Press Release

JapanPass မိတ်ဆက်ပြီး Roaming အစီအစဉ်များကို တယ်လီနော မြန်မာက တိုးချဲ့ဆောင်ရွက်

29 October, 2018 - Yangon

  • တယ်လီနော၏ prepaid အသုံးပြုသူအားလုံးနှင့် တယ်လီနောစတားအဆင့်သတ်မှတ်ထားသည့် post-paid အသုံးပြုသူများ ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် အချိန်တွင် အင်တာနက် အသုံးပြုမည်ဆိုပါက အထူး နှုန်းထားဖြစ်သည့် ၁ မဂ္ဂါဘိုက်လျှင် ၂၅ ကျပ်နှုန်းဖြင့် အသုံးပြု နိုင်မည် ဖြစ်ပြီး စာရင်းပေးသွင်းခ တစ်ပတ်စာ ၁၅၀၀ ကျပ်ကျသင့်မည်ဖြစ်
  • ဂျပန်နိုင်ငံတွင် ပုံမှန်အင်တာနက် Roaming အသုံးပြုခ နှုန်းထားထက် ၉၉% အထိသက်သာမည်ဖြစ်

ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်ကြမည်သူများ သို့မဟုတ် ခရီးတိုထွက်မည့်သူများအတွက် အထူးနှုန်းထားဖြင့် နိုင်ငံရပ်ခြားအင်တာနက်အသုံးပြုနိုင်မည့် ပရိုမိုးရှင်းအစီအစဉ် တစ်ရပ်ကို တယ်လီနောက စတင်လိုက်သောကြောင့် တယ်လီနောမြန်မာ၏ Roaming ၀န်ဆောင်မှုကို ရရှိနိုင်သော ဒေသများ ပိုမိုများပြားလာခဲ့ပြီဖြစ်သည်။ ဈေးနှုန်းချိုသာသည့် JAPANPASS အမည်ရှိ ပရိုမိုးရှင်း အစီအစဉ်သစ်နှင့် အတူ တယ်လီနော၏ prepaid အသုံးပြုသူအားလုံးနှင့် တယ်လီနောစတား post-paid အသုံးပြုသူများ အားလုံးသည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့်အချိန်တွင် ၎င်းတို့၏သူငယ်ချင်းများ၊ မိသားစုများ၊ စီးပွားရေးမိတ်ဖက်များနှင့် ဆက်သွယ်ပြောဆိုရာ၌ အင်တာနက်အသုံးပြုခ အထူးနှုန်းထားဖြစ်သော ၁ မဂ္ဂါဘိုက်လျှင် ၂၅ ကျပ်နှုန်း (ကုန်သွယ် လုပ်ငန်းခွန် မပါဝင်) ဖြင့် အသုံးပြုနိုင်ပြီ ဖြစ်သည်။

တယ်လီနောအသုံးပြုသူများအနေဖြင့် ယခုအထူး ပရိုမိုးရှင်းအစီအစဉ်အား ၇ ရက်စာ အသုံးပြုနိုင်ရန်အတွက် တစ်ပတ်လျှင် စာရင်းပေးသွင်းခ ၁၅၀၀ ကျပ် (ကုန်သွယ်လုပ်ငန်းခွန် အပါအဝင်) ကျသင့်မည် ဖြစ်သည်။ ယခု ပရိုမိုးရှင်းအစီအစဉ်သည် ဂျပန်နိုင်ငံရှိ ပြည်တွင်းအော်ပရေတာများအတွက် အကျုံးဝင်မည်မဟုတ်ဘဲ အသုံးပြုသူများ အနေဖြင့် အခြားသော အော်ပရေတာများ၏ ခရီးသွား ဧည့်သည်ဆင်းမ်ကတ်များကို မှတ်ပုံတင်စရာ၊ ပြောင်းလဲ သုံးစွဲစရာ လိုအပ်မည် မဟုတ်ပေ။

ဂျပန်နိုင်ငံတွင် ပုံမှန် Roaming အင်တာနက် သုံးစွဲခ နှုန်းထားသည် ၁ မဂ္ဂါဘိုက်လျှင် ၂၅၀၀ ကျပ်ခန့် ကျသင့်သည့် အတွက် ယခုပရိုမိုးရှင်းကာလအတွင်းတွင် တယ်လီနောအသုံးပြုသူများ အနေဖြင့် ၉၉ ရာခိုင်နှုန်းအထိ ပိုမို သက်သာ သော စျေးနှုန်းဖြင့် ဂျပန်နိုင်ငံတွင် အင်တာနက်အသုံးပြုနိုင်မည် ဖြစ်သည်။

“မြန်မာနဲ့ ဂျပန်နှစ်နိုင်ငံ ဆက်ဆံရေးက နှစ်ပေါင်းအတော်ကြာခိုင်မြဲစွာရှိခဲ့သလို ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံသားတွေ သွားရောက်လည်ပတ်ချင်တဲ့ ထိပ်ဆုံးကနေရာဒေသတွေထဲက တစ်ခုဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိရှိ ထားပါတယ်။ ကာမာကူရမြို့မှာ ဘုရားဖူးဖို့၊ နာမည်ကျော် ဖူဂျီတောင်ရဲ့ ရင်သပ်ရှုမောဖွယ် ရှုမျှော်ခင်းတွေကို ခံစားဖို့၊ ဂျပန်ယဉ်ကျေးမှုတွေကို လေ့လာဖို့နဲ့ အရသာရှိလှတဲ့ ဂျပန်အစားအစာတွေကို မြည်းစမ်းကြည့်ဖို့ဆိုတာတွေက မြန်မာ လူမျိုး အတော်များများရဲ့ အိမ်မက်ဖြစ်ပါတယ်။ အခုအချိန်မှာ ဂျပန်နိုင်ငံကို သွားရောက် လည်ပတ်ကြတဲ့ တယ်လီနော အသုံးပြုသူတွေအနေနဲ့လည်း သူတို့ရဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို လူမှုကွန်ရက်တွေမှာ မျှဝေချင်တာပဲ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံက သူတို့ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေကို ဆက်သွယ်ပြောဆိုချင်တာပဲ ဖြစ်ဖြစ် သက်သာတဲ့ အင်တာနက်အသုံးပြုခနှုန်းထားတွေနဲ့ ပေးပို့ဆက်သွယ်နိုင်ပြီဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ စျေးကွက် ဖော်ဆောင်ရေးဆိုင်ရာ အရာရှိချုပ် Amaresh Kumar က ပြောကြားသည်။

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားသို့ စီးပွားရေးကိစ္စနှင့်ဖြစ်စေ၊ အလည်အပတ်ဖြင့်ဖြစ်စေ သွားရောက်နေကြသည့် အသုံးပြုသူများအတွက် စျေးနှုန်းသက်သာ၍ အသုံးပြုရလွယ်ကူသော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ရည်ရွယ်၍ နိုင်ငံခြားသို့တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်သည့် ပရိုမိုးရှင်းအစီအစဉ်နှင့် နိုင်ငံရပ်ခြားအင်တာနက်အသုံးပြုနိုင်သည့် ပရိုမိုးရှင်း အစီအစဉ်များကို တယ်လီနောမြန်မာ အောက်ပါအတိုင်း ဝန်ဆောင်မှု ပေးအပ်လျက် ရှိသည်။

စဉ် ဖုန်းခေါ်ဆိုမှုပရိုမိုးရှင်း နှုန်းထား ဖုန်းခေါ်ဆိုနိုင်သည့် နေရာများ
၁။ နိုင်ငံပေါင်း ၂၀ သို႔ တိုက်ရိုက် ဖုန်းခေါ်ဆိုမှု

တစ်မိနစ်လျှင် ၄၅ ကျပ်ဖြင့် မည်သည့် မိုဘိုင်းလ်ဖုန်းနှင့် လိုင်းဖုန်း ကိုမဆို ခေါ်ဆိုနိုင်သည်။ (ဂြိုလ်တုဖုန်းနှင့် ပရီမီယံဖုန်းနံပတ်များ မပါဝင်ပါ။)

စာရင်းပေးသွင်းခမှာ တစ်ပတ်စာ ၄၅၀ ကျပ်ဖြစ်ပြီး တစ်လစာ ၁၅၀၀ ကျပ်ဖြစ်သည်။

ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်၊ ဘရူနိုင်း၊ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ မက္ကဆီကို၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သြစတြေးလျ၊ နယူးဇီလန်၊ နော်ဝေ၊ ဂျာမနီ၊ အစ္စရေး၊ ဒိန်းမတ် နှင့် အိုင်ယာလန်
စဉ် ဒေတာပရိုမိုးရှင်း နှုန်းထား ရယူရန် အသုံးပြုနိုင်သည့် နေရာများ
၁။ ASIA 9

၁ မဂ္ဂါဘိုက် ၉ ကျပ်နှုန်း (ကုန်သွယ်ခွန်မပါဝင်)

တစ်ပတ်စာ စာရင်းပေးသွင်းခ ၉၀၀ ကျပ် (ကုန်သွယ်ခွန် ပါဝင်ပြီး)

  *979*2*5*2#
(prepaid အတွက်)

   *999*1*1*9#
(စတား post-paid အတွက်)

ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှား

မလိုအပ်ပါ

သုံးသလောက်ပေး အစီအစဉ် အတွက်။
၁ မဂ္ဂါဘိုက် ၁၄ ကျပ်နှုန်း (ကုန်သွယ်ခွန်မပါဝင်

၂။ EUROPASS

 ၁ မဂ္ဂါဘိုက် ၅၀ ကျပ်နှုန်း (ကုန်သွယ်ခွန်မပါဝင်)

တစ်ပတ်စာ စာရင်းပေးသွင်းခ ၅၀၀၀ ကျပ် (ကုန်သွယ်ခွန်ပါဝင်ပြီး) 

 *979*2*5*4# 
(prepaid အတွက်)

 *999*1*1*10# 
(စတား post-paid အတွက်)

ဂျာမနီ၊ ယူကေ၊ အီတလီ၊ပြင်သစ်၊ နော်ဝေ၊ရုရှား၊ဖင်လန်၊နယ်သာလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ ဟန်ဂေရီ၊ ဘူလ်ဂေးရီးယား၊ ဆားဘီးယားနှင့် မွန်တီနီဂရိုး
၃။ JAPANPASS

 ၁ မဂ္ဂါဘိုက် ၂၅ ကျပ်နှုန်း (ကုန်သွယ်ခွန်မပါဝင်)

 တစ်ပတ်စာ စာရင်းပေးသွင်းခ ၁၅၀၀ ကျပ် (ကုန်သွယ်ခွန် ပါဝင်ပြီး)

*979*2*5*5# 
(prepaid အတွက်)

*999*1*1*11# 
(စတား post-paid အတွက်)

ဂျပန်

 

ပိုမိုကျယ်ပြန့်လာသည့် တယ်လီနော၏ နိုင်ငံတကာ roaming ကွန်ရက်

တယ်လီနောဆင်းကတ်အသုံးပြုနိုင်သော နိုင်ငံများ၊ roaming မိတ်ဖက် မိုဘိုင်းအော်ပရေတာများ ပိုမိုတိုးပွား လာသည်နှင့်အတူ အသုံးပြုသူများ ခရီးသွားလာနေစဉ်သော်လည်းကောင်း၊ နိုင်ငံတွင်းမှတဆင့် နိုင်ငံပြင်ပရှိ မိသားစုများ၊ မိတ်ဆွေ သူငယ်ချင်းများနှင့့် ဆက်သွယ်နိုင်ရန် ရည်ရွယ်၍ လွယ်ကူသက်သာသောဝန်ဆောင်မှုများကို တယ်လီနောက ပေးအပ် လျက်ရှိသည်။ တယ်လီနော၏ 4G roaming ဝန်ဆောင်မှုအား လက်ရှိတွင် တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ယူအေအီး၊ ကနေဒါ၊ မကာအို၊ ထိုင်ဝမ်၊ နယူးဇီလန်၊ ဆွီဒင်၊ ဘယ်လ်ဂျီယမ်နှင့် နော်ဝေတို့တွင် သုံးစွဲနိုင်နေပြီဖြစ်ပြီး အခြား ဒေသများတွင်ပါ သုံးစွဲနိုင်စေရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ယခုလက်ရှိတွင် နိုင်ငံပေါင်း ၁၂၀ နိုင်ငံတွင် ရောက်ရှိလာသူ တယ်လီနောသုံးစွဲသူများသည် ယင်းနို်င်ငံများရှိ မိတ်ဖက်အော်ပရေတာပေါင်း ၁၆၁ ခု၏ ကွန်ရက်ကို ချိတ်ဆက် အသုံးပြုနိုင်နေပြီဖြစ်ပြီး ပြည်ပနိုင်ငံပေါင်း ၁၃၃ နိုင်ငံမှ မိတ်ဖက်အော်ပရေတာပေါင်း ၂၂၃ ခု၏ သုံးစွဲသူများသည် မြန်မာနိုင်ငံအတွင်း တယ်လီနော ကွန်ရက်ကို ချိတ်ဆက် အသုံးပြုနိုင်နေပြီ ဖြစ်ပါသည်။

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
shweyinn.maroo@telenor.com.mm

Yangon
My Telenor