01 February, 2017 - Yangon
တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”)သည် သုံးစွဲသူများအနေဖြင့် သက်တမ်းကုန်ဆုံးသွားချိန်အထိအသုံးပြုရန် ကျန်ရှိနေသာအင်တာနက်သုံးဒေတာနှင့် အခြားအကျိုးခံစားခွင့်များကို၉၀ရက် အထိယူဆောင်အသုံးပြုနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံး ‘ပါဆယ်’အင်တာနက်သုံးဒေတာ package များကိုမိတ်ဆက် လိုက်ပြီ ဖြစ်ပါသည်။ ၃၀-ရက် သက်တမ်းရှိ‘ပါဆယ်’အစီအစဉ်များကို ၃၀၀MB အတွက် ၉၉၉ ကျပ်မှစ၍ ၁၂၀GB အတွက် ၉၉,၉၉၉ ကျပ်အထိ ၀ယ်ယူရရှိနိုင်ပါသည်။
ဖေဖော်၀ါရီလ ၂ ရက်နေ့မှစတင် ရရှိနိုင်မည့် ‘ပါဆယ်’အင်တာနက်သုံးဒေတာအစီအစဉ်များတွင် Facebook၊ Viberနှင့် BeeTalkကဲ့သို့ လူမှုကွန်ရက်များအသုံးပြုရန်အခမဲ့ ဒေတာ၊ တယ်လီနော Capture တွင် ဓါတ်ပုံနှင့် ဗီဒီယိုများသိမ်းဆည်းခွင့်နှင့် တယ်လီနောနံပါတ်အချင်းချင်းသို့ အခမဲ့ စာတိုပို့ခွင့် စသည့် အကျိုးခံစားခွင့်များပါရှိပါသည်။ “ဒီအစီအစဉ်ရဲ့ ထူးခြားမှုတစ်ခုကတော့ အသုံးပြုသူတွေအနေနဲ့‘ပါဆယ်’ယူဆောင်သွားဖို့ အခွင့်အလမ်းရှိနေမှု ဖြစ်ပါ တယ်။ သူ့ရဲ့ သက်တမ်းကရက်ပေါင်း ၃၀ သာဖြစ်ပေမယ့် သုံးဖို့ကျန်နေတဲ့ အကျိုးခံစားခွင့်တွေကိုတော့ ၉၀ရက်အထိပါဆယ်ယူဆောင်သွားနိုင်မှာ ဖြစ်ပြီးသုံးစွဲသူတွေအနေနဲ့ နောက်တစ်ကြိမ် စာရင်းသွင်းလိုက်ပြီဆိုတာနဲ့ ကျန်နေတဲ့ အကျိုးခံစားခွင့်တွေကိုဆက်လက်အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။ တယ်လီနောအနေနဲ့ သုံးစွဲသူတွေအတွက် ဈေးနှုန်းချိုသာပြီးထူးခြားဆန်းသစ်တဲ့ အသံနဲ့ အင်တာနက် ၀န်ဆောင်မှုတွေကိုစဉ်ဆက်မပြတ်ပေးအပ်နေဖို့ ကြိုးပမ်းအားထုတ်မှုရဲ့ တစ်စိတ်တစ်ဒေသအဖြစ် အခုလို မြန်မာ့တယ်လီကွန်းလောကရဲ့ ပထမဆုံး‘ပါဆယ်’အစီအစဉ်ကိုမိတ်ဆက် လိုက်နိုင် တဲ့အတွက် ၀မ်းမြောက်မိပါတယ်” ဟုတယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Joslin Myrthong က ပြောကြားသည်။
ယခု‘ပါဆယ်’အစီအစဉ်ကိုရယူထားခြင်းဖြင့်သုံးရန်ကျန်နေသေးသည့် ဒေတာနှင့် အခြားအကျိုးခံစားခွင့်များကိုပါဆယ် ယူဆောင်သွားနိုင်မည်ဖြစ်ပြီးထပ်မံစာရင်းသွင်းလိုက်သည့် အခါတိုင်းယင်းအကျိုးခံစားခွင့်များကိုဆက်လက် အသုံးပြု သွားနိုင်မည် ဖြစ်ပါသည်။ အစီအစဉ်၏ သက်တမ်းမှာရက် ၃၀ သာရှိသည်ဖြစ်ပြီးသက်တမ်းကုန်ပြီးရက် ၃၀ အတွင်းထပ်မံစာရင်းသွင်းမှသာကျန်ရှိအကျိုးကျေးဇူးများဆက်လက်အသုံးပြုခွင့်ကိုရရှိပါမည်။ Facebook၊ Viberနှင့် BeeTalkလူမှုကွန်ရက်များအတွက် အခမဲ့ ပေးထားသည့် ဒေတာများကျန်ရှိနေပါကယင်းဒေတာများကိုလူမှုကွန်ရက်များမှတစ်ဆင့် ဗီဒီယိုနှင့် အသံခေါ်ဆိုမှုများအတွက် အသုံးပြု ခွင့်ရှိမည် မဟုတ်ပါ။
ဖုန်းခေါ်ဆိုမှုများနှင့် စာတိုပေးပို့မှုများအတွက် ပုံမှန်နှုန်းထားများဖြစ်သည့် တစ်မိနစ် ၂၅ ကျပ် နှင့် စာတိုတစ်စောင် ၁၅ ကျပ် အသီးသီးကောက်ခံသွားမည် ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် *979*2*7# သို့ ဖုန်းခေါ် ဆိုခြင်းဖြင့် ဖြစ်စေMyTelenor app မှတစ်ဆင့် ဖြစ်စေ၊ စာတိုပို့ခြင်းဖြင့် ဖြစ်စေ‘ပါဆယ်’အစီအစဉ်ကိုရယူနိုင် ပါသည်။ စာတိုမှတစ်ဆင့် မိမိကြိုက်နှစ်သက်သည့် ‘ပါဆယ်’အစီအစဉ်ကိုရယူရန် ၅၀၀ သို့ DPXS၊ DPS၊ DPM၊ DPL၊ DPXL၊ DP2XL နှင့် DP3XL တို့ကိုပေးပို့ ရယူနိုင်ပါသည်။ အသုံးပြုနိုင်သည့် ဒေတာလက်ကျန်အခြေအနေကို *124*1# သို့ ဖုန်းခေါ်ယူစစ်ဆေးနိုင်ပါသည်။
သုံးစွဲသူများအနေဖြင့် ‘ပါဆယ်’အစီအစဉ်အပြင် လက်ရှိရှိနေသော ‘စူပါ နှစ်ဆ’Smartအင်တာနက် လစဉ် အစီအစဉ်များကိုလည်း ကြိုက်နှစ်သက်ရာ ၀ယ်ယူအသုံးပြုနိုင်ပါသည်။ သုံးစွဲသူများများစွာ နှစ်ချိုက်ကြသော‘စူပါပွား’အစီအစဉ်သည်လည်းဆက်လက်ရရှိနေမည် ဖြစ်ပါသည်။ စူပါပွားဖြင့် တယ်လီနော၏ ပိုမိုကောင်းမွန်သည့် အင်တာနက်သုံးဒေတာကို ၁ MB အတွက် ၈ ကျပ်နှုန်း၊ တယ်လီနောအချင်းချင်းခေါ်ဆိုမှုအတွက် တစ်မိနစ် ၁၈ ကျပ်နှုန်းနှင့် အခြားအော်ပရေတာများသို့ ခေါ်ဆိုမှုအတွက် တစ်မိနစ် ၂၅ ကျပ်နှုန်းအသီးသီးကျသင့်ပါသည်။ တယ်လီနော၏ အခြားအတွက် ၀န်ဆောင်မှုအစီအစဉ်များ (စာတိုပေးပို့ခြင်း၊ နိုင်ငံတကာသို့ ခေါ်ဆိုခြင်း၊ အခြားနိုင်ငံများတွင် အသုံးပြုခြင်း) နှင့် လက်ကျန် ငွေ လွှဲပြောင်းခြင်း၊ ကြိုသုံးအစီအစဉ်၊ MyTuneအစီအစဉ် စသည်တို့အတွက် ၀န်ဆောင်ခနှုန်းထားများမှာယခင်အတိုင်းကျသင့်မည် ဖြစ်ပါသည်။ တယ်လီနော၏ Smartအင်တာနက်အစီအစဉ်သည် အခြေခံနှုန်းထား ဖြစ်သော ၁ MB အတွက် ၈ ကျပ်နှုန်းဖြင့်သာဆက်လက်ကျသင့်နေမည် ဖြစ်ပါသည်။
ရရှိမည့်ပမာဏ | စျေးနှုန်း | စာရင်းသွင်းရန် | တယ်လီနောအချင်းချင်းစာတိုအရေအတွက် | Facebook,Viber နှင့် BeeTalk တို့အတွက် အခမဲ့ MB |
XS (၃၀၀ MB) | ၉၉၉ | *979*2*7*1# သို့ဖုန်းခေါ်ဆိုပါ (သို့) ၅၀၀ သို့ "DPXS" ကိုစာတိုပို့ပါ | ၅၀၀ | ၅၀၀ |
S (၁ GB) | ၂,၉၉၉ | *979*2*7*2# သို့ဖုန်းခေါ်ဆိုပါ (သို့) ၅၀၀ သို့ "DPS" ကိုစာတိုပို့ပါ | ၁၀၀၀ | ၁၀၀၀ |
M (၄ GB) | ၉,၉၉၉ | *979*2*7*3# သို့ဖုန်းခေါ်ဆိုပါ (သို့) ၅၀၀ သို့ "DPM" ကိုစာတိုပို့ပါ | ၂၀၀၀ | ၂၀၀၀ |
L (၁၀ GB) | ၁၉,၉၉၉ | *979*2*7*4# သို့ဖုန်းခေါ်ဆိုပါ (သို့) ၅၀၀ သို့ "DPL" ကိုစာတိုပို့ပါ | ၄၀၀၀ | ၄၀၀၀ |
XL (၂၀ GB) | ၂၉,၉၉၉ | *979*2*7*5# သို့ဖုန်းခေါ်ဆိုပါ (သို့) ၅၀၀ သို့ "DPXL" ကိုစာတိုပို့ပါ | ၅၀၀၀ | ၅၀၀၀ |
2XL (၅၀ GB) | ၄၉,၉၉၉ | *979*2*7*6# သို့ဖုန်းခေါ်ဆိုပါ (သို့) ၅၀၀ သို့ "DP2XL" ကိုစာတိုပို့ပါ | ၈၀၀၀ | ၈၀၀၀ |
3XL (၁၂၀ GB) | ၉၉,၉၉၉ | *979*2*7*7# သို့ဖုန်းခေါ်ဆိုပါ (သို့) ၅၀၀ သို့ "DP3XL" ကိုစာတိုပို့ပါ | ၁၀၀၀၀ | ၁၀၀၀၀ |
မီဒီယာများဆက်သွယ်ရန်
အဲလက်စ် ညီညီအောင်
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm