Press Release

ေးလံသော ဒေသများရှိ အခွင့်အလမ်းနည်းပါးသော ကလေးငယ်များအတွက်ဒစ်ဂျစ်တယ်အခြေပြု ကျောင်းပြင်ပပညာရေးစီမံကိန်းစတင်

27 April, 2017 - Yangon

  • ယခုနှစ်ကုန်မတိုင်မီ ကျောင်းပြင်ပ ကလေးသူငယ်ပေါင်း အနည်းဆုံး ၁၀၀၀ ခန့်ကို အကျိုးရှိစေမည်ဟု မျှော်မှန်းထား

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”)က မြန်မာနိုင်ငံတစ်လွှား အထူး သဖြင့် ေးလံသောဒေသများရှိ အခွင့်အလမ်းနည်းပါးသော ကလေးငယ်များ၏ ပညာရေးရှေ့ဆက်နိုင်ရေး အထောက် အကူ ဖြစ်စေရန် ဒစ်ဂျစ်တယ် အခြေပြု ကျောင်းပြင်ပ စီမံကိန်းတစ်ခုကို စတင်လိုက်ပြီ ဖြစ်ပါသည်။ ယင်းစီမံကိန်းကို နိုင်ငံ တစ်၀ှမ်းတွင် ဘုန်းတော်ကြီးသင် ပညာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး အထောက်အကူဖြစ်စေရန် ဆောင်ရွက်နေသည့် ဘုန်းတော်ကြီး သင် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MEDG) နှင့် ပူးပေါင်းအကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။ တယ်လီနောနှင့် MEDG တို့သည် ယခုစီမံကိန်းအကောင်အထည်ဖော်မှု သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းကို ပြီးခဲ့ သည့် ဧပြီလ လဆန်းပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ MEDG တည်ရှိရာ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေး အထက် တန်းကျောင်းသည် ရခိုင်၊မွန်၊ ကချင်နှင့် ရှမ်း ပြည်နယ်များနှင့် တနင်္သာရီ၊ရန်ကုန်၊မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် ဧရာ၀တီ တိုင်း ဒေသကြီးများရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၄၀ တွင် ယခုစီမံကိန်းကို အကောင်အထည်ဖော်မည် ဖြစ်ပါ သည်။

ယင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ‘နည်းပညာအခြေပြု စာသင်ခန်းများ အကောင်အထည်ဖော်ခြင်းကို တယ်လီနော ၏ နည်းပညာနှင့်ရန်ပုံငွေ အထောက်အကူဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ စာသင်ခန်းများသည် အွန်လိုင်းမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသည့် သင်ကြားပြသမှုများကို ကြည်ရှုလေ့လာသင်ယူနိုင်မည့် ကိရိယာများ ပြည့်စုံစွာ တပ်ဆင်ထားပြီး သင်ယူမည့် ကျောင်းသူ/သားများသည် တစ်နေ့လျှင် ၂ နာရီခန့်ဖြင့် သီတင်းတစ်ပတ်လျှင် ခြောက်ရက် သင်ယူနိုင်မည် ဖြစ်ပါသည်။ မန္တလေးတိုင်း ဒေသကြီးရှိ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တွင် ဖွင့်လှစ် ထားသည့် စတူဒီယိုမှတစ်ဆင့် ကျောင်းပြင်ပ ပညာရေး အတွက် သေချာစွာ လေ့ကျင့်ပေးထားပြီးဖြစ်သော ဆရာဆရာမများက သင်ခန်းစာများကို တိုက်ရိုက်သင်ကြား ပြသပေးမည် ဖြစ်ပါသည်။

ကျောင်းသူ ကျောင်းသားများသည် အွန်လိုင်းမှ လေ့လာသင်ယူနိုင်မည့် အက်ပလီကေးရှင်းများနှင့် သင်ကြား သင်ယူ လိုစိတ် မြင့်မားစေသည့် အစိုးရသင်ရိုးညွှန်းတန်းများကို အခြေခံကာ သင်ကြားအထောက်အကူပြု ပစ္စည်းများ/ သင်ခန်းစာ များကို အသုံးပြုနိုင်ကြမည် ဖြစ်ပြီး အခြေခံပညာသင်ရိုးများကို အောင်မြင်ပြီးမြောက်သည်အထိလေ့လာသင်ယူနိုင်ကြမည် ဖြစ်ပါသည်။ ယခုစီမံကိန်း အကောင်အထည်ဖော်မှုမှ တစ်ဆင့် ယခုနှစ်ကုန်မတိုင်မီ ကျောင်းပြင်ပ ကလေးသူငယ်ပေါင်း အနည်းဆုံး ၁၀၀၀ ခန့်ကို အကျိုးရှိစေမည်ဟု မျှော်မှန်းထားပါသည်။

 

“မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ထဲမှာရှိတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေအတွက် အခုလို ပူးပေါင်းဆောင်ရွက်မှု က အရေးပါတဲ့အခန်းကဏ္ဍမှာရှိပါတယ်။ မြန်မာနိုင်ငံတစ် ှမ်းမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၁၅၀၀ ကျော် ရှိပြီး ကျောင်းအားလုံးဟာ ကျောင်းသူကျောင်းသားအားလုံးကို အခမဲ့ ပညာသင်ကြား ပေးအပ်နေပါ တယ်။ အရည်အသွေး မြင့် ပညာသင်ကြားမှုတွေကို တိုးတက် ပေးအပ်ဖို့ အခုလို တယ်လီနောနဲ့အတူ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့အတွက် MEDG အနေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုယ်စား၀မ်းမြောက်မိပါတယ်“ဟု ဖောင်တော်ဦး ဘုန်းတော်ကြီး သင် ပညာရေး အထက်တန်းကျောင်း ဆရာတော် ဦးနာယက က မိန့်ကြားပါသည်။

“ပုံမှန်နဲ့ကျောင်းပြင်ပ ပညာရေးအတွက် လက်လှမ်းမမှီတဲ့ အခြေအနေတွေ မြန်မာနိုင်ငံရဲ့ ဒေသအတော်များများမှာ ရှိနေ သေးပြီး ကလေးအတော်များများဟာ ကျောင်းလုံး၀ မနေဘူးတာ၊ မူလတန်းပညာရေးတောင် မပြီးဆုံးသေးပဲ ကျောင်း ထွက်လိုက် ရတာ စတဲ့အခြေအနေတွေကို ကြုံတွေ့ကြရတာ ဖြစ်ပါတယ်။ အခုလို တယ်လီနောနဲ့ MEDG တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကနေ အထူးသဖြင့် အခုလို အခွင့်အလမ်းနည်းပါးတဲ့ကလေးတွေအတွက် ဘသ၀တစ်သက်တာ လေ့လာ သင်ယူနိုင်ဖို့ အခွင့်အလမ်းတွေ လမ်းပွင့်သွားစေသလို သူတို့ရဲ့ အနာဂတ်အခွင့်အလမ်းတွေအတွက် ကိုယ်ပိုင် အရည် အသွေးတွေကို တောက်ပြောင်စေဖို့ အထောက်အကူ ဖြစ်စေမှာပါ။

“အခု စီမံကိန်းဟာ ကလေးတွေရဲ့ အနာဂတ်နဲ့ သူတို့ရဲ့ လူမှုဘ၀ အခြေအနေတွေကို ပြောင်းလဲသွားအောင် ဆက်သွယ် ရေး ကောင်းမွန်မှုအပေါ် အကျိုးရှိစွာ အသုံးချထားခြင်းလည်း ဖြစ်ပါတယ်”ဟု တယ်လီနော မြန်မာမှ Head of Business Sustainability ဖြစ်သူ ဦးမင်းသူက ပြောကြားသည်။

တယ်လီနောသည် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးကို ရောက်ရှိနေပြီး ဖြစ်သော မြန်မာနိုင်ငံ၏ အကြီး မားဆုံးနှင့် အလျင် မြန်ဆုံး တိုးတက်နေသည့် မိုဘိုင်းဒေတာကွန်ရက်ကြီးတစ်ခုဖြစ်ပါသည်။ တယ်လီနောသည် 2G၊3Gနှင့် 4G ၀န်ဆောင်မှု များကို တာ၀ါတိုင်ပေါင်း ၇၄၀၀ ကျော်ရှိသော ကွန်ရက်မှတစ်ဆင့် ပေးအပ်နေပြီး မြန်မာနိုင်ငံ၏ လူဦးရေ ၉၀% ကျော်နှင့် မြို့နယ်စုစုပေါင်း၏ ၉၀% ကျော်ကို ကွန်ရက် လွှမ်းခြုံထားပြီး ဖြစ်ပါသည်။

အခွင့်အလမ်းနည်းပါး သော လူငယ်များအတွက် ကျောင်းပြင်ပ ပညာရေးသင်ကြားပေးနေသော မြန်မာရွှေ့လျား ပညာသင် ကြားရေး စီမံကိန်းနှင့် ယခုဒစ်ဂျစ်တယ် အခြေပြု ပညာရေး စီမံကိန်းသည် တယ်လီနောက မြန်မာနိုင်ငံတွင် ဆောင်ရွက်နေ သော လူမှုအကျိုးပြုဆောင်ရွက်ချက်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ အခြား လူမှုအကျိုးပြုဆောင်ရွက်ချက် အစီ အစဉ်များမှာ ဒစ်ဂျစ်တယ် အသိပညာတိုးပွားပြန့်ပွားစေရေးအတွက် အလင်းအိမ် အိုင်စီတီနည်းပညာ ဖွံ့ဖြိုးရေး စင်တာ များ တည်ထောင်ခြင်း၊ မိခင်နှင့်ကလေး ကျန်းမာရေးအချက်အလက်များ ကို ရယူနိုင်သည့် Health မိုဘိုင်း အပလီကေး ရှင်း၊ လူအများ အင်တာနက်ကို ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်စေရေး အတွက် ‘အားလုံးအတွက် ဘေးကင်းသည့် အင်တာနက် အသုံးပြုမှု’ အစီအစဉ်၊ ဘေးအန္တရာယ် ကြောင့် ထိခိုက်နစ်နာသူ များကို လူသားခြင်းစာနာမှုနှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာ အကူအညီများ ထောက်ပံ့ ပေးအပ် သည့် အစီအစဉ်နှင့် လူမှုအကျိုးစီးပွားဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများကို ထောက်ပံ့ လှုဒါန်းရန် အထောက်အကူ ဖြစ်စေသည့် အထူး နံပါတ် လေလံပွဲများကျင်းပ ပြုလုပ်လျက် အကျိုးအမြတ်များကို လှုဒါန်းပေး ခြင်း စသည်တို့ ပါ၀င်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor