Press Release

၀က်ဘ်ဆိုက်အွန်လိုင်းနှင့်မြန်မာနိုင်ငံတစ်ဝှမ်းရှိလက်လီဆိုင်ပေါင်း ၃၄,၀၀၀ကျော်တွင်တယ်လီနောဆင်းကတ်မှတ်ပုံတင်ခြင်းကိုဆောင်ရွက်နိုင်

19 October, 2016 - Yangon

  • တယ်လီနောသည်ဆင်းကတ်မှတ်ပုံတင်ခြင်းကို ၀က်ဘ်ဆိုက်၊ အွန်လိုင်းတို့နှင့်မြန်မာနိုင်ငံတစ်ဝှမ်းရှိလက်လီဆိုင် ၃၄,၀၀၀ကျော်တွင် ပြုလုပ်ပေးလျက်ရှိ
  • လိုအပ်သောအထောက်အထား ပြည့်စုံပါကဝက်ဘ်ဆိုက်မှတစ်ဆင့်ဆင်းကတ်များမှတ်ပုံတင်ခြင်းကိုမိမိကိုယ်တိုင်အတွက်သာမက မိသားစု၀င်များ၊မိတ်ဆွေ များကိုယ်စားဆောင်ရွက်ပေးနိုင်

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”)သည်သုံးစွဲသူများမိမိအဆင်ပြေသည့်အချိန်တွင် ဆင်းကတ်များကိုကိုယ်တိုင်လွယ်ကူစွာမှတ်ပုံတင်နိုင်ရန်အတွက် ဝက်ဘ်ဆိုက်၊ My Telenorမိုဘိုင်းလ် အက်ပလီကေးရှင်း၊ Facebook နှင့် Viberများမှတစ်ဆင့်မှတ်ပုံတင်နိုင်မည့် နည်းလမ်းများကိုမိတ်ဆက်ထားပြီး ဖြစ်ပါသည်။ထို့အပြင် သုံးစွဲသူများအနေဖြင့် ဆင်းကတ်များမှတ်ပုံတင်ထားရှိမှု အခြေအနေကိုစစ်ဆေးခြင်းနှင့် ဆင််းကတ် မှတ်ပုံတင်ခြင်းတို့ကို မြန်မာနိုင်ငံတစ်၀ှမ်းရှိ နီးစပ်ရာတယ်လီနော၏ လက်လီဆိုင်များတွင် အလွယ်တကူ လျှင်မြန်စွာဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။ လက်ရှိတွင် ဆင်းကတ် မှတ်ပုံတင်နိုင်ပြီ ဖြစ်ကြောင်းအမှတ်အသားထားရှိသောဆင်းကတ်လက်လီအရောင်းဆိုင်ပေါင်း၃၄,၀၀၀ကျော်သည် ဆင်းကတ်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်သည့် ၀န်ဆောင်မှုများအား ပေးအပ်နေပြီဖြစ်ပါသည်။မြန်မာနိုင်ငံအနှံ့အဓိကမြို့ကြီးမြို့ငယ်များရှိတယ်လီနော၏အမှတ်တံဆိပ်အရောင်းဆိုင်ပေါင်း၉၀ခန့်တွင်လည်းဆင်းကတ်မှတ်ပုံတင်ခြင်းဝန်ဆောင်မှုများဆက်လက်ပေးအပ်လျက်ရှိ်သည်။ဆင်းကတ်ပိုင်ဆိုင်သူအမည်ပြောင်းလဲခြင်းကိုလည်းအဆိုပါဆိုင်များတွင် ဆောင်ရွက်ပေးလျက် ရှိပါသည်။

အွန်လိုင်းမှတဆင့်မှတ်ပုံတင်ရန် သုံးစွဲသူများအနေနှင့် မည်သည့် မိုဘိုင်းလ် (သို့) ဝိုင်ဖိုင်အင်တာနက်ကွန်ရက်မှမဆိုhttp://ecaf.telenor.com.mmသို့ဝင်ရောက်ပြီးမှတ်ပုံတင်နိုင်မည် ဖြစ်ပါသည်။မိုဘိုင်းလ်အက်ပလီကေးရှင်းမှတစ်ဆင့်မှတ်ပုံတင်ရန်အတွက်အန်းဒရွိုက်ဖုန်းဖြစ်စေအိုင်ဖုန်းဖြစ်စေ‘MyTelenor’appကိုhttp://bit.ly/mytelenor240တွင်ဒေါင်းလုဒ်ရယူပြီးလွယ်လွယ်ကူကူမှတ်ပုံတင်နိုင်မည် ဖြစ်သည်။တယ်လီနောမြန်မာ၏ Facebook စာမျက်နှာကိုတိုက်ရိုက် မက်ဆေ့ချ် ပို့၍လည်းဆင်းကတ်မှတ်ပုံတင်ရန်မေးမြန်းဆောင်ရွက်နိုင်ပါသည်။ တယ်လီနော၏ Viber public chatမှတစ်ဆင့်လည်းမှတ်ပုံတင်ရန်အချက်အလက်များကိုပုံမှန် အသိပေးကြေငြာလျက်ရှိပါသည်။တယ်လီနောသုံးစွဲသူများသည် လိုအပ်သောအထောက်အထား ပြည့်စုံမည်ဆိုလျှင် ဝက်ဘ်ဆိုက်မှဆင်းကတ်များမှတ်ပုံတင်ခြင်းကိုမိမိကိုယ်တိုင်အတွက်သာမက မိသားစု၀င်များ၊မိတ်ဆွေ များအတွက်ပါ ကိုယ်စားဆောင်ရွက်ပေးနိုင်ပါသည်။ ယခုလက်ရှိတွင်တယ်လီနောအနေနှင့်သုံးစွဲသူများသည် ၎င်းတို့၏ဆင်းကတ်မှတ်ပုံတင်ထားရှိမှုအခြေအနေကိုနည်းလမ်းမျိုးစုံဖြင့်စစ်ဆေးနိုင်ပါသည်။

သုံးစွဲသူများအနေနှင့်၎င်းတို့၏ ဆင်းကတ်များမှတ်ပုံတင်ထားရှိမှု အခြေအနေများအား *979*3*3# သို့ဖုန်းခေါ်ဆို၍သော်လည်းကောင်း၊ တယ်လီနောအမှတ်တံဆိပ် ကိုယ်ပိုင် အရောင်းဆိုင် ၉၀ ခန့်နှင့်သတ်မှတ်ထားသောလက်လီအရောင်းဆိုင်များသို့သွားရောက်၍ုသော်လည်းကောင်း၊တယ်လီနောကောလ်စင်တာသို့ဖုန်းခေါ်ဆို၍သော်လည်းကောင်း၊ဖုန်းနံပါတ်‘၅၀၀’သို့‘REG’စာလုံးကိုရိုက်နှိပ်ပေးပိုု့၍သော်လည်းကောင်းစစ်ဆေးနိုင်မည်ဖြစ်သည်။ ဆင််းကတ်များမှတ်ပုံတင်ရန်မှာဥပဒေကြောင်းအရပြဌာန်းသတ်မှတ်ချက်တစ်ခု ဖြစ်ပြီးပိုု့ဆောင်ရေးနှင့် ဆက်သွယ် ရေး ၀န်ကြီးဌာနကမိုုဘိုုင်းဆင်းကတ်များအားလုံုးကိုုမတ်လ ၃၁ ရက် ၂၀၁၇ မတိုုင်ခင် မှတ်ပုုံတင် ထားကြရန် ညွှန်ကြားထားပါသည်။သုံးစွဲသူများအနေဖြင့် မိမိအသုံးပြုလျက်ရှိသောနံပါတ်အားမှတ်ပုံတင်ရန််အတွက် နိုင်ငံသားမှတ်ပုံတင်မိတ္တူ (နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်မိတ္တူ) သို့မဟုတ် အခြားသောသက်သေခံကတ် တစ်ခုခု ၏ မိတ္တူ လိုအပ်ပြီးလျှောက်လွှာတွင် လိုအပ်သောအချက်များ ဖြည့်စွက်ပေးရမည် ဖြစ်သည်။ လိုအပ်သောစာရွက် စာတမ်းများ၊ အချက်အလက်များအသုံးပြု၍ နံပါတ်အားမှတ််ပုံတင်ရန် မိနစ်အနည်းငယ် သာ ကြာမြင့်မည်ဖြစ်ပြီးဆင်းကတ် မှတ်ပုံတင်ခြင်းကိုအခမဲ့ ၀န်ဆောင်မှု ပေးလျက်ရှိပါသည်။ တယ်လီနောသည် ဆင်းကတ် မှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုလူမှုကွန်ရက်၊ သတင်းမီဒီယာများနှင့် စာတိုပို့ခြင်းစသည်တို့မှတစ်ဆင့် သုံးစွဲသူများကိုအချိန်နှင့် တစ်ပြေးညီဆက်လက် အသိပေးသွားမည်လည်း ဖြစ်ပါသည်။

သုံးစွဲသူများ ဆင်းကတ် မှတ်ပုံတင်နိုင်ရန် နှင့် မှတ်ပုံတင်ထားမှု အခြေအနေကို စစ်ဆေးနိုင်မည့် ချန်နယ်များ သုံးစွဲသူများ ဆင်းကတ်မှတ်ပုံတင်ထားမှု အခြေအနေကို စစ်ဆေးနိုင်မည့် ချန်နယ် များ
၀က်ဘ်ဆိုက် - http://ecaf.telenor.com.mm *၉၇၉*၃*၃# သို့ဖုန်းခေါ်ဆိုခြင်း
My Telenor App - http://bit.ly/mytelenor24 ဖုန်းနံပါတ်‘၅၀၀’သို့‘REG’စာလုံးကိုရိုက်နှိပ်ပေးပို့ခြင်း
မြန်မာနိုင်ငံတစ်ဝှမ်းလက်လီဆိုင်၃၄,၀၀၀ကျော် ကောလ်စင်တာ ၉၇၉
မြန်မာနိုင်ငံအနှံ့တယ်လီနော၏အမှတ်တံဆိပ်အရောင်းဆိုင် ပေါင်း၉၀ခန့် (လိပ်စာများ - http://goo.gl/E8zg0r) *ဆင်းကတ်ပိုင်ဆိုင်သူအမည်ပြောင်းလဲခြင်းကိုလည်းအဆိုပါဆိုင်များတွင် ဆောင်ရွက်ပေးလျက် ရှိပါသည်။  

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor