Statement

“သတင်းတု” များနှင့်ပတ်သက်သော ထပ်တိုးဝက်ဆိုဒ်များအား ပိတ်ပင်တားမြစ်ခြင်း

07 May, 2020 - ရန်ကုန်

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံရှိ အခြားဆက်သွယ်ရေး မိုဘိုင်း အော်ပရေတာများနှင့်အတူ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ လူထုကို အထင်အမြင်လွဲမှားစေအောင်၊ ထိတ်လန့် တုန်လှုပ်အောင် လုပ်ဆောင်နေသော ဝက်ဆိုဒ် ၂၂ ခုအား ဝင်ရောက်ကြည့်ရှုမှုကို ပိတ်ပင်တားမြစ်ရန် ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားချက်ကို လက်ခံရရှိခဲ့ပါသည်။

ယခုညွှန်ကြားချက်သည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၇ ကို အခြေခံ၍ ၂၀၂၀ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ညွန်ကြားချက်ကို ရည်ညွှန်းကာ ထပ်မံဖြည့်စွက် ထားခြင်းဖြစ်သည်။ တယ်လီနောမြန်မာအနေဖြင့် ညွှန်ကြားချက်ကိုလိုက်နာရန် တာဝန်ရှိပါသည်။ သုံးစွဲသူများ အနေဖြင့်လည်း ပိတ်ပင်ထားပြီးဖြစ်သည့် ဝက်ဆိုဒ် ၂၂ ခု၏ လင့်ခ်များကို ဝင်ရောက်ကြည့်ရှုပါက အဆိုပါဝက်ဆိုဒ် များကို မြန်မာအာဏာပိုင်များ ညွှန်ကြားချက်အရ ပိတ်သိမ်းထားခြင်းဖြစ်သည်ဟု ဖော်ပြထားချက်ကို တွေ့ရှိမည် ဖြစ်သည်။

တယ်လီနောမြန်မာသည် ပွင့်လင်းသောဆက်ဆံရေးကို ယုံကြည်ပါသည်။ မြန်မာနိုင်ငံရှိ ဝက်ဆိုဒ်အချို့ကို ပိတ်ပင် ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ တယ်လီနောမြန်မာသည် တာဝန်ရှိသူများနှင့် စကားအပြန်အလှန် ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီး ယင်းကဲ့သို့ ပိတ်ပင်တားမြစ်ခြင်းသည် နိုင်ငံတကာလူ့အခွင့် အရေးဥပဒေနှင့် မညီညွတ်ကြောင်း ထောက်ပြပြောဆိုခဲ့ပါသည်။ ထို့ပြင် တယ်လီနောမြန်မာသည် တာဝန်ရှိသူများထံသို့ မည်သည့်ဝက်ဆိုက်များကို မည်သို့သော အကြောင်းရင်းများကြောင့် ပိတ်ပင်တားမြစ်ကြောင်း အများပြည်သူသိရှိစေရန် ထုတ်ပြန်သင့်ကြောင်း တောင်းဆိုခဲ့သည်။

ရန်ကုန်
My Account
Live Chat
Share Share