Press Release

Joox နှင့် Viu တို့၏ ပရီမီယမ် Content များ ရယူနိုင်မည့် ဒေတာစုဘူးပက်ကေ့ချ် အသစ်ကို တယ်လီနော စတင်မိတ်ဆက်

04 July, 2019 - Yangon

  • မြန်မာကျပ် ၁၄၉၉ (ကုန်သွယ်ခွန်ပါဝင်ပြီး) မျှဖြင့် ရက် ၃၀ သက်တမ်းရှိ 1GB ဒေတာကို ရရှိမည် ဖြစ်ပြီး JOOX VIP နှင့် VIU တို့၏ ပရီမီယမ်ဝန်ဆောင်မှုများကို အခမဲ့ရရှိမည်

ဂီတနှင့် ဗီဒီယို Content များကို မိုဘိုင်းဖုန်းပေါ်တွင် ပိုမိုကောင်းမွန်စွာ ကြည့်ရှု နားဆင်လိုသော တယ်လီနောသုံးစွဲသူများ၏ဆန္ဒကို အကောင်းမွန်ဆုံး ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် ဖျော်ဖြေရေးဝန်ဆောင်မှုများကို ဈေးနှုန်းသင့်တင်စွာဖြင့် ရရှိနိုင်ရန် အထူးစီမံထားသည့် ဒေတာစုဘူးပက်ကေ့ချ် အသစ်တစ်ခုကို တယ်လီနောမြန်မာက မိတ်ဆက်လိုက်ပြီဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ မှ စ၍ ဖျော်ဖြေရေး ဒေတာစုဘူးအသစ်ကို မြန်မာကျပ် ၁,၄၉၉ (ကုန်သွယ်ခွန်ပါဝင်ပြီး) ဖြင့် ဝယ်ယူအသုံးပြုသူများအနေဖြင့် ဒေတာပမာဏ 1GB (ရက် ၃၀ သက်တမ်း) သာမက ငွေကျပ် ၂,၂၉၉ တန်ဖိုးရှိ JOOX VIP (ရက် ၃၀ သက်တမ်း)နှင့် ငွေကျပ် ၅,၀၀၀ တန်ဖိုးရှိ VIU Premium (ရက် ၃၀ သက်တမ်း) တို့ကို အခမဲ့ ရရှိနိုင်မည်ဖြစ်သည်။ ယခုကဲ့သို့ ဆန်းသစ်ခေတ်မီပြီး ဈေးနှုန်းသင့်တင့်သည့် ဖျော်ဖြေရေးဒေတာကို ဝယ်ယူလိုသူများ အနေဖြင့် *7199*1# သို့ ဖုန်းခေါ်၍ သို့မဟုတ် MyTelenor App နှင့် WowBox App တို့မှ တဆင့် ဝယ်ယူနိုင်မည် ဖြစ်သည်။ အသုံးမပြုရသေးသော ဒေတာပမာဏကို နောက်တစ်ချိန် ပြန်လည်ဝယ်ယူသောအခါတွင် ထပ်ပေါင်းပေး သွားမည်ဖြစ်သည်။

“မြန်မာနိုင်ငံမှာက ဂီတနဲ့ဗီဒီယိုကို ကြိုက်နှစ်သက်ကြသူတွေ များပါတယ်။ မိုဘိုင်းနည်းပညာကို လူတွေပိုပြီး လက်လှမ်းမီလာကြတာနဲ့အမျှ ဖျော်ဖြေရေးကဏ္ဍအတွက် မိုဘိုင်းဖုန်းက အဓိကနေရာမှာ ပါဝင်လာပါတယ်။ တယ်လီနောသုံးစွဲသူတွေကလည်း Streaming လုပ်တဲ့ အက်ပလီကေးရှင်းတွေမှာ ဒေတာသုံးစွဲမှု ဆက်လက် မြင့်မား လျက်ရှိတာကို တွေ့ရပါတယ်။ ဒေတာစုဘူးအသစ်မှာလည်း တယ်လီနောရဲ့ မိတ်ဖက်တွေဖြစ်တဲ့ JOOX နဲ့ VIU တို့ရဲ့ အကောင်းမွန်ဆုံး ဂီတနဲ့ ဗီဒီယိုဝန်ဆောင်မှုတွေကို ထည့်သွင်းပေးထားပါတယ်။ အခုဒေတာစုဘူးမှာ မြန်မာကျပ်ငွေ စုစုပေါင်း ၇,၉၉၉ တန်ဖိုးရှိတဲ့ ဝန်ဆောင်မှုတွေကို ၁,၄၉၉ ကျပ် အသုံးပြုရုံနဲ့ ရယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒီလိုဆန်းသစ်တဲ့ထုတ်ကုန်ကနေတဆင့် အသုံးပြုသူတွေရဲ့ ဒစ်ဂျစ်တယ်အတွေ့အကြုံကို ပိုမိုကောင်းမွန်လာစေ နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ Head of Digital Services ဖြစ်သော Mrs Chan May Ling က ပြောကြားသည်။

ယခု ဒေတာစုဘူးအသစ်ကို စာရင်းပေးဝယ်ယူလိုက်ရုံဖြင့် JOOX ၏ VIP အကျိုးခံစားမှုများဖြစ်သည့် မိမိ အနှစ်သက်ဆုံး နောက်ဆုံးပေါ် တေးဂီတသီချင်းများကို နားဆင်နိုင်ခြင်း၊ သီချင်းများကို Offline နားထောင်နိုင်ခြင်း၊ Hi-Fi အရည်အသွေးရရှိခြင်း၊ သီချင်းများကို အစဉ်လိုက်မဟုတ်ဘဲ ကြိုက်ရာကို ရွေးချယ်နားဆင်နိုင်ခြင်းနှင့် ကြော်ငြာ များ မပါဝင်ခြင်းစသည့် အထူးအခွင့်အရေးများကို ရရှိမည်ဖြစ်သည်။ ထို့အတူ VIU Premium အသုံးပြုသူများရရှိသည့် ပြည်တွင်းနှင့် ဒေသတွင်းမှ ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများ၊ Premium Content များ စသည်တို့ကို ငွေကြေးထပ်မံ ပေးသွင်းစရာမလိုအပ်ဘဲ ပုံမှန် ဒေတာကုန်ကျမှုဖြင့် ကြည့်ရှုနိုင်မည် ဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်စျေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၃၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၉ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများအနက်တစ်ခု ဖြစ်ပြီး စကင်ဒီ နေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၇၆ သန်းကျော်အား ပိုင်ဆိုင်ထားကာ စီးပွားရေးလုပ်ငန်းများကို တာဝန်သိစွာ ဆောင်ရွက်ရန် ရည်သန်ထားပြီး လူမှုပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည်ဆောင်ရွက်နေသည့် လုပ်ငန်းစုဖြစ်သည်။

တယ်လီနော လုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနော မြန်မာ အကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share