Press Release

“ချစ်ခင်ကြင်နာ၊ အွန်လိုင်းကမ္ဘာ” “မြန်မာလူငယ်များ ဦးဆောင်သော အွန်လိုင်းဘေးကင်းလုံခြုံမှုဆိုင်ရာ လူမှုမီဒီယာ လှုပ်ရှားမှု။”

18 June, 2020 - Yangon

ပလန်အင်တာနေရှင်နယ် မြန်မာနှင့် တယ်လီနော မြန်မာတို့၏ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုဖြင့် ချစ်ခင်ကြင်နာ၊ အွန်လိုင်းကမ္ဘာ အွန်လိုင်းဘေးကင်းလုံခြုံမှုဆိုင်ရာ လှုပ်ရှားမှုတစ်ခုစတင်ခြင်းကို ဂုဏ်ယူ ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။ ဤလှုပ်ရှားမှုသည် Covid-19 ကပ်ရာဂါကာလအတွင်း ကလေးသူငယ်များနှင့် လူငယ်များအကြား အကြမ်းဖက်ခြင်းနှင့် ဘေးအန္တရာယ်များ မြှင့်တက်လာချိန်တွင် အပြုသဘောဆောင်သည့် အွန်လိုင်းအမူအကျင့်များကို အားပေးခြင်းဖြင့် လူငယ်များ၏အသံကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပါသည်။ ဤလှုပ်ရှားမှုသည် အွန်လိုင်းပေါ်တွင် အနိုင်ကျင့်ခြင်း၊ အမုန်းစကားများဖြန့်ဝေခြင်း၊ လိမ်လည်ရင်းနှီးမှုရယူခြင်း၊ ညစ်ညမ်းပုံနှင့် စာများပေးပို့ခြင်း၊ သတင်းအတုများ စသည့် ပြဿနာများအား နားလည်သဘောပေါက်လာစေရန်နှင့် ဒစ်ဂျစ်တယ်နည်းပညာတွင် ကျွမ်းကျင်လာစေရန် ပံ့ပိုးလုပ်ဆောင်မှာဖြစ်ပါသည်။

ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလအတွင်းမှာ အချင်းချင်း ထိတွေ့ဆက်ဆံမှုများကို ကန့်သတ်ထားခြင်းတွေရှိလာပြီး လူငယ်အများစုက အွန်လိုင်းပလက်ဖောင်းတွေကို ပိုမို အသုံးပြုလာကြပါတယ်။  လူငယ်များအတွက် အင်တာနက်ကို ဘေးကင်းလုံခြုံစွာ အသုံး ပြုနိုင်ရန် ယခင်ကထက်ပိုပြီး အရေးကြီးလာပါတယ်။ လူငယ်တွေအနေနှင့် အွန်လိုင်းမှာ အန္တရာယ် ကြုံတွေ့တဲ့အခါ သူတို့ကိုယ်သူတို့ ဘယ်လို ကာကွယ်ရမလဲ၊ အကူအညီဘယ်လို ရှာဖွေရမလဲဆိုတာနဲ့ ပတ်သက်ပြီး ဒစ်ဂျစ်တယ် နည်းပညာမှာ ကျွမ်းကျင်ဖို့ လိုအပ်ပါ တယ်။ ကျွန်တော်တို့အနေနဲ့ တယ်လီနောနှင့်အတူ အွန်လိုင်းတွင် ထိပါးနှောင့်ယှက်ခြင်းနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းကင်းတဲ့ အွန်လိုင်း အင်တာနက် သုံးစွဲခြင်းတွေဖြစ်လာဖို့ လူငယ်ခေါင်းဆောင်တွေနှင့်အတူ ဒီအွန်လိုင်း ဘေးကင်းလုံခြုံမှု ဆိုင်ရာ လှုပ်ရှားမှုကို ဂုဏ်ယူဝမ်းမြောက်စွာ စတင် လိုက်ခြင်း ဖြစ်ပါတယ်။ဟု ပလန်အင်တာနယ်ရှင်နယ်မြန်မာ၏  ဌာနေကိုယ်စားလှယ် ဖြစ်သူ Mr. Kelland Stevenson က ပြောကြားခဲ့သည်။

Be Kind

 

Covid-19 ရောဂါဖြစ်ပွားနေခြင်းကြောင့် ကျောင်းများနှင့် လုပ်ငန်းများကို ဆက်လက်၍ လည်ပတ်နိုင်ရန် အဟန့် အတားဖြစ်နေပြီး၊ လူငယ်အများစုသည် လူမှုမီဒီယာကို ပညာသင်ယူခြင်းနှင့် ဖျော်ဖြေရေးများအတွက် နေ့စဉ်သုံးစွဲ လာကြပါသည်။ အွန်လိုင်းအနိုင်ကျင့်ဗိုလ်ကျမှုကဲ့သို့သော အွန်လိုင်း အန္တရာယ်များကြုံတွေ့လာပါက လူငယ်အနည်း စုကသာလျှင် မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်ရမည်ကို သိရှိကြပါသည်။ ဤကမ်ပိန်းကို လူငယ်ခေါင်းဆောင်များက ရှေ့တန်းမှ ဦးဆောင်ကာ မြန်မာလူငယ်များအတွက် ဘေးကင်းလုံခြုံသည့် အွန်လိုင်းနေရာ ဖန်တီးပေးခြင်း၊ အပြုသဘောဆောင်သည့် အွန်လိုင်းအမူအကျင့်ကောင်းများ မြှင့်တင်ပေးခြင်း၊ လူငယ်များအား အပြုသဘော မဆောင်သည့် အွန်လိုင်းအပြုအမူများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် လိုအပ်သော သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးမည်ဖြစ်သည်။ ထို့အပြင် ကလေးသူငယ်များနှင့် လူငယ်များအကြား ကောင်းမွန်သော စိတ်နေ သဘောထား များ၊ တန်ဖိုးထားမှုများ၊ အမူအကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် လူမှုရေးညီညွတ်မှု၊ ဖွံ့ဖြိုး တိုးတက်ရေးများ အတွက် အထောက်အပံ့ဖြစ်စေရန်အလို့ငှာ အင်တာနက်ကို အကျိုးရှိရှိ အသုံးပြုတတ်လာစေရန် ဆောင်ရွက်သွား မည်ဖြစ်သည်။ ဤလှုပ်ရှားမှုသည် တိုင်းဒေသကြီး (၈) ခု မှ အလယ်တန်းနှင့် အထက်တန်းအဆင့်ရှိ အခြေခံ ကျောင်းသား / ကျောင်းသူ ၇၀၀,၀၀၀ သိန်းထံသို့ တိုက်ရိုက်ရောက်ရှိရုံသာမက လူမှုမီဒီယာများမှတစ်ဆင့် ထောင်ပေါင်းများစွာသော  လူငယ်များထံသို့ ရောက်ရှိနိုင်ရန်လည်း မျှော်မှန်းထားပါသည်။

“ကလေးငယ်တွေနဲ့ လူငယ်တွေ၊ အထူးသဖြင့် မိန်းကလေးများအတွက် လုံခြုံစိတ်ချရတဲ့ ဒစ်ဂျစ်တယ် ပတ်ဝန်းကျင် တစ်ခုဖြစ်လာဖို့ဆိုတာ တယ်လီနောရဲ့ လူမှုအကျိုးပြု ဦးတည်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ မိုဘိုင်းနဲ့ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးဟာ လူတိုင်းအတွက်ဖြစ်သင့်တယ်လို့ ကျွန်တော်တို့အားလုံး ယုံကြည် ပါတယ်။ အခုလို တစ်ကမ္ဘာလုံး ကပ်ရောဂါကို ရင်ဆိုင်တိုက်ဖျက်နေရတဲ့အချိန်မှာ ဒါဟာပိုပြီးအရေးကြီးပါတယ်။ ဆက်သွယ်ချိတ် ဆက်မှုရတယ်လို့ပြောရင် ဘေးကင်းလုံခြုံတာ၊ အဆက်အသွယ်မပြတ်ရှိတာ၊ ဖြစ်ချင်တဲ့အရာကို စွမ်းဆောင်နိုင် အောင် လုပ်ဆောင်တာလို့ ပြောလို့ရပါတယ်။ အင်တာနက်ကို စိတ်ချလုံခြုံစွာနဲ့ အကျိုးရှိစွာ အသုံးပြုတတ်ဖို့က အရေးကြီးတဲ့ အတတ်ပညာတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် အခုပြုလုပ်တဲ့ ဒစ်ဂျစ်တယ်နည်းပညာ ကျင်လည်မှု သင်တန်းကမှတစ်ဆင့် အွန်လိုင်းပေါ်မှာ လိုက်နာသင့်တဲ့ အပြုအမူတွေ၊ မသင့်တော်တဲ့ အကြောင်းအရာအတွေနဲ့ တရားမဝင်တဲ့ အကြောင်းတွေကို စနစ်တကျ တိုင်ကြားနည်းတွေအပြင် လူငယ်တွေကို လုံခြုံစိတ်ချမှုရှိရှိ အဆက် အသွယ်လုပ်နိုင်မယ့် အခွင့်အရေးတစ်ခုကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jon Omund Revhaug မှ ပြောကြား ခဲ့သည်။

Be Kind
 

ပလန်အင်တာနယ်ရှင်နယ် အကြောင်း

ပလန်အင်တာနေရှင်နယ်သည် ကလေးသူငယ်နှင့် လူငယ်များ အထူးသဖြင့် မိန်းကလေးများ၏ အခွင့်အရေးနှင့် တန်းတူညီမျှမှုကို အားပေးမြှင့်တင်ပေးသော လွတ်လပ်သည့် အဖွဲ့အစည်းဖြစ်ပါသည်။

သတင်းအချက်အလက်နှင့် မီဒီယာအင်တာဗျူးများအတွက် ဆက်သွယ်ရန် -
ဒေါက်တာမန်းထက်နိုင်, MannHtet.Naing@plan-international.org၊ ၀၉ ၄၂၁ ၀၁၃ ၂၉၅

တယ်လီနောမြန်မာအကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝှမ်းတွင် သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ် ရေးဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှု အပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူ စုစုပေါင်း (၂၂) သန်းကျော်ထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများပေးအပ်

လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာ များအနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း (၁၈၆) သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှ တဆင့် လူ့အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း (၁၆၅) ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေး မှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက် အဝန်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share