Press Release

Ookla ၏ မြန်မာ့ အမြန်ဆုံးအင်တာနက်ကွန်ရက်ဆု တယ်လီနောရရှိ

02 April, 2018 - Yangon

အင်တာနက်မြန်နှုန်း တိုင်းတာသည့် ကမ္ဘာ့ဦးဆောင်အဖွဲ့အစည်းတစ်ခု ဖြစ်သော Ookla ၏ ၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ အမြန်ဆုံး အင်တာနက်ကွန်ရက်ဆုကို တယ်လီနောက ရရှိ ခဲ့သည်။ Ookla ၏ Speedtest ဖြင့် တိုင်းတာခြင်းဖြင့် အင်တာနက်ကွန်ရက်စွမ်းဆောင်ရည်ကို အတိကျဆုံး သိရှိ နိုင်သည်။ 


အမြန်ဆုံး ကွန်ရက်ကို တိုင်းတာရန် Ookla သည် မြန်မာနိုင်ငံတွင်းရှိ အဓိက ဖုန်းကွန်ရက်များကို သုံးစွဲနေသည့် သန်းပေါင်းများစွာသော ဖုန်းသုံးစွဲသူများက Speedtest အပလီကေးရှင်းကို ကိုယ်တိုင်ရယူ တိုင်းတာအသုံးပြုမှုများကို ဆုပေးအပ်မည့်ကာလအတွင်း နှိုင်းယှဉ်ခဲ့သည်။ ၂၀၁၇ ခုနှစ်၏ တတိယနှင့် စတုထ္တ သုံးလပတ်ကာလများအတွင်း ရရှိ သော အချက်အလက်များအရ အခြား ဝန်ဆောင်မှုပေးအပ်နေသည့် ကုမ္ပဏီများထက် တယ်လီနောသည် ယင်း၏ သုံးစွဲသူကို ပိုမိုလျှင်မြန်သော ပျှမ်းမျှ အမြန်နှုန်းကို ပေးအပ်လျက်ရှိကြောင်း တွေ့ရှိရသည်။ 

 

 

“ဒီရလဒ်ဟာ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွင်း စစ်မှန်တဲ့ 4G ဝန်ဆောင်မှုတွေကို စတင်ပေးအပ်ခဲ့ကြတဲ့ အချိန်မှာ ကွန်ရက်တွေရဲ့ အရည်အသွေးကို တိုင်းတာတဲ့ အဓိကနှိုင်းယှဉ် စစ်ဆေးချက်တစ်ခုရဲ့ ရလဒ်ဖြစ်ပါတယ်။ ကျွန်တော် တို့ အနေနဲ့ တယ်လီနော သုံးစွဲသူတွေကို အမြန်ဆုံး အင်တာနက်နှုန်းတွေနဲ့ ဝန်ဆောင်မှုပေးနေတယ်ဆိုတာကို Ookla ရဲ့ Speedtest ကနေ အသိအမှတ်ပြုတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံသူ/သားတွေအနေနဲ့ အရည်အသွေးကောင်းတွေကို နှစ်ခြိုက်အားပေးကြပြီး ကျွန်တော်တို့အနေနဲ့လည်း တယ်လီနောသုံးစွဲသူတွေ အမြန်ဆုံး အင်တာနက်နှုန်းကို နှစ်သက်သုံးစွဲနေကြတယ်ဆိုတဲ့ အတည်ပြုမှုကို ရရှိတဲ့အတွက် ကြည်နှုန်းမိပါတယ်။ တယ်လီနောအနေနဲ့ သုံးစွဲသူတွေအတွက် အကောင်းဆုံးကွန်ရက်တည်ဆောက်ပေးဖို့ဆိုတဲ့ ကတိကဝတ်ကို ဆက်လက် ဖြည့်ဆည်းလျက်ရှိပြီး အလွန်ကောင်းမွန်တဲ့ အင်တာနက်သုံးစွဲမှုအတွေ့အကြုံတွေ ဆက်လက်ပေးအပ် နေဖို့ ရင်းနှီးမြုပ်နှံမှုတွေကိုလည်း ဆတိုး ဆောင်ရွက်နေပါတယ်”ဟု တယ်လီနော၏ အမှုဆောင် အရာရှိချုပ် Lars Erik Tellmann ကပြောကြားသည်။ 


ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀၁၇ ခုနှစ်တွင် တယ်လီနောသည် ကွန်ရက်အရည်အသွေး ပိုမိုကောင်းမွန်ရန်နှင့် အဆောက်အအုံ အတွင်းပိုင်းများ အထိ ကွန်ရက်ရရှိအသုံးပြုနိုင်စေရေးအတွက် ထပ်ဆောင်း လှိုင်းနှုန်းစဉ်များအတွက် အမေရိကန် ဒေါ်လာ ၁၆၀ သန်းကို ထပ်မံ ရင်းနှီးမြုပ်နှံခဲ့သည်။ 

4GLeo - တယ်လီနော၏ အကောင်းဆုံးကွန်ရက်အရည်အသွေးကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးမှုအတွက် ခရီးစဉ် 

တယ်လီနော၏ 4GLeo ကို ဂုဏ်ယူစွာ မိတ်ဆက်လိုက်ပါသည်။ 4GLeo သည် ကုမ္ပဏီ၏ ကွန်ရက်ဆိုင်ရာ ကို်ယ်စားလှယ်ဖြစ်ပြီး မြန်မာနိုင်ငံတွင်းရှိ တယ်လီနောကွန်ရက်၏ အကောင်းဆုံး အရည်အသွေးကို ကို်ယ်တိုင်ကိုယ်ကျ လိုက်လံ စစ်ဆေးနေမည် ဖြစ်သည်။ သူသည် အဆင့်မြင့်နည်းပညာသုံး ကိရိယာများ တပ်ဆင်ထားသော အထူးကား ဖြင့် နိုင်ငံတစ်ဝှမ်းလှည့်လည်သွားလာကာ ဒေသခံများနှင့်တွေ့ဆုံခြင်း၊ ကွန်ရက်များ၏ အရည်အသွေး တိုင်းတာ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်သည်။ ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ မြောက်ပိုင်း၊တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့သို့ ခရီးစဉ် ၅ ကြိမ်ထွက်ခွာရန် စီစဉ်ထားသည်။ ယင်းခရီးစဉ်များမှ နေ၍ ဒေသအလိုက် ကွန်ရက်အခြေ အနေများကို ပိုမိုသိရှိလာမည်ဖြစ်ရာ တယ်လီနော၏ ဦးဆောင်ကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် ကွန်ရက်အရည်အသွေးကို ပိုမိုကောင်းမွန်စေရေး လုပ်ဆောင်ချက်များကို အထောက်အကူပြုစေမည် ဖြစ်သည်။ မည်သူမဆို 4GLeo ၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုနိုင်ပြီး ၎င်း ခရီးစဉ်များ၏ အခြေအနေများကို လူမှုမီဒီယာ တွင် စဉ်ဆက်မပြတ် သတင်းပေးပို့နေမည် ဖြစ်သည်။ 


“တယ်လီနောရဲ့ နည်းပညာဆိုင်ရာဌာနမှာ လုပ်ကိုင်နေသူတစ်ဦးဖြစ်တာနဲ့အညီ ကျွန်တော့်အနေနဲ့ ကွန်ရက် နည်းပညာ ဆိုင်ရာကဏ္ဍကို နှစ်သက်ပါတယ်။ အင်တာနက်နဲ့ ချိတ်ဆက်မှုရဲ့ အကျိုးကျေးဇူးတွေကို မြန်မာ နိုင်ငံတစ်ဝှမ်းက ပြည်သူ/သားတွေ အပြည့်အဝရရှိအသုံးပြုနိုင်စေရေး အကူအညီပေးဖို့ အားလုံးနဲ့ မကြာခင် တွေ့ဆုုံဖို့ မျှော်လင့်ထားပါတယ်။ တယ်လီနောရဲ့ ကွန်ရက် အရည်အသွေးနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ယုံကြည်မှုရှိပြီး တယ်လီနောသုံးစွဲသူတွေကိုလည်း ဒီလိုခိုင်မာတဲ့ ကွန်ရက် စွမ်းဆောင်မှု အရည်အသွေးတွေကို ပြသပေးသွားမှာပါ” ဟု 4G Leo ခေါ် ကိုမြတ်သူရက ပြောကြားသည်။ 


4G Leo ကွန်ရက် စစ်ဆေးမှု အစီအစဉ် တရားဝင် စတင်မှုကို ရန်ကုန်ရှိ တယ်လီနောရုံးချုပ်တွင် ယနေ့နံနက်က ပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားကို တယ်လီနော အမှုဆောင်အရာရှိချုပ် Lars Erik Tellmann နှင့်အတူ တယ်လီနော လုပ်ငန်းစု၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် Sigve Brekke တို့ တက်ရောက်ခဲ့သည်။ ယင်းနောက် တယ်လီနော ဝန်ထမ်းများကို ရန်ုကုန်မြို့နေရာအနှံ့သို့ သွားရောက်၍ တယ်လီနောကွန်ရက် အခြေအနေ စစ်ဆေးမှု များကို တိုင်းတာခဲ့ကြသည်။ တယ်လီနော၏ ကွန်ရက်သည် ရန်ကုန်မြို့ တစ်ဝှမ်းတွင် အကောင်းဆုံး ကွန်ရက် အတွေ့အကြုံများကို ပေးအပ်နေကြောင်း ယင်းသို့တိုင်းတာ စစ်ဆေးချက်များအရ သိရသည်။   

Ookla ၏ Speedtest ဆု

၂၀၁၇ ခုနှစ်၏ တတိယနှင့် စတုထ္တ သုံးလပတ် Speedtest ဆုပေးအပ်ကာလ အတွက် အမြန်ဆုံး အင်တာနက်နှုန်း ပေးအပ်နိုင်မှုနှင့် နိုင်ငံတစ်ဝှမ်းရှိ သုံးစွဲသူများအတွက် အကောင်းဆုံးကွန်ရက်ကို တည်ထောင်ထားမှုတို့အတွက် တယ်လီနောသည် ယင်းဆုကို ရရှိခဲ့သည်။ တယ်လီနော၏ Speed Score အမြန်နှုန်းမှာ ၁၃.၄၁ ဖြစ်ပြီး LTE အသုံးပြုနိုင်သည့် မိုဘိုင်းဖုန်းများအတွက် download ပျှမ်းမျှ ၁၄.၅၄ Mbps နှင့် upload ပျှမ်းမျှ ၇.၈၆ Mbps ရှိသည်။ ယင်းရလဒ်များမှာ မြန်မာနိုင်ငံတွင်းရှိ အဓိက ဖုန်းကွန်ရက်များကို သုံးစွဲနေသည့် သန်းပေါင်းများစွာသော ဖုန်းသုံးစွဲသူများက Speedtest အပလီကေးရှင်းဖြင့် တိုင်းတာအသုံးပြုမှုများ၏ ရလဒက်ကို အခြေခံသည်။ 

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

Yangon
My Telenor