Press Release

On Air အစီအစဉ် Season 3 အတွက် Channel 7 နှင့် တယ်လီနော၏ MyTune တို့ ပူးပေါင်း

20 March, 2018 - Yangon

မတ်လ ၂၅ ရက်နေ့တွင် ပြန်လည်စတင် ထုတ်လွှင့်မည့် On Air အစီအစဉ် (Season-3) ကို တယ်လီနောမြန်မာ၏ MyTune နှင့် Forever Group ၏ Channel 7 တို့ပူးပေါင်း တင်ဆက်ကြမည် ဖြစ်သည်။ 
“မြန်မာလူမျိုးတွေက ဂီတကို အင်မတန် ဝါသနာပါကြပြီး တယ်လီနော ရဲ့ MyTune အနေနဲ့ Channel 7 ရဲ့ လူကြိုက် များတဲ့ တေးဂီတ အစီအစဉ်တစ်ခုဖြစ်တဲ့ On Air Season 3 မှာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် ကျေနပ်မိ ပါတယ်။ ဒီိလို ပူးပေါင်းဆောင်ရွက်နိုင်မှုကတော့ တယ််လီနော အသုံးပြုသူတွေ အပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသား တွေ အားလုံး ကြိုက်နှစ်သက်တဲ့ တေးဂီတကို နားဆင်ကြည့်ရှုခံစားနိုင်စေဖို့အတွက် တယ်လီနောရဲ့ ကြိုပမ်းမှု တစ်ခုဖြစ်ပါတယ်။ MyTune ဝန်ဆောင်မှုဟာ ‘အားလုံးနဲ့ အမြဲအတူရှိတဲ့ တယ်လီနော’ ဆိုတဲ့ ကုမ္ပဏီရဲ့ ရည်သန်ချက်အတိုင်း အသုံးပြုသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့ ဝန်ဆောင်မှုများစွာထဲက တစ်ခု ဖြစ်ပါတယ်။ MyTune ဝန်ဆောင်မှုဟာဆိုရင် တယ်လီနောမြန်မာ အသုံးပြုသူတွေအတွက် မိမိကြိုက်နှစ်သက်တဲ့ တေးသီချင်းတွေနဲ့ မိမိကိုယ်ကို   ကိုယ်စားပြု ထင်ဟပ် ဖော်ပြပေးနိုင်မယ့် သီးသန့် ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး အနာဂတ်မှာလည်း အသုံးပြုသူတွေအတွက် ဒီလိုမျိုးဆန်းသစ်မှုရှိတဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်ပေးအပ်သွားဖို့ အမြဲရည်မှန်းထားပါတယ်” ဟု တယ်လီနောမြန်မာ၏ ပြန်ကြားရေး တာဝန်ခံ အဲလက်စ် ညီညီအောင်က ပြောကြား သည်။

 

 

MyTune သည် တယ်လီနောမြန်မာ၏ “ခေါ်ဆိုသူနားဆင် တေးသွား ဝန်ဆောင်မှု” (Caller Ring Back Tune ခေါ် CRBT) နှင့် “ကိုယ်တိုင်နားဆင်တေးသွား ဝန်ဆောင်မှု” (Reverse Ring Back Tune ခေါ် RRBT) တို့အား စာရင်းသွင်း ရယူနိုင်မည့် အစီအစဉ် တစ်ခုဖြစ်ပြီး အသုံးပြုသူများ အနေနှင့် ဖုန်းခေါ်ဆိုရာတွင် ဖြစ်စေ၊ ဖုန်းလက်ခံ ပြောဆိုရာတွင် ဖြစ်စေ ၎င်းတို့၏ အကြိုက်နှစ်သက်ဆုံး တေးသီချင်းများအား တယ်လီဖုန်းတေးသွား အဖြစ် ထားရှိ နိုင်မည့် ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ CRBT ဝန်ဆောင်မှုအား အသုံးပြုခြင်းဖြင့် အခြားသူများ မိမိထံ ဖုန်းခေါ်ဆိုသည့် အခါတွင် မိမိရွေးချယ်ပေးထားသော တေးသွားအား နားဆင်နေနိုင်ကြမည် ဖြစ်ပြီး RRBT ဝန်ဆောင်မှုအား အသုံးပြု ခြင်းဖြင့် မိမိမှ အခြားသူများထံ ဖုန်းခေါ်ဆိုသည့် အခါတွင် မိမိကြိုက်နှစ်သက်ရာ တေးသွားအား နားဆင်နိုင်မည် ဖြစ်သည်။ CRBT နှင့် RRBT ဝန်ဆောင်မှု ၂ မျိုးစလုံးအား တယ်လီနောမြန်မာ၏ MyTune ဝန်ဆောင်မှုမှ တဆင့် ရယူ အသုံးပြုနိုင်မည် ဖြစ်သည်။ ဝန်ဆောင်မှု အား ရယူလိုပါက တစ်ပတ်စာ ကျသင့်ငွေ ၃၁၅ ကျပ်ဖြင့် ရယူ အသုံးပြု နိုင်မည် ဖြစ်ပြီး တေးသွားအတွက်မှု တေးသီချင်းတစ်ပိုဒ်လျှင် ၃၁၅ ကျပ် ထပ်မံ ကျသင့်မည် ဖြစ်ပြီး အဆိုပါ တေးသွား တစ်ခုသည် ၃၆၅ ရက် သက်တမ်းရှိမည် ဖြစ်သည်။ အဆိုပါ ကျသင့်ငွေများတွင် ကုန်သွယ်ခွန် ပါရှိပြီး ဖြစ်သည်။ 
အသုံးပြုသူများသည် မြန်မာသီချင်း၊ တိုင်းရင်းသားရိုးရာ သီချင်းနှင့် နိုင်ငံတကာ အဆိုတော်များ၏ တေးသီချင်းပေါင်း ၂၀,၀၀၀ ကျော်မှ ရွေးချယ်နားဆင်နိုင်မည် ဖြစ်ပြီး ၎င်းတို့ အကြိုက်နှစ်သက်ဆုံး တေးသီချင်းများအား မဝယ်ယူမီ ၄၅ စက္ကန့်ခန့် အစမ်းနားဆင်နိုင်မည် ဖြစ်သည်။ ထို့အပြင် အသုံးပြုသူများသည် အခြားမည်သည့် ကျသင့်ငွေမှ ထပ်မံ ပေးဆောင်စရာမလိုဘဲ ၎င်းတို့၏ မိတ်ဆွေ သူငယ်ချင်းများအား တေးသီချင်းများအား လက်ဆောင်ပေးနိုင်မည် ဖြစ်သည်။ 

ထို့အပြင် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် အထိမ်းအမှတ် အဖြစ် နိုင်ငံတဝန်းရှိ တယ်လီနော အသုံးပြုသူများသည် MyTune ၏ CRBT ဝန်ဆောင်မှုအား တစ်ပတ် အခမဲ့ ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ အစီအစဉ်အရ မတ်လ ၂၃ ရက်နေ့ မတိုင်မီ MyTune ၏ CRBT ဝန်ဆောင်မှုအား ပထမဆုံး အကြိမ် ရယူအသုံးပြုသူများသည် အဆိုပါ ဝန်ဆောင်မှုအား သီတင်းတစ်ပတ် အခမဲ့ အသုံးပြုခွင့် ရရှိမည် ဖြစ်သည်။
MyTune ဝန်ဆောင်မှုအား ရယူလိုပါက အသုံးပြုသူများ အနေနှင့် CRBT ဝန်ဆောင်မှုအတွက် 333 သို့ ‘MT ON’ ဟု စာတိုပေးပို့ခြင်းဖြင့် ရယူနိုင်ပြီး RRBT ဝန်ဆောင်မှုအတွက် 333 သို့ ‘RT ON’ ဟု စာတိုပေးပို့ ရယူနိုင်မည် ဖြစ်သည်။ ထို့အပြင် အသုံးပြုသူများ အနေနှင့် MyTune ဝန်ဆောင်မှုအား MyTune Website နှင့် MyTune App တို့မှ တဆင့်လည်း လွယ်လင့်တကူ ရယူအသုံးပြုနိုင်မည် ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များအား ထပ်မံ သိရှိလိုပါက https://www.telenor.com.mm/my/node/52 တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။ 

 

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

Yangon
My Account
Live Chat
Share Share