Press Release

Joslin E Myrthong အား Chief Marketing Officer အဖြစ်ခန့်အပ်

12 October, 2015 - Yangon

  • တာဝန်ထမ်းဆောင်ခဲ့သည့် CMO Sharad Mehrotra မှ လွှဲပြောင်းရယူခြင်းဖြစ် - ၄င်းမှာ တယ်လီနောအိန္ဒိယသို့ ရွေ့ပြောင်း
  • မြန်မာနိုင်ငံသား ဝန်ထမ်းဖြစ်သော Ye Jhan အား Head of Sales and Distribution အဖြစ်သို့ ပြောင်းလဲခန့်အပ်

တယ်လီနောမြန်မာလီမိတက် (တယ်လီနော) သည် Joslin E Myrthong ကို ယင်း၏ လက်ရှိရာထူးဖြစ်သော Head of Sales and Distribution မှ Chief Marketing Officer (CMO) အဖြစ်သို့ ပြောင်းလဲခန့်အပ်ခဲ့ပါသည်။

Myrthong သည် လက်ရှိ CMO ရာထူးတွင် ထမ်းဆောင်နေသော Sharad Mehrotra မှ လွှဲပြောင်းယူခြင်းဖြစ်ပါသည်။ Sharad သည် ယခုအခါတွင် တယ်လီနောအိန္ဒိယတွင် အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် ဆက်လက်တာဝန်ယူမည် ဖြစ်ပါသည်။ နှစ်ဦးစလုံးမှာ နိုဝင်ဘာလ ၁ ရက်နေ့တွင် ရာထူးနေရာ အသစ် အသီးသီးတွင် စတင် တာဝန်ထမ်းဆောင်မည် ဖြစ်ပါသည်။

Myrthong ၏ လက်ရှိရာထူးဖြစ်သော Head of Sales and Distribution ကို Ye Jhan မှ လွှဲပြောင်းရယူသွားမည် ဖြစ်ပြီး ၄င်းသည် လက်ရှိအချိန်တွင် တယ်လီနောမြန်မာ၏ Head of National Sales အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါသည်။ Ye Jhan သည် မြန်မာနိုင်ငံရှိ ၅၀၀၀၀ ကျော်သော အရောင်းဆိုင်များ၊ ဖြန့်ချိသူ ၁၁၄ ဦးနှင့် တယ်လီနောကိုယ်ပိုင်ဆိုင် ရ၇ ခုတို့နှင့် သက်ဆိုင်သည့် တယ်လီနော၏ ကြော်ငြာလုပ်ငန်းများကို ဦးဆောင်သွားမည် ဖြစ်ပါသည်။

ယခုလို ရာထူးတက်ခြင်းနှင့် ပတ်သက်ပြီး တယလီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg က “တယ်လီနောမြန်မာရဲ့ CMO အဖြစ် Joslin ကို လွှဲပြောင်းပေးအပ်ကြောင်း ကြေငြာရတာ ဝမ်းသာမိပါတယ်။ တယ်လီနော မြန်မာရဲ့ မဟာဗျူဟာကိုက မြန်မာနိုင်ငံမှာ အားလုံးအတွက် ဝန်ဆောင်မှုပေးနိုင်ရမယ်လို့ ဦးတည်ထားပြီး ဖြန့်ချိရေးလုပ်ငန်းမှာလည်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေပါတယ်။ Joslin က ဆက်သွယ်ရေးလုပ်ငန်းနဲ့ စျေးကွက်ရှာဖွေရေးလုပ်ငန်းမှာ အတွေ့အကြုံ အလွန်ရှိတဲ့သူ တစ်ယောက်ပါ။ သူက Sharad နဲ့ အတူ မြန်မာနိုင်ငံမှာ တယ်လီနောဆိုပြီး စကတည်းက လက်တွဲတည်ဆောက်လာခဲ့တာဖြစ်ပါတယ်။ သူဒီနေရာကို ပြောင်းလဲ တာဝန်ထမ်းဆောင် တာကြောင့် ကျွန်တော်တို့ရဲ့ ကြော်ငြာလုပ်ငန်းတွေကို ချောမွေ့စွာဆက်လက် ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး ကျွန်တော်တို့ရဲ့ တန်ဖိုးထားရတဲ့ ဖြန့်ချိရေးကွန်ယက်ကိုလည်း အဆင်ပြေစွာ ဆက်လက်ထိန်းကြောင်းနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

“ပြီးတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းဝန်ထမ်းတစ်ယောက်လည်း ရှေ့ကိုတိုးတက်လာတာကို တွေ့ရပါတယ်။ Ye Jhan က အခုဆိုရင် Sales and Distribution အဖွဲ့တစ်ခုလုံးကို ဦးဆောင်သွားတော့မှာပါ။ Ye Jhan က ထက်မြက်ပြီး စီးပွားရေးအမြင်ရှိတဲ့သူတစ်ယောက်ဖြစ်ပြီး ခေါင်းဆောင်ကောင်းတစ်ဦးလည်းဖြစ်ပါတယ်။ အခုလို ရာထူးတိုးမြှင့် ခန့်အပ်လိုက်တာက တယ်လီနောရဲ့ အဖွဲ့ အစည်းလိုက် တည်ငြိမ်ရင့်ကျက်လာမှုကို ပြသနေပြီး ခေါင်းဆောင်ရတဲ့ ရာထူးကြီးနေရာ တွေကို မြန်မာနိုင်ငံသား ဝန်ထမ်းတွေလည်းတဖြည်းဖြည်းနဲ့ ရောက်ရှိလာပါတယ်”

“တယ်လီနောမြန်မာက လုပ်ဖော်ကိုင်ဖက်အားလုံးကိုယ်စား မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်သွားတဲ့ Sharad ကိုလည်း အထူးကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ သူရဲ့ တယ်လီနောအိန္ဒိယက ရာထူးအသစ်အတွက်လည်း ဂုဏ်ယူပါတယ်။ Sharad က မြန်မာနိုင်ငံမှာ ကျွန်တော်တို့အတွက် အဓိက နေရာကနေ ပါဝင်ဆောင်ရွက်ပေးသွားတာပါ။ Sharad က တန်ဖိုးရှိတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်ပြီး အတွေ့အကြုံများစွာလည်း ရှိပါတယ်။ တယ်လီနောအိန္ဒိယမှာ အောင်မြင်မှုတွေ ဆက်လက်ရယူနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု Furberg မှ ဆက်လက်ပြောကြားခဲ့ပါသည်။

ဆက်သွယ်ရေးလုပ်ငန်းနှင့် စျေးကွက်ရှာဖွေရေးတွင် အတွေ့အကြုံရင့် ဝန်ထမ်းတစ်ဦး

Myrthong သည် ဆက်သွယ်ရေးလုပ်ငန်းတွင် ၁၈ နှစ်ကျော် အတွေ့အကြုံရှိပြီး တယ်လီနောအုပ်စုတွင် ရ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။ တယ်လီနောမြန်မာတင်ဒါတင်သွင်းခဲ့သော အဖွဲ့တွင် အဓိကနေရာမှာ ပါဝင်ခဲ့သူဖြစ်ပြီး ယခုအခါတွင် တယ်လီနောမြန်မာ၏ စျေးကွက်ရှာဖွေရေးလုပ်ငန်း၊ ရောင်းချရေးလုပ်ငန်းနှင့် ဖြန့်ချိရေးလုပ်ငန်းတို့ကို တည်ဆောက်ရာတွင် အချက်အချာကျသူ တစ်ဦးလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် တာဝန်မထမ်းဆောင်မီ ၄င်းသည် တယ်လီနောအိန္ဒိယ (ယခင်က Uninor) တွင် National Head of Distribution နေရာတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ တယ်လီနောအုပ်စုသို့ မဝင်ရောက်မီ Myrthong သည် အိန္ဒိယနိုင်ငံရှိ ရောင်းချရေးလုပ်ငန်းများနှင့် စျေးကွက်ရှာဖွေရေးလုပ်ငန်းများတွင် တာဝန်ယူခဲ့ပြီး Aircel India နှင့် Reliance Telecom တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၄င်းသည် Indian Institute of Management, Calcutta (IIMC) တွင် MBA နှင့် BE (Electronic and Telecommunications Engineering) တို့ကို ရယူခဲ့ပါသည်။

“အခုလို ရာထူးပြောင်းလဲခြင်းအတွက် အလွန်ဂုဏ်ယူမိပါတယ်။ တယ်လီနော ခရီးစဉ်မှာ ပါဝင်ခွင့်ရတာကိုက အခွင့်အလမ်းကြီးတစ်ခုဖြစ်ပြီး မိမိအတွက်ကော အလုပ်အကိုင်ဘဝအတွက်ကော အတွေ့အကြုံကောင်းတွေ အများအပြား ရရှိခဲ့ပါတယ်။ ဆက်သွယ်ရေးလုပ်ငန်းကို အလွန်နှစ်သက်ပြီး မြန်မာနိုင်ငံတဝန်းရှိ စားသုံးသူတွေအားလုံးအတွက် ဝန်ဆောင်မှုတွေ ပေးအပ်သွားနိုင်အောင် မျှော်မှန်းထားပါတယ်။ ပြီးတော့ ဖြန့်ချိရေးလုပ်ငန်းတွေကိုလည်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပြီး နိုင်ငံအတွင်း ဝန်ထမ်းကောင်းတွေကိုလည်း မွေးထုတ်သွားနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု Myrthong မှ ပြောကြားခဲ့ပါသည်။

မီဒီယာများဆက်သွယ်ရန်

Joachim Rajaram
VP – Head of Corporate Communications
Telenor Myanmar
joachim.rajaram@telenor.com.mm
(95) 979 100 0003

စိုးသူထွန်း
Mango Media for Telenor Myanmar
soethu@mangomyanmargroup.com
(95) 1 512 884 ,(95) 9 450 001 087

www.telenor.com.mm
www.facebook.com/TelenorMyanmar

Yangon
My Telenor