Article

၂၀၁၈ ခုနှစ်အတွင်း အကောင်းဆုံးသော စွမ်းဆောင်ရည်များကို တယ်လီနောမြန်မာ ပုံဖော်ပြသနိုင်ခဲ့

12 February, 2019 - Yangon

ယခုနှစ်တွင် ကျရောက်မည့် ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယတွင် တယ်လီနောမြန်မာအနေဖြင့် ၂၀၁၈ ခုနှစ် အတွင်း မြန်မာနိုင်ငံရှိ ပြည်သူများ၏ လူနေမှုဘဝများကို အကျိုးပြုနိုင်ခဲ့သည့် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သော အောင်မြင်မှုများကို ပြန်လည်ပုံဖော်ပြသခဲ့သည်။ ပြီးခဲ့သည့် နှစ်အတွင်း တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတွင် သိသာထင်ရှားသော လုပ်ဆောင်ချက်များနှင့် မှတ်တိုင်များအား စိုက်ထူနိုင်ခဲ့ပြီး အကောင်းမွန်ဆုံးသော သုံးစွဲမှုအတွေ့အကြုံများကိုလည်း အသုံးပြုသူများထံပေးအပ်နိုင်ခဲ့သည့် အပြင် မြန်မာနိုင်ငံဆက်သွယ်ရေးကဏ္ဍ၏ လျင်မြန်သောနှုန်းဖြင့် ဖွံ့ဖြိုးတိုးတက်နေမှုများအတွက်လည်းများစွာ အထောက် အကူပေးနိုင်ခဲ့သည်။

“ထိပ်တန်းဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်တာနဲ့အညီ တယ်လီနောမြန်မာအနေနဲ့ နိုင်ငံတဝန်းမှာရှိတဲ့ အသုံးပြုသူတွေအတွက် ကမ္ဘာ့အဆင့်မီဝန်ဆောင်မှုတွေကို ပေးအပ်နိုင်မယ့် အရည်အသွေး အကောင်းမွန်ဆုံး ကွန်ရက်တစ်ခုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အလေးထားလုပ်ဆောင်နေပါတယ်။ အခုနှစ်ပိုင်းတွေမှာ ဒေတာ အသုံးပြုမှုပမာဏဟာလည်း သိသိသာသာမြင့်တက်လာခဲ့တဲ့အတွက် ကျွန်တော်တို့ တယ်လီနောအနေနဲ့လည်း အသုံးပြုသူတွေရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့၊ သူတို့စိတ်ကျေနပ်မှုရှိစေမယ့် ကွန်ရက်တစ်ခုကို ဆက်လက် တည်ဆောက်နိုင်ဖို့ မနားမနေ ကြိုးစားလုပ်ဆောင်နေပါတယ်။ တယ်လီနောအနေနဲ့ အသုံးပြုသူတွေအတွက် အရည် အသွေးမြင့်မားတဲ့ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို ဆက်လက်ပေးအပ်သွားမှာဖြစ်ပြီး သူမတူတဲ့ အကောင်းဆုံး အင်တာနက်အရည်အသွေးတွေကို ရရှိနိုင်အောင် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Sharad Mehrotra က ပြောကြားသည်။

ထို့အပြင် ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပေါ်ပေါက်လာစေရေး ဦးတည်လုပ်ဆောင်လျက်ရှိသည့် အစိုးရ၏ လုပ်ဆောင်ချက်များအား တက်ကြွစွာ အားပေးကူညီလျက်ရှိပြီး ပွင့်လင်းမြင်သာမှုရှိသော တာဝန်သိ စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည့် တယ်လီနောမြန်မာသည် မြန်မာပြည်သူလူထု၏ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် လူမှုစီးပွားရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအား ပိုမိုကောင်းမွန်မြင့်မားလာစေရန်ဟူသည့် ၎င်း၏ ရည်သန်ချက်ကို လည်း သိသာထင်ရှားစွာ သက်သေပြသနိုင်ခဲ့သည်။

မြန်မာနိုင်ငံ ဆက်သွယ်ရေးကဏ္ဍ၏ ထိပ်တန်းကွန်ရက်

တယ်လီနော၏ 4G/LTE ကွန်ရက်သည် လက်ရှိအချိန်၌ မြန်မာနိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၃၁၀ နီးပါးတွင် ရယူအသုံးပြုနိုင်ပြီဖြစ်ကာ နှစ်နှစ်တာကာလအတွင်း နိုင်ငံအတွင်းရှိ မြို့နယ်အားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်အား 4G/LTE ကွန်ရက်ဖြင့် အောင်မြင်စွာ ချိတ်ဆက်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ၂၀၁၉ ခုနှစ်တွင် တယ်လီနောသည် ၎င်း၏ 4G/LTE တာဝါတိုင်အရေအတွက်အား ၆,၀၀၀ ခန့်အထိ တိုးချဲ့ဆောက်လုပ်သွားရန်အတွက်လည်း မျှော်မှန်း လုပ်ဆောင်လျက် ရှိသည်။ ထို့အပြင် တယ်လီနောသည် ၂၀၁၈ ခုနှစ်အတွင်း VoLTE စနစ်ကိုလည်း စတင် မိတ်ဆက်ခဲ့ပြီး အသုံးပြုသူများအနေဖြင့် ကြည်လင်ပြတ်သားသော အရည်အသွေးမြင့် ဖုန်းခေါ်ဆိုမှုများကို ပြုလုပ် နိုင်ရန် အဆင့်မြှင့်တင်ပေးနိုင်ခဲ့သည်။ VoLTE စနစ်သည် 4G လိုင်းသုံးနေစဉ် ဖုန်းခေါ်ဆိုပါက အင်တာနက် အရည်အသွေးအား 2G/3G စနစ်သို့ ပြန်လည်ကျဆင်းသွားစေခြင်း မရှိသည့်အတွက် ပိုမိုကောင်းမွန်သော ဖုန်းခေါ်ဆိုမှုအရည်အသွေးကို ပေးစွမ်းနိုင်သည့်အပြင် အင်တာနက်အသုံးပြုရာတွင်ဖြစ်စေ၊ အွန်လိုင်းဂိမ်း ကစားရာတွင်ဖြစ်စေ အထစ်အငေါ့မရှိသော အင်တာနက် အရည်အသွေးကိုလည်း ပေးစွမ်းနိုင်မည် ဖြစ်သည်။ အလားတူ ၎င်း၏ ကွန်ရက်ဆိုင်ရာ သံတမန်ဖြစ်သည့် 4G Leo နှင့်အတူ နိုင်ငံတဝန်းရှိ ၎င်း၏ ကွန်ရက်ပိုင်းဆိုင်ရာ အရည်အသွေးကောင်းမွန်မှု ရှိစေရန်နှင့် အသုံးပြုသူများနှင့် ပိုမိုနီးကပ်မှုရှိစေရန် အစဉ်အမြဲ စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

တယ်လီနောအနေဖြင့် ပိုင်ဆိုင်ထားသည့် အကောင်းမွန်ဆုံးသော ကွန်ရက်အား သက်သေပြသခြင်းအနေဖြင့် Ericsson နှင့် ပူးပေါင်း၍ ၎င်း၏ 4G/LTE ကွန်ရက်ပေါ်တွင် အင်တာနက်မြန်နှုန်း စမ်းသပ်မှုတစ်ရပ်အား အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် အမြင့်ဆုံး မြန်နှုန်း စံချိန်သစ်ဖြစ်သည့် တစ်စက္ကန့်လျှင် ၁ Gbps အထိ ရရှိခဲ့သည်။ ထို့အပြင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလနှောင်းပိုင်းတွင်လည်း Ericsson နှင့်ပင် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ်အဖြစ် IoT နည်းပညာ စမ်းသပ်မှုအား မန္တလေးမြို့တွင် အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် 5G နည်းပညာ အသုံးပြုနိုင်ရန် ကူညီဆောင်ရွက်ပေးသွားမည် ဟူသော ၎င်း၏ ရည်သန်ချက်ကို အကောင်အထည် ဖော် လုပ်ဆောင်နိုင်ခဲ့သည်။

ကမ္ဘာ့စံချိန်သစ်များနှင့် ပြည်တွင်းစံချိန်သစ်များ

တယ်လီနောမြန်မာသည် ၂၀၁၈ ခုနှစ်အတွင်း များစွာသော မှတ်တိုင်များကိုလည်း စိုက်ထူနိုင်ခဲ့သည်။ ၂၀၁၈၊ ဖေဖော်ဝါရီလတွင် လူဖြင့်ပုံဖော်ထားသည့် ကမ္ဘာ့အကြီးမားဆုံးသော နိုင်ငံမြေပုံအား လူဦးရေ ၃,၄၀၀ ကျော်ဖြင့် ပုံဖော်ကာ စံချိန်ချိုးနိုင်ရန် တယ်လီနောမြန်မာက ဦးဆောင်ကြိုးပမ်းခဲ့ပြီး တရားဝင် ကမ္ဘာ့ ဂင်းနစ်စံချိန်သစ် တင်နိုင်ခဲ့ သည်။

ထို့အပြင် နိုဝင်ဘာလတွင်လည်း တယ်လီနောမြန်မာသည် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့ အထိမ်းအမှတ် အဖြစ် မြန်မာနိုင်ငံတွင် အကြီးမားဆုံးသော ‘ဘေးကင်းသော အင်တာနက်’ ဟောပြောပွဲများအား နိုင်ငံတဝန်းရှိ နေရာပေါင်း ၄၄ ခုတွင် တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသားကျောင်းသူပေါင်း ၉,၀၀၀ နီးပါးကို အခြေခံ ဒစ်ဂျစ်တယ် နည်းပညာနှင့် ဘေးကင်းသော အင်တာနက် အသုံးပြုပုံတို့အား အသိပညာပေးနိုင်ခဲ့သည်။

ဒစ်ဂျစ်တယ်မြန်မာ ဖြစ်ထွန်းပေါ်ပေါက်လာရန် ရည်သန်ဆောင်ရွက်နေခြင်း

မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်စီးပွားရေးတစ်ရပ် အောင်မြင်စွာ ပေါ်ပေါက်လာစေရန် ဦးတည်ချက်ထား ကြိုးပမ်းလျက် ရှိသည့် အစိုးရ၏ လုပ်ဆောင်ချက်များအား ထောက်ပံ့ကူညီသွားရန် သံန္နိဋ္ဌာန်ချထားသည်နှင့်အညီ တယ်လီနောမြန်မာ သည် ‘REALISING DIGITAL MYANMAR’ အမည်ရှိ မြန်မာ့ပထမဆုံးသော ဒစ်ဂျစ်တယ် အစီရင်ခံစာတစ်ရပ်အား ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ အစီရင်ခံစာတွင် ၂၀၂၃ ခုနှစ်၌ ပြီးစီးသင့်သည့် မှတ်တိုင်များ၊ ရည်မှန်းချက်များ အောင်မြင်စွာ ရရှိနိုင်စေရန် လုပ်ဆောင်ရမည့် လမ်းစဉ်အသေးစိတ်ကိုလည်း ထည့်သွင်းဖော်ပြ ထားသည်။ အလားတူပင် တယ်လီနောမြန်မာသည် ဒစ်ဂျစ်တယ်နိုင်ငံအဖြစ် ရှေ့ဆက်သွားနိုင်ရေးအတွက် လူထု အကျိုးပြုလုပ်ငန်း အစီအစဉ်များစွာကိုလည်း အရှိန်အဟုန်မြင့် ဆောင်ရွက်ခဲ့သည်။ တယ်လီနော၏ အလင်းအိမ် စင်တာ ဒစ်ဂျစ်တယ်နည်းပညာ တတ်ကျွမ်းမှုသင်တန်းများမှ လက်ရှိတွင် ကျောင်းသားကျောင်းသူပေါင်း ၁၅၀,၀၀၀ ကို စမတ်ဖုန်းနှင့် ကွန်ပြူတာကျွမ်းကျင်မှုများအား လေ့ကျင်သင်ကြားပေးနိုင်ခဲ့ပြီး ၎င်း၏ ဘေးကင်းသော အင်တာနက် အသုံးပြုနည်း သင်တန်းများမှလည်း ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၆၀,၀၀၀ ကိုလည်း ဘေးကင်းလုံခြုံစွာ အင်တာနက်အသုံးပြုမှု သင်တန်းများကို ပို့ချသင်ကြားပေးနိုင်ခဲ့သည်။ ထို့အပြင် တယ်လီနောမြန်မာသည် တစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံတဝန်းရှိ ကျောင်းသားကျောင်းသူပေါင်း ၁၀၀,၀၀၀ ခန့်အား ကွန်ပြူတာအခြေခံ ကျွမ်းကျင်မှု နှင့် ဘေးကင်းလုံခြုံစွာ အင်တာနက်အသုံးပြုခြင်းဆိုင်ရာ သင်တန်းများကို အခမဲ့သင်ကြားပေးမည့် ဒစ်ဂျစ်တယ်နည်းပညာသင်တန်းအား ပထမဦးဆုံးအကြိမ်အဖြစ် နို၀င်ဘာလတွင် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် လိုအပ်သည့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများနှင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ လုပ်သားအရေအတွက် ပိုမိုမြင့်တက်လာစေရန်အတွက် တယ်လီနောမြန်မာသည် တယ်လီနော အမ်ဘီအေ ပညာသင်ဆုများနှင့် နော်ဝေနိုင်ငံ၊ အော်စလိုရှိ နိုဘယ်ငြိမ်းချမ်းရေးစင်တာနှင့် ပူးပေါင်းလုပ်ဆောင်သည့် တယ်လီနော လူငယ်ဖိုရမ် အပါအဝင် အစီအစဉ်ပေါင်းများစွာကိုလည်း လုပ်ဆောင်လျက်ရှိသည်။

တယ်လီနော၏ ထင်ရှားသော နောက်ထပ်ခြေလှမ်းတစ်ခုအဖြစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ချမှတ်ထားသော ရေရှည် တည်တံ့သော ဖွံ့ဖြိုးမှုပန်းတိုင် (SDG10) မညီမျှမှုများကို လျှော့ချခြင်းဟူသည့် ရည်မှန်းချက်အား အားဖြည့်ကူညီသည့် အနေဖြင့် သြဂုတ်လအတွင်းတွင် မြန်မာနိုင်ငံအစိုးရ၏ ထောက်ခံအားပေးမှုဖြင့် ယူနီဆက်မြန်မာနှင့် တယ်လီနော လုပ်ငန်းစုတို့ ပူးပေါင်းကာ မိုဘိုင်းအသုံးပြု မွေး/သေ စာရင်းမှတ်ပုံတင်ခြင်း ရှေ့ပြေးစီမံချက်ကို မွန်ပြည်နယ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ ဤစီမံချက်ကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးမှ မြို့နယ်ကျန်းမာရေး အရာရှိများသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် မွေးဖွားခြင်းဆိုင်ရာ မှတ်ပုံတင်ခြင်းနှင့် မွေးစာရင်း ထုတ်ပေးခြင်းတို့ကို ဒစ်ဂျစ်တယ်မိုဘိုင်းစနစ်အသုံးပြုကာ မှတ်တမ်းတင်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်နေသည့် တာဝန်သိ စီးပွားရေးလုပ်ငန်းတစ်ရပ်

၂၀၁၇/၁၈ အခွန်စည်းကြပ်နှစ်အတွင်း အခွန်ပေးဆောင်မှုအများဆုံး နိုင်ငံခြားကုမ္ပဏီများ စာရင်းအရ တယ်လီနောမြန်မာ သည် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကျပ်ငွေ ဘီလျံ ၅၀ ကျော် ပေးဆောင်ခဲ့ကာ နံပါတ် ၁ နေရာ၌ ရပ်တည်နိုင်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ဝင်ငွေခွန်အဖြစ် ကျပ်ငွေဘီလျံ ၈၀ ကျော် ပေးဆောင်ခဲ့ကာ နံပါတ် ၂ နေရာ၌ ရပ်တည်နိုင်ခဲ့သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် တရားဝင်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။ တယ်လီနောအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်လုပ်ဆောင်သည့်အချိန်မှစ၍ ယခု အခွန် စည်းကြပ်နှစ်အထိ ဝင်ငွေခွန်အဖြစ် ကျပ်ငွေ ၂၄၁ ဘီလျံကျော်နှင့် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကျပ်ငွေ ၈၁ ဘီလျံကျော် အသီးသီး ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ယင်းကာလအတွင်း အခွန်အရပ်ရပ်အတွက် ကျပ်ငွေ ၄၄၁ ဘီလျံကျော်အား နိုင်ငံတော်အစိုးရထံ ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် တယ်လီနောမြန်မာသည် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာသည့်အချိန်မှစ၍ ယခုအချိန်အထိ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော် ရင်းနှီးမြှုပ်နှံပြီး ဖြစ်သည်။

“တစ်နှစ်အတွင်းမှာ မြန်မာနိုင်ငံအတွက် အံ့အားသင့်စရာကောင်းတဲ့ စွမ်းဆောင်မှုတွေကို ပြုလုပ်ပေးနိုင်ခဲ့တာကြောင့် တယ်လီနောမြန်မာအနေနဲ့ အရမ်းကို ဝမ်းမြောက်ဂုဏ်ယူမိပြီး မြန်မာနိုင်ငံဆက်သွယ်ရေးကဏ္ဍရဲ့ ဦးဆောင်သူနေရာ မှာ ဆက်လက်ရပ်တည်သွားနိုင်ဖို့ အသုံးပြုသူတွေဆီကို အကောင်းမွန်အဆန်းသစ်ဆုံး ဝန်ဆောင်မှုတွေကို အသက်သာဆုံးသော စျေးနှုန်းတွေနဲ့ ပေးအပ်သွားဖို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အလားတူ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ လူနေမှုဘဝအခြေအနေတွေနဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု အဆင့်အတန်းတွေ ကိုလည်း ပိုမိုကောင်းမွန်လာစေဖို့ ဆက်လက်ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော် အပါအဝင် တယ်လီနော မြန်မာအဖွဲ့သားတွေ အားလုံးကလည်း အခုလာမယ့်နှစ်အတွင်းမှာ အကောင်းမွန်ဆုံး မှတ်တမ်းတွေ၊ ရလာဒ်တွေကိုဆက်လက်ပိုင်ဆိုင်သွားနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားဖို့ ရည်သန်ထားပါတယ်” ဟု Sharad Mehrotra က ပြောကြားသည်။

တယ်လီနောသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အကောင်းမွန်ဆုံးသော 2G/3G/4G ကွန်ရက်အား ပိုင်ဆိုင်ထား ကာ နိုင်ငံတဝန်းတွင် ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၃၀၀ ကျော်၊ အရောင်းဆိုင်ပေါင်း ၁၀၀,၀၀၀ ကျော်မှတဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးမှ အသုံးပြုသူပေါင်း ၁၈ သန်းကျော်အား ဝန်ဆောင်မှု များ ပေးအပ်လျက် ရှိသည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Telenor
Share Share