေတစ်ဆင့် ပိုမိုကြည့်ရှုလာကြပါတယ်။ လက်ရှိ ရန်ကုန်နဲ့တောင်ကြီးမှာရရှိနေပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့ Telenor broadband ဝန်ဆောင်မှုကိုအသုံးပြုသူတွေဟာ တည်ငြိမ်တဲ့ဝန်ဆောင်မှုကို ဒေတာကုန်မှာကိုစိုးရိမ်စရာ မလိုပဲအသုံးပြုနိုင်ပြီဖြစ်ပါတယ်။ကျွန်တော်တို့ Telenor အသုံးပြုသူတွေရဲ့ ဒစ်ဂျစ်တယ်စနစ် အသုံးပြုမှုအဆင့်အတန်းကိုမြှင့်တင်ပေးခြင်းက ကျွန်တော့်တို့မြန်မာပြည် မှာအဓိကထား လုပ် ဆောင်နေတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ iflix နဲ့ပူးပေါင်းမှုဟာဆိုရင် ကျွန်တော်တို့ Telenor အသုံးပြုတွေ ကြိုက်နှစ်သက်တဲ့ ဒစ်ဂျစ်တယ်ဖျော်ဖြေရေးဝန်ဆောင်မှုကိုပေးအပ်ဖို့ လုပ်ဆောင်ရာမှာ အထောက်အပံ့လည်း ဖြစ်စေပါတယ်။” ဟုပြောကြားသည်။
ယခုအခါတွင် အာရှ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့ရှိ လူပေါင်း ၁ ဘီလီကျော ်အတွက် ရရှိနေပြီဖြစ်သည့် iflix သည် ဗီဒီယိုတိုက်ရိုက်ကြည့်ရှု မှုနယ်ပယ်တွင် စျေးကွက်ဦးဆောင်သူ အဖြစ် ထင်ထင်ရှားရှားရပ်တည်နေပြီဖြစ်သည်။ iflix တွင်သီးသန့် ကြည့်ရှုနိုင်သည့် ရုပ်ရှင်များနှင့် ဆုရ အစီ အစဉ်များ အပါအဝင် ဟောလိ ဝုဒ်၊ ဒေသတွင်းနှင့် ပြည်တွင်း ရုပ်ရှင်များ ပါဝင်သည့် ရုပ်ရှင်စုစည်းမှုကြီးကို အသုံးပြုသူများ အတွက် ဝန်ဆောင်မှုပေးထားပြီးလစဉ်ကြေး ပေးချေ ၍ အသုံးပြုသူများသည် iflix ကို ဖုန်း၊ လက်ပ် တော့၊ တက်ဘ်ဘက်နှင့် တီဗီတို့အပါအဝင် device ၅ မျိုးအထိတွင် အချိန်မရွေး၊ နေရာမရွေး ကြည့်ရှုနိုင်ပါသည်။
iflix အကြောင်း
တိုးတက်ဆဲစျေးကွက်များတွင် ဦးဆောင်နေသည့် လစဉ်ကြေးပေး၍ အင်တာနက်မှရုပ်ရှင်များ ကြည့်ရှုနိုင် သောဝန်ဆောင်မှု iflix သည် ကမ္ဘာတစ်လွှားမှသုံးစွဲသူများ ကြည့်ရှုရန်အတွက် ထောင်နှင့်ချီသည့် ရုပ်ရှင်များ၊ တီဗီရှိုးများကို ဝန်ဆောင်မှုပေးနေပါသည်။ ဟာသ၊ ဒရာမာ၊ ကိုရီးယား ဒရာမာ၊ တူရကီ ဒရာမာ၊ ဘောလိဝုဒ်၊ နောလိဝုဒ်၊ ကာတွန်းနှင့် ဟောလိဝုဒ်၊ အင်္ဂလန်၊ အာရှ၊ အရှေ့အလယ်ပိုင်း ၊ အာဖရိကတို့ရှိ ရုပ်ရှင်များစွာကို စုစည်းထားသော iflix သည် သင်ကြည့်ချင်သည့် ရုပ်ရှင်များကို အလွယ်တကူ ကြည့်ရှု နိုင်အောင်လက်ညိုးဖြင့် စိတ်ကြိုက် iflix မှ ရုပ်ရှင်များကို တိုက်ရိုက်ဖြစ်စေ ဒေါင်းလော့လုပ်ပြီးဖြစ်စေ ဆောင်ရွက်ပေးထားသည်။ တစ်လကို လစဉ်ကြေး အနည်းဆုံးဖြင့် သုံးစွဲသူ များ၏ ဖုန်း၊ laptop, tablet နှင့် တီဗီတို့တွင် နေရာမရွေး အချိန်မရွေး ကြည့်ရှုနိုင်ပါသည်။
Let’s play.
လက်ရှိတွင် iflix ကို မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဘရူနိုင်း၊ သိရီလင်္ကာ၊ ပါကစ္စတန်၊ မြန်မာ၊ ဗီယက်နမ်၊ မော်လ်ဒိုက်ဗ်၊ ကူဝိတ်၊ ဘာရိန်း၊ ဆော်ဒီအာရေဗီးယား၊ဂျော်ဒန်၊ အီရတ်၊ လက်ဘနွန် ၊ အီဂျစ်၊ဆူဒန်၊ကမ္ဘောဒီးယား၊ နိုင်ဂျီးရီးယား၊ ကင်ညာ၊ ဂါနာ၊ နီပေါ ဘင်္ဂလာဒေ့ရှ် ၊ဇင်ဘာဘွေ၊မိုရိုကို နှင့် တန်ဇန်းနီးယား နိုင်ငံတို့တွင် အသုံးပြုနိုင်ပြီဖြစ်သည်။
အသေးစိတ်အချက်လက်များကိုထပ်မံသိရှိနိုင်ရန် ဖော်ပြပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည် https://www.iflix.com/telenormmbroadband
တယ်လီနော်မြန်မာအကြောင်း
တယ်လီနော်သည် တိုင်းနှင့်ပြည်နယ်အရပ်ရပ်ရှိ မိုဘိုင်းအသုံးပြုသူ ၁၉ သန်းကျော်ကို အသိမှတ်ပြုဆုများ ဆွတ်ခူးရရှိထားသည့် 3G နှင့် 4G ကွန်ယက်တို့ဖြင့်ဝန်ဆောင်မှုပေးလျှက်ရှိသည်။ မြန်မာတစ်ပြည် တစ်ဝန်းရှိ တယ်လီနော်၏ ၈,ဝဝဝကျော် ရှိကွန်ယက်အခြေစိုက်စခန်းများမှတစ်ဆင့် မြန်မာနိုင်ငံ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့်ကို ဝန်ဆောင်မှုပေးလျှက်ရှိသည်။ မကြာသေးမီကပင် တယ်လီနော်က Fiber Broadband ဝန်ဆောင်မှုကိုစတင်မိတ်ဆက်ခဲ့ပြီး လက်ရှိတွင်ရန်ကုန်နှင့်တောင်ကြီးမြို့များတွင်ရရှိနိုင်ပြီဖြစ်သည်။
Telenor broadband အကြောင်းထပ်မံသိရှိလိုပါက ဖော်ပြပါလင့်ခ်တွင်ကြည့်ရှုနိုင်ပါသည် https://www.telenor.com.mm/en/personal/broadband
မီဒီယာများဆက်သွယ်ရန်
ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : shweyinn.maroo@telenor.com.mm