Press Release

CB Bank နှင့် တယ်လီနောမြန်မာတို့ The Bankers’ Choice Award ဆွတ်ခူး

30 May, 2018 - Yangon

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ ငွေကြေးစီမံခန့်ခွဲမှုအကောင်းဆုံး စီမံချက်ဆုကို ပူးတွဲဆွတ်ခူးခြင်းဖြစ် 
စီးပွားရေးလုပ်ငန်းများတွင် ထပ်ဆောင်းတန်ဖိုးထည့်သွင်းနိုင်ရေး ဘဏ္ဍာရေးအထောက်အပ့ံကွင်းဆက်ဖြစ်စဉ်တစ်ရပ် ကို အကောင်းဆုံးအသုံးချနိုင်သည့်အတွက် The Asian Banker အဖွဲ့အစည်းက အသိအမှတ်ပြု ပေးအပ်ခြင်းဖြစ်

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ငွေကြေးစီမံခန့်ခွဲမှုအကောင်းဆုံး စီမံချက်အဖြစ် The Bankers’ Choice Award ကို CB Bank နှင့် တယ်လီနောမြန်မာတို့အား The Asian Banker အဖွဲ့အစည်းက ချီးမြှင့် ပေးအပ်ခဲ့သည်။ အဆိုပါဆုကို ပြီးခဲ့သည့် ရက်သတ္တပတ်က ဘေဂျင်းမြို့တွင် ကျင်းပခဲ့သည့် အခမ်းအနားတွင် တရားဝင် လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ဒစ်ဂျစ်တယ်ဖြစ်ပေါ်ပြောင်းလဲရေးဖြစ်စဉ်ကို မြန်မာလူထုရဲ့နေထိုင်မှုဘဝအတွက် အကျိုးရှိရှိ ပေါင်းစပ်ထည့်သွင်းလာနိုင်ပြီဆိုတာကို အခုလို သြဇာတိက္ကမကြီးမားတဲ့ဆုကို ဆွတ်ခူးနိုင်ခြင်းက သိသိသာသာပြသ နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ တယ်လီနောအနေနဲ့ မြန်မာ့အလျှင်မြန်ဆုံးတိုးတက်နေတဲ့ ဆက်သွယ်ရေးကွန်ရက်တစ်ခုအဖြစ် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအားလုံးမှာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ပေးအပ်နေပါတယ်။ ဒါ ကြောင့် နေ့စဉ် စီမံကိုင်တွယ်နေရတဲ့ ငွေပမာဏနဲ့ ငွေကြေးလုပ်ငန်းဆောင်တာတွေဟာ အင်မတန်များပြားပါတယ်။ CB Bank နဲ့ အတူ ကျွန်တော်တို့ တည်ထောင်အသုံးပြုနေတဲ့ ငွေကြေးစီမံခန့်ခွဲမှုပုံစံက လူ့အရင်းအမြစ်အပေါ် မှီခိုရမှုနည်းပါးပြီး ငွေရေးကြေးရေးလုပ်ငန်းဆောင်တာအများစုကို လူအစားထိုးစနစ်နဲ့ လည်ပတ်ခြင်းဖြစ်တဲ့အတွက် တယ်လီနောရဲ့ လုပ်ငန်းတွေ ရေရှည်တည်တံ့ပြီး ပိုမို ကြီးပွားတိုးတက်လာဖို့အတွက် အလွန်ကို အရေးပါပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာ ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ လုပ်ငန်းဆောင်တာတွေ အနာဂတ်မှာ ပိုမိုတိုးတက်လာဖို့ကိုလည်း မျှော်လင့်ထားပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် Lars Erik Tellmann က ပြောကြားသည်။


“ဒစ်ဂျစ်တယ်လမ်းစဉ်ကိုသွားခြင်းဟာ ဘဏ်ဝန်ဆောင်မှုနဲ့ ဝေးကွာနေတဲ့ သန်းပေါင်းများစွာသော  ပြည်သူအားလုံး ပါဝင် နိုင်မယ့် ငွေရေးကြေးရေးကဏ္ဍတစ်ခုဖြစ်ပေါ်ဖို့်အတွက် အရမ်းကို အရေးကြီးတဲ့ အထောက်အကူဖြစ်ပါတယ်။ တယ်လီနော နှင့် အတူတူလုပ်ဆောင်ရသည့်အတွက် CB Bank ၏ ရည်ရွယ်ချက် ဖြစ်သည့်  ပြည်သူအားလုံးပါဝင်နိုင်တဲ့ ငွေရေးကြေးရေး ကဏ္ဍတစ်ခုဖြစ်ထွန်းလာရေးနှင့် နိုင်ငံတစ်ဝန်း စီးပွားဖွံ ့ဖြိုးတိုးတက်ရေးတွင်များစွာအထောက်အကူပြုပါသည်။ သို ့ဖြစ်ပါ ၍ တယ်လီနောအတွက် ငွေကြေးစီမံခန့်ခွဲမှုပိုင်းဆိုင်ရာအား ဒစ်ဂျစ်တယ်နည်းပညာနှင့် ပိုမို တိုးတက်ကောင်းမွန်အောင် ပြောင်းလဲသည့်နေရာတွင် ဝန်ဆောင်မှုပေးနိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ပူးပေါင်း ဆောင်ရွက်မှုကို The Asian Banker က အသိအမှတ်ပြုတဲ့အတွက်လည်း ဝမ်းသာပါသည်” ဟု CB Bank ၏ အမှုဆောင် အရာရှိချုပ် ဦးကျော်လင်းက ပြောကြားသည်။


နိုင်ငံတဝန်း တယ်လီနော၏ ငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲရန်အတွက် လွန်ခဲ့သည့် လေးနှစ် ကျော် ကတည်းက မိတ်ဖက်များအဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး CB Bank ကို ၎င်း၏ ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းမှု အပေါ်အာရုံစိုက်မှုနှင့် နည်းပညာအတွက် ရင်းနှီးမြှုပ်နှံမှုတို့အပေါ် အခြေခံကာ တယ်လီနောက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။


အီလက်ထရောနစ်စနစ်သုံး ငွေကြေးစီမံခန့်ခွဲမှုစနစ်သည် ယခင်အသုံးပြုနေသော ငွေသားဖြင့်ပေးချေမှုစနစ်ကို ဒစ်ဂျစ်တယ် နည်းပညာသုံး ပေးချေမှုစနစ်အဖြစ် ပြုပြင်ပြောင်းလဲလိုက်ခြင်း ဖြစ်သည့်အတွက် ငွေပေးချေမှုများ ပိုမိုမြန်ဆန်ပြီး စီမံ ခန့်ခွဲမှုများကိုလည်း ပိုမိုတိုးတက်စေခဲ့သည်။ တယ်လီနောအတွက် ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများကို  CB Bank က ၎င်း၏ platform ပေါ်တွင် ပေါင်းစပ်လိုက်ခြင်းဖြင့် တယ်လီနောနှင့် ၎င်းထံ ဝန်ဆောင်မှု/ကုန်ပစ္စည်းပေးသွင်းသူ၊ ကိုယ်စားလှယ်များနှင့် သုံးစွဲသူများအကြား ငွေပေးချေမှုများကို ပိုမိုလျှင်မြန်လွယ်ကူစေသည်။ 


၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် The Bankers’ Choice Awards အစီအစဉ်သည် ဘဏ်များနှင့် ၎င်းတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသော စီးပွားရေးလုပ်ငန်းများအကြား ဆက်ဆံမှုနှင့် စီးပွားရေးလုပ်ငန်းများ၏ ပြောင်းလဲနေသည့် လိုအပ်ချက်တွင် ထပ်ဆောင်းတန်ဖိုးထည့်သွင်းနိုင်ရေးအတွက် ဘဏ်လုပ်ငန်းက မည်သို့လုပ်ဆောင်သည်ကို စောင့်ကြည့် အကဲဖြတ်သည့် အစီအစဉ်ဖြစ်သည်။ ယခုဆွတ်ခူးခဲ့သည့် ငွေကြေးစီမံခန့်ခွဲမှု အကောင်းဆုံးပရောဂျက်ဆုသည် စီးပွားရေးလုပ်ငန်းများတွင် ထပ်ဆောင်းတန်ဖိုးထည့်သွင်းနိုင်ရေး ဘဏ္ဍာရေးအထောက်အပ့ံကွင်းဆက်ဖြစ်စဉ်တစ်ရပ်ကို အကောင်းဆုံးအသုံးချနိုင်ခဲ့သည့်အတွက် တယ်လီနောမြန်မာနှင့် CB Bank တို့၏ ပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ် ပြုခြင်းပင်ဖြစ်သည်။ ယခုကဲ့သို့ ပရောဂျက်အောင်မြင်ရခြင်းမှာ ကမ္ဘာတစ်ဝန်းရှိ အကောင်းဆုံးလုပ်ထုံးလုပ်နည်းများကို တယ်လီနောက မြန်မာနိုင်ငံသို ့ယူဆောင်လာခြင်းနှင့် CB Bank ကလည်း ဒစ်ဂျစ်တယ်နည်းပညာဝန်ဆောင်မှုများကို အဓိကကျကျ ဖန်တီးကာ တယ်လီနော၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းလုပ်ဆောင်ခဲ့ခြင်းတို့ကြောင့်ပင် ဖြစ်သည်။

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor