Press Release

Telecom Asia က အာရှတိုက်၏ အတိုးတက်ဆုံးဈေးကွက် အော်ပရေတာ အဖြစ် တယ်လီနောမြန်မာ အား ရွေးချယ်

05 May, 2017 - Yangon

  • ဆန်းသစ်တီထွင်မှု၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာ စွမ်းဆောင်မှု၊ နည်းပညာ၊ ဈေးကွက် ဦးဆောင်နိုင်မှု နှင့် လုပ်ငန်းပိုင်း ဆိုင် ရာ စီမံခန့်ခွဲမှုများ အပေါ်မူတည်၍ ရွေးချယ်ခဲ့ခြင်းဖြစ်

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”)သည် မလေးရှားနိုင်ငံ၊ ကွာလာ လမ်ပူမြို့၌ မေလ ၃ ရက်နေ့တွင် ကျင်းပသည့် အကြိမ် ၂၀ မြောက် Telecom Asia Awards ဆုချီးမြှင့်ပွဲတွင် ‘အတိုးတက် ဆုံး ဈေးကွက်အော်ပရေတာ’ ဆုအား ဆွတ်ခူးရရှိခဲ့ပါသည်။

တယ်လီနောအနေနှင့် ဒေသတွင်း အလားအလာအကောင်းဆုံး ဈေးကွက်သစ်များထဲမှ တစ်ခုုဖြစ်သည့် မြန်မာနိုင်ငံ ဈေးကွက်အတွင်း စွမ်းဆောင်မှုများအတွက် အဆိုပါဆုအား ရရှိခဲ့ခြင်းဖြစ်ပါသည်။ Telecom Asia သည် ယခုနှစ် ဆုချီးမြှင့် ပွဲတွင် စုစုပေါင်း ဆု ၂၁ ခုအား ဆုရရှိသူ ၁၈ ဦးထံ ချီးမြှင့်ပေးခဲ့ပါသည်။ ယခုနှစ်တွင် အကြိမ် ၂၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည့် Telecom Asia Awards ဆုများသည် ဒေသတွင်း၌ သက်တမ်းအရင့်ဆုံးနှင့် အရှိန်အဝါ အကြီးမားဆုံး ဆက်သွယ်ရေး ကဏ္ဍဆိုင်ရာဆုများဖြစ်ပြီး အာရှတိုက်အတွင်းရှိ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များ၏ ဆန်းသစ် တီထွင်မှုများနှင့် ထူးချွန်သော ဆောင်ရွက်ချက်များ အတွက် ချီးမြှင့်သော ဆုတံဆိပ်များ ဖြစ်သည်။ အဆိုပါ Telecom Asia Awards အတွက် ဆုရွေးချယ်မှုများအား ဆက်သွယ်ရေး ကဏ္ဍအတွင်းမှ ကျွမ်းကျင်သူများနှင့် ဖွဲ့စည်းထားသည့် သီးခြားလွတ်လပ်သော အကဲဖြတ်အဖွဲ့မှ ပြုလုပ်ခြင်းဖြစ်ပြီး ဆန်းသစ်တီထွင်မှု၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာ စွမ်းဆောင်မှု၊ နည်း ပညာ၊ ဈေးကွက်ဦးဆောင်နိုင်စွမ်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု တို့အပေါ်မူတည်၍ အဆိုပါအဖွဲ့ဝင်များက မဲပေး ရွေးချယ်ကြခြင်းဖြစ်ပါသည်။ ဆုအတွက် အမည်စာရင်းတင်သွင်းမှုအား ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ပြုလုပ်ခဲ့ပြီး ဆန်ကာတင် ရွေးချယ်မှု အား မတ်လတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

“ဒီလို ဂုဏ်သိက္ခာကြီးမားတဲ့ ဆုတစ်ခုကို လက်ခံရရှိခဲ့ပြီး ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးကဏ္ဍအတွင်းက မိတ်ဘက်တွေ ဆီက အသိအမှတ်ပြုမှုတွေကြောင့် ကျွန်တော်တို့အနေနဲ့ ၀မ်းမြောက် ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံဟာ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေတဲ့ ‘မိုဘိုင်းဦးစားပေး’ ဈေးကွက်တစ်ခုဖြစ်သလို ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးကဏ္ဍအနေနဲ့လည်း ဈေးကွက်အတွင်းမှာ မကြုံစဖူးတိုးတက်အောင်မြင်မှုတွေ ရရှိလာခဲ့ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ ဆက်သွယ်မှုနည်းပါးတဲ့ အခြေအနေကနေ ပြီးပြည့်စုံတဲ့ဆက်သွယ်ရေး ရရှိတဲ့အထိ၊ နိမ့်ပါးတဲ့ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးစနစ်ကနေ ဒေသတွင်း အလျင်မြန်ဆုံး တိုးတက်အောင်မြင်နေတဲ့ ဒစ်ဂျစ်တယ်နိုင်ငံတစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။ တယ်လီနောအနေနဲ့ ဒီလိုတိုးတက်ပြောင်းလဲမှုတွေမှာ ဦးဆောင်တဲ့ အခန်းကဏ္ဍကနေ ပူးပေါင်း ပါ၀င် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပြီး ဆက်သွယ်ရေးကဏ္ဍ ဆက်လက်တိုးတက်မှုတွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်သွားမှာဖြစ်တဲ့အပြင် အရေးအကြီးဆုံးအချက်တစ်ချက်အနေနဲ့ နိုင်ငံတစ်ဝန်း နေရာအနှံ့အပြားက ပြည်သူတွေအနေနဲ့လည်း မိုဘိုင်းနဲ့ ဒစ်ဂျစ် တယ် နည်းပညာတွေဆီကရရှိနိုင်မဲ့ လူမှုစီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ဆက်လက်ရရှိနို်င်ဖို့ကိုလည်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ ရည်သန်ထားပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Lars Erik Tellmann က ပြောကြားပါသည်။

 

တယ်လီနောသည် မြန်မာနိုင်ငံတွင် ၎င်း၏ ဝန်ဆောင်မှုများအား မန္တလေးမြို့၌ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်တွင် စတင်ခဲ့ပါသည်။ ယနေ့တွင် တယ်လီနောအနေနှင့် မြန်မာနိုင်ငံ၏ အကြီမားဆုံးနှင့် အလျင်မြန်ဆုံးတိုးတက်ပြောင်းလဲ နေသည့် မိုဘိုင်းဒေတာကွန်ရက်အဖြစ် ရပ်တည်နေပြီး နိုင်ငံတစ်ဝန်းတွင် ဆက်သွယ်ရေးတာဝါတိုင် အရေအတွက် စုစုပေါင်း ၇,၅၀၀ ကျော်၊ အရောင်းဆိုင်အရေအတွက် စုစုပေါင်း ၉၀,၀၀၀ ခန့်မှတစ်ဆင့် သုံးစွဲသူပေါင်း ၁၉ သန်းခန့်အား ၀န်ဆောင်မှုများ ပေးအပ်လျက် ရှိပါသည်။ တယ်လီနောသည် မြန်မာနိုင်ငံတွင် 4G ဝန်ဆောင်မှုများအား ၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှ စတင်ကာ ပေးအပ်ခဲ့ပြီး လက်ရှိတွင် မြို့ပေါင်း ၂၀ ကျော်တွင် 4G ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိကာ မြန်မာ နိုင်ငံ၏ အကြီးမားဆုံး 4G ကွန်ရက်အဖြစ် ရပ်တည်လျက်ရှိပါသည်။ ထို့အပြင် တယ်လီနောသည် မြန်မာနိုင်ငံတွင် တာဝန်သိ စီးပွားရေးဆိုင်ရာ စံချိန်စံနှုန်းများဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် အားပေးဦးဆောင်မှုများ ပြုလုပ်နေသည့် အပြင် မြန်မာနိုင်ငံ၏ ဦးဆောင်အမှတ်တံဆိပ်များထဲမှ တစ်ခုအဖြစ်ရပ်တည်နေပြီး အလုပ်လုပ်ကိုင်ရန် အကောင်းမွန်ဆုံး နေရာ များထဲမှ တစ်ခုအဖြစ်လည်း သတ်မှတ်ခြင်းခံထားရပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor