Press Release

1GB အား ၉၉၉ ကျပ်သာ ကျသင့်မည့် Powerload ဒေတာ အစီအစဉ်သစ် တယ်လီနော မိတ်ဆက်

01 September, 2018 - Yangon

  • မြန်နှုန်းမြင့် အင်တာနက်နှင့် ပက်ကေ့ချ်သက်တမ်း ရက် ၃၀ ထိ ရရှိနိုင်မည်ဖြစ်သည့် ဤဒေတာ အစီအစဉ်သစ်တွင် ပက်ကေ့ချ် ၂ ခုကို စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး *555# (သို့) MyTelenor အက်ပလီကေးရှင်း (သို့) WowBox မှတဆင့် ရယူနိုင်သည်

တယ်လီနော၏ ဈေးနှုန်းအသက်သာဆုံးသော Powerload ဒေတာ အစီအစဉ် ၂ ခုကို မြန်မာနိုင်ငံရှိ prepaid အသုံးပြုသူအားလုံးအတွက် ယနေ့စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ ယခုအစီအစဉ်အရ တယ်လီနောအသုံးပြုသူများသည် 1GB ဒေတာကို ၉၉၉ ကျပ် (အခွန်ပါဝင်ပြီး) ဖြင့် ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပြီး ဒေတာအသုံးများသူများအတွက် 5GB ကို ၄,၉၉၉ ကျပ် (အခွန်ပါဝင်ပြီး) ဖြင့် လည်း ရယူနိုင်မည် ဖြစ်သည်။ ဒေတာပက်ကေ့ချ်များကို ဝယ်ယူသည့်နေ့မှ စ၍ သက်တမ်း ရက် ၃၀ ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

 “တယ်လီနောမြန်မာက အာရှဒေသအတွင်းမှာ အမြန်ဆုံး အင်တာနက်ကွန်ရက်တစ်ခုကို တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ အခုဆိုရင် အသုံးပြုနိုင်တဲ့ ကွန်ရက်အရည်အသွေးမြင့်မားလာတာနဲ့အမျှ မြန်မာနိုင်ငံမှာ မြန်နှုန်းမြင့်၊ အရည်အသွေးမြင့်တဲ့ဒေတာကို ပိုပြီး သုံးစွဲချင်လာကြပါတယ်။ အွန်လိုင်းကနေ ဗီဒီယိုကြည့်တာတွေနဲ့ သီချင်း နားထောင်တာတွေ ကျွန်တော်တို့ ကွန်ရက်ပေါ်မှာ သိသိသာသာ မြင့်မားလာပြီး YouTube နဲ့ JOOX လိုမျိုး ဝန်ဆောင်မှုတွေက ပိုပြီးရေပန်းစားလာပါတယ်။  ဒီနေ့မိတ်ဆက်လိုက်တဲ့ စျေးအသက်သာဆုံးဒေတာအစီအစဉ် တွေကြောင့် အသုံးပြုသူတွေအနေနဲ့ အရည်အသွေးမြင့် အင်တာနက် 1GB သုံးဖို့အတွက် ငွေကျပ် ၁၀၀၀ တောင် သုံးစရာမလိုတော့ပါဘူး။ အဓိပ္ပာယ်က ငွေနည်းနည်းပဲ သုံးလိုက်ရုံနဲ့ အရည်အသွေးမြင့် ကွန်ရက်ပေါ်က အရည်အသွေးမြင့် ဝန်ဆောင်မှုကို အားရပါးရ သုံးစွဲနိုင်ပြီပေါ့” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Sharad Mehrotra က ပြောကြားသည်။

မြန်မာနိုင်ငံသည် မိုဘိုင်း အဓိက အသုံးပြုသည့် နိုင်ငံဖြစ်ပြီး စမတ်ဖုန်း ထိုးဖောက်မှုမှာ အလွန်မြင့်မားလှသည်။ တယ်လီနော အသုံးပြုသူများ၏ ၈၀ ရာခိုင်နှုန်းသည် စမတ်ဖုန်း အသုံးပြုသူများဖြစ်ကြသည်။ မြန်မာနိုင်ငံမှ ဒေတာ အသုံးပြုသူများသည် ပျှမ်းမျှ အနေဖြင့် နေ့စဉ် ၅ နာရီခန့် မိုဘိုင်းဒေတာကို သုံးစွဲကြပြီး လွန်ခဲ့သော ၂ နှစ်အတွင်း ၂ ဆ ကျော် တိုးပွားလာခြင်းဖြစ်သည်။
“တယ်လီနောမြန်မာအနေနဲ့ အသုံးပြုသူတွေ တောင့်တနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အချိန်ပြည့် ကြိုးစားနေပါတယ်။ ဒီလို ရိုးရှင်းပြီး လူတိုင်း တတ်နိုင်တဲ့ ဈေးနှုန်းနဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်ခြင်းအားဖြင့် ကွန်ရက်ချိတ်ဆက်မှုရဲ့ အကျိုးကျေးဇူးတွေကို အသုံးပြုသူတိုင်း အပြည့်အဝခံစားရဖို့ ကြိုးပမ်းလျက် ရှိပါတယ်။ အခုဆိုရင် တယ်လီနောအသုံးပြုသူတွေအနေနဲ့ အင်တာနက်ကမ္ဘာကို စမတ်ဖုန်းနဲ့ စိတ်တိုင်းကျ ဝင်ရောက်သုံးစွဲ နိုင်သလို ဖုန်းဘီလ်ကုန်ကျစရိတ်ကိုလည်း အရင်ကထက် ချွေတာနိုင်တော့မှာ ဖြစ်ပါတယ်” ဟု Mr. Sharad Mehrotra က ဆက်လက်ပြောကြားသည်။

တယ်လီနော၏ Prepaid အသုံးပြုသူအားလုံးသည် 1GB ဒေတာပက်ကေ့ချ်ကို ၉၉၉ ကျပ်ဖြင့် ဝယ်ယူရန် USSD နံပါတ် *555*1# သို့မဟုတ် *555# ကို ခေါ်ဆိုရမည် ဖြစ်ပြီး 5GB ဒေတာကို ၄,၉၉၉ ကျပ်ဖြင့် ဝယ်ယူရန် ကုဒ် *555*95#  သို့မဟုတ် *555# ကို ရိုက်နှိပ်ခေါ်ဆိုပြီး ရယူ အသုံးပြုနိုင်မည် ဖြစ်သည်။ ပက်ကေ့ချ်များကို MyTelenor အက်ပလီကေးရှင်း၊ WowBox နှင့် တယ်လီနော ဝက်ဘ်ဆိုက် တို့တွင်လည်း ရယူနိုင်မည် ဖြစ်ပြီး အကြိမ် အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူ အသုံးပြုနိုင်မည် ဖြစ်သည်။ ၉၉၉ ကျပ်ဖြင့် ပက်ကေ့ချ် ၂ ခု ဝယ်ယူပါက အသုံးပြုသူများအနေဖြင့် 2048MB (1024MB x 2) ပမာဏရှိသည့် ဒေတာ ပက်ကေ့ချ်ကို ရရှိမည် ဖြစ်သည်။
တယ်လီနောမြန်မာ

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်စျေးနှုန်းဖြင့် လွယ်ကူစွာရယူနိုင်သည့် မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၀၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၉ သန်းကျော်ထံသို့ ၎င်း၏ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစု ဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးမားဆုံးသော မိုဘိုင်းအော်ပရေတာများအနက် တစ်ခု ဖြစ်ပြီး စကင်ဒီနေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၇၂ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ 

တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှုနိုင် သည်။

တယ်လီနောမြန်မာအကြောင်း ပိုမိိုသိရှိလိုပါက https://www.telenor.com.mm/ တွင် ဝင်ရောက် ကြည့်ရှုနိုင်သည်။ 

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor