Press Release

4G/LTE ၀န်ဆောင်မှုများကို ရန်ကုန်တွင် စတင် မိတ်ဆက်

15 June, 2017 -

နိုင်ငံတစ် ှမ်းရှိ မြို့ကြီး ၂၅ မြို့ကိုလွှမ်းခြုံထားသည့် အကြီးမားဆုံး4G/LTE ကွန်ရက်ဖြစ်

 

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် ၁၈၀၀MHz လှိုင်းနှုန်းစဉ်ကိုအသုံးပြုပြီးကွန်ရက်ကိုအောင်မြင်စွာစမ်းသပ်ပြီးသည့်နောက် ကုမ္ပဏီ၏ 4G/LTE ၀န်ဆောင်မှုများကို ရန်ကုန်မြို့တွင် ယနေ့ မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာနယ်နမိတ်အတွင်းရှိ မြို့နယ်ပေါင်း ၂၉ မြို့နယ်တွင် တယ်လီနော၏ 4G/LTE ၀န်ဆောင်မှုများကိုရရှိနေပြီ ဖြစ်ပါသည်။ ယင်းမြို့နယ်များမှာဗဟန်း၊ ဗိုလ်တစ်ထောင်၊ ဒဂုံ၊ ဒဂုံ မြို့သစ် (အရှေ့)၊ ဒဂုံမြို့သစ် (မြောက်)၊ ဒေါပုံ၊ လှိုင်၊ လှိုင်သာယာ၊ အင်းစိန်၊ ကမာရွတ်၊ ကျောက်တံတား၊ ကြည့်မြင်တိုင်၊ လမ်းမတော်၊ လသာ၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မင်္ဂလာတောင်ညွှန့်၊ မြောက် ဥက္ကလာပ၊ ပန်းပဲတန်း၊ ပုဇွန်တောင်၊ စမ်းချောင်း၊ ဆိပ်ကမ်း၊ ရွှေပြည်သာ၊ တောင် ဥက္ကလာပ၊ တာမွေ၊ သာကေတ၊ သန်လျင်၊ သင်္ဃန်းကျွန်းနှင့် ရန်ကင်းတို့ ဖြစ်ပါသည်။ တယ်လီနောသည် လက်ရှိတွင် တာ၀ါတိုင်ပေါင်း ၇၅၀၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အလျင်မြန်ဆုံးတိုးတက်လျက်ရှိသောအင်တာနက်ဒေတာကွန်ရက်မှ တစ်ဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးနှင့် နေပြည်တော်ရှိသုံးစွဲသူပေါင်း ၁၉ သန်းခန့်ကို ၀န်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။သုံးစွဲသူစုစုပေါင်း၏ ၆၄% မှာအင်တာနက် သုံးစွဲသူများ ဖြစ်ကြပါသည်။

“၁၈၀၀Mhz ကိုသုံးပြီးရန်ကုန်မြို့မှာ 4G ကိုဒီနေ့ စတင်မိတ်ဆက်ခဲ့မှုနဲ့အတူ4G/LTE ၀န် ဆောင်မှုတွေကို မြန်မာနိုင်ငံမှာစတင်မိတ်ဆက်နိုင်တာဟာတယ်လီနောအတွက်သာမက နိုင်ငံရဲ့ တယ်လီကွန်းကဏ္ဍအတွက် အဓိကမှတ်ကျောက်တစ်ခုလို့ ဆိုချင်ပါတယ်။ အာရှတစ်၀ှမ်းက မြို့ကြီးတွေမှာရရှိနေမှုနဲ့ အလားတူကွန်ရက်လွမ်းခြုံမှုနဲ့ ၀န်ဆောင်မှု အရည်အသွေးတွေကို မြန်မာနိုင်ငံတစ်နှံ့တစ်လွှားက မြို့ကြီးပြကြီးတွေနဲ့ မြို့နယ်တွေမှာလည်းရရှိနေပြီ ဖြစ်ပြီးယနေ့ မြန်မာနိုင်ငံဟာ ‘မိုဘိုင်းဦးစားပေး’ နိုင်ငံတစ်ခု ဖြစ်နေပါပြီ။ 4G/LTE ၀န်ဆောင်မှုတွေကို လျင်လျင်မြန်မြန် ပေးအပ်နိုင်ခြင်းကဒေသတွင်းကအကောင်းဆုံး နိုင်ငံစာရင်းထဲကိုရောက်ရှိစေမှာ ဖြစ်သလိုပညာရေး၊ စီးပွားရေး၊ ဆက်သွယ်ရေးနဲ့ ဖျော်ဖြေရေးကဏ္ဍတွေ မှာမာလ်တီမီဒီယာအခြေပြု ဒစ်ဂျစ်တယ် ၀န်ဆောင်မှုတွေကို ပြောင်းလဲပေးအပ်နိုင်ဖို့ အရှိန်ရစေမှာ ဖြစ်ပါတယ်” ဟုတယ်လီနော၏ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Joslin Myrthong က ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးမိုဘိုင်းကွန်ရက်ကြီးကိုတယ်လီနောအနေနဲ့ တည်ထောင်ထားပြီး ဖြစ်သလို၂၁၀၀MHz နဲ့ ၉၀၀MHzလှိုင်းနှုန်းစဉ်တွေကိုအသုံးပြုပြီး 4G ၀န်ဆောင်မှုတွေကို မြို့ ၂၅ မြို့မှာ ပြီးခဲ့တဲ့ ၁၀ လတာကာလအတွင်းမိတ်ဆက် ပေးထားပြီးလည်း ဖြစ်ပါတယ်။သုံးစွဲသူတွေအနေနဲ့ သာလွန်ကောင်းမွန်တဲ့နှုန်းနဲ့ ဒေါင်းလုတ်ကူးယူမှု၊ hi-definition ဗီဒီယိုတွေကိုအပြတ်အတောက်မရှိချောချောမွေ့မွေ့ ကြည့်ရှုနိုင်မှု၊ ဂိမ်းတွေကိုအထစ်အငေါ့ကင်းကင်းကစားနိုင်မှု၊ လူမှု ကွန်ရက် တွေကိုအကောင်းမွန်ဆုံးအသုံးပြုနိုင်မှု၊ လူသုံးများတဲ့အချိန်တွေမှာလည်းတည်ငြိမ်တဲ့ ကွန်ရက် ၀န်ဆောင်မှုကို အသုံးပြုနိုင်မှု စတာတွေပါ၀င်တဲ့ ပြီးပြည့်စုံတဲ့ အင်တာနက်အသုံးပြုမှု အတွေ့အကြုံကိုရရှိစေဖို့ တယ်လီနောအနေနဲ့ အခု ၁၈၀၀ MHz လှိုင်းနှုန်းစဉ်ကိုအသုံးပြုပြီး ၀န်ဆောင်မှုတွေ ပေးအပ်သွားမှာပါ။ လာမယ့်လတွေအတွင်းမှာတယ်လီနောအနေနဲ့ ကျနော်တို့ရဲ့ ကွန်ရက် အတွင်း ၁၈၀၀ MHz ကနေ 4G/LTE ကိုပိုမိုများပြားတဲ့ မြို့ကြီးတွေနဲ့ မြို့ပြတွေမှာ ဒီ၀န်ဆောင်မှုတွေကို တိုးချဲ့ပေးအပ်သွားမှာ ဖြစ်ပါတယ်”ဟု၎င်းက ထပ်လောင်းပြောကြားသည်။

သုံးစွဲသူများ နှစ်ချိုက်စွာအသုံးပြုကြပြီး ၎င်းတို့ တန်ဖိုးထားအလေးထားသည့် ၀န်ဆောင်မှုများကို တယ်လီနော၏ ကွန်ရက်မှတစ်ဆင့်အကောင်းဆုံးတွေ့ကြုံခံစားရရှိနိုင်စေရန်မှာတယ်လီနော၏ အဓိကအလေးပေးဆောင်ရွက်ချက် ဖြစ်ပါသည်။ သုတေသနပြုလုပ်မှုများ၏ တွေ့ရှိချုက်များအရ မြန်မာနိုင်ငံရှိသုံးစွဲသူများသည် ဓါတ်ပုံနှင့် ဗီဒီယိုများကို ၎င်းတို့၏ လူမှုကွန်ရက်များတွင် မြန်ဆန်စွာအပြတ်အတောက်မရှိ ကြည့်ရှုနိုင်ပြီးupload လုပ်ရာတွင် လျင်လျင်မြန်မြန် ပြုလုပ်နိုင်မှုတို့ကိုအလေးထားကြောင်းသိရှိရပါသည်။ “ဒီတွေ့ရှိချုက်ကိုအခြေခံပြီးသုံးစွဲသူတွေအနေနဲ့ ဗီဒီယိုတွေ ကြည့်ရှုရာမှာအကောင်းမွန်ဆုံး ကြည့်ရှု သုံးစွဲ နိုင်စေဖို့ ကျနော်တို့ရဲ့ ကွန်ရက်ကိုအဆင့်မြှင့်တင်ထားပြီး ဖြစ်တာကြောင့် ‘အ၀ိုင်းမလည် တော့ဘူး’ ဒါမှမဟုတ် Loading အတွက် အချိန်မစောင့်ရတော့ဘူးလို့အလေးအနက်ပြောချင်ပါတယ်” ဟု Myrthong က ပြောကြားသည်။

တယ်လီနော 4G ကွန်ရက်မှ တစ်ဆင့် Pyone Play တွင် အခမဲ့ ကြည့်ရှုခွင့်


4G/LTE ၀န်ဆောင်မှုများကို စတင်သည့် အထိမ်းအမှတ်အဖြစ် တယ်လီနောသုံးစွဲသူများသည်4G ကွန်ရက်ကိုအသုံးပြု ကာPyonePlayတွင်ဗီဒီယိုများကို၇ ရက်အထိအခမဲ့ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ Pyone Play သည် အွန်လိုင်းဗီဒီယိုများကို ကြည့်ရှုနိုင်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးအွန်လိုင်းရုပ်မြင်သံကြား၀န်ဆောင်မှုတစ်ခုဖြစ်ပြီးယင်းမှတစ်ဆင့် MRTV-4 နှင့် Channel-7 တို့မှ ထုတ်လွှင့်သည့် ပြသ ပြီးနှင့် တို်က်ရိုက် အစီအစဉ်များကို ကြည့်ရှုနိုင်ပါသည်။

တယ်လီနော 4G/LTE သုံးစွဲသူများသည် 444 သို့ 4G ကိုစာတိုပေးပို့ကာယခုအခမဲ့ ၀န်ဆောင်မှုကို ဇွန်လ ၁၆ ရက်နေ့မှ စကာရယူနိုင်ပါသည်။ စာရင်းပေးသွင်းမှု အောင်မြင်ပါကတစ်ရက်လျှင် ၃၀၀MB အခမဲ့ဒေတာကို ၇ ရက်တိတိဆက်တိုက် ရရှိအသုံးပြုနိုင်မည် ဖြစ် ပါသည်။ အခမဲ့ဒေတာကို ၃၀ ရက်အတွင်းသာရယူနိုင်မည် ဖြစ်ပြီးသုံးစွဲသူများအနေဖြင့် တစ်ကြိမ်သာရယူခံစားခွင့်ရှိမည် ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

My Telenor