Press Release

ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသခံများအား တယ်လီနောမြန်မာ ပံ့ပိုးကူညီ

13 August, 2020 - Yangon

  • ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ် စားသောက်ကုန်များ၊ တစ် ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် အကာအကွယ်ပစ္စည်းများကို တယ်လီနောမြန်မာ လှူဒါန်း
  •  တယ်လီနောသည် ၂၀၁၅ မှ စ၍ မြန်မာနိုင်ငံတွင်း သဘာဝဘေးသင့်ပြည်သူများအတွက် မြန်မာ ကျပ်ငွေ (၁၀၄၂) သန်းကျော် ပံ့ပိုးခဲ့ပြီးဖြစ်

ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ရန်ကုန်။         ။ တယ်လီနောမြန်မာသည် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းဖြစ် သည့် Network Activities Group (NAG) မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းနေထိုင် သည့်  ရေဘေးသင့် ပြည်သူများအတွက် မြန်မာကျပ်ငွေ (၁၄) သန်း တန်ဖိုးရှိသည့် အရေးပေါ်စားသောက်ကုန်များ (သောက်ရေသန့်၊ ဆန်၊ ပဲ ၊ ဆား၊ ဆီ စသည်ဖြင့်)၊ တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် အကာအကွယ်ပစ္စည်းများကို လှူဒါန်းခဲ့သည်။ ယခုလှူဒါန်းမှုသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင်းရှိ ဖောင်းဆိပ်၊ ငှက်ပျော တောနှင့် တာငုတ်ကျေးရွာများမှ အိမ်ထောင်စုပေါင်း (၂၅၃) စု ရှိ ပြည်သူပေါင်း (၁၁၁၃) ဦးကို အထောက်အပံ့ ဖြစ်စေခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၃) ရက်နေ့တွင် ဦးမိုးလေးတာတမံ အမှတ် (၂) ၏ တာရိုးကျိုးပေါက်ခဲ့မှုအပြီး ပြင်းထန် စွာ ရေကြီးမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးတွင်း ကျေးရွာ (၇) ရွာသည် ဘေးလွတ်ရာသို့ ချက်ချင်းရွှေ့ပြောင်း ခဲ့ရပါသည်။  အဆိုပါ ရေဘေးသင့်အိမ်ထောင်စုများအတွက် လတ်တလော နေရာထိုင်ခင်း၊ ငွေကြေး ပံ့ပိုးမှုအပြင် ပြန်လည်ပြောင်းရွေ့နေထိုင်ရာ မြေနေရာချထားပေးမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆောင် ရွက်ပေးနေစဉ် အရပ်ဘက်လူမှုအဖွဲ့အစည်းအချို့ကလည်း အစားအသောက်များပါဝင်သည့် အထောက်အပံ့ ပစ္စည်းများကို ဖြန့်ဝေခြင်းနှင့် ပြန်လည်နေရာချထားရေး စသည်တို့ကို ဝိုင်းဝန်းကူညီပေးလျက်ရှိသည်။ လတ်တ လော ရေဘေးရှောင်စခန်းများတွင် အဆမတန် လူထူထပ်နေသည့် အခြေအနေကြောင့် အစားအစာ ချက်ပြုတ် ပြင်ဆင်ရေးသည် အဆင်မပြေသောကြောင့် အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် အခြေခံလိုအပ်သည့် ပစ္စည်းများနှင့် အကာအကွယ်ပစ္စည်းများမှာ အရေးတကြီး လိုအပ်လျက်ရှိသည်။

“ဦးမိုးလေးတာ အမှတ် (၂) ကျိုးတော့ တစ်မိုင်ပတ်လည်အတွင်းက ပြည်သူတွေက ရေဘေးသင့်ခဲ့ရသလို အကူ အညီတွေလည်း အင်မတန်လိုအပ်နေပါတယ်။ အခုလက်ရှိမှာတော့ ကျွန်တော်တို့အနေနဲ့ သဘာဝဘေးသင့် ပြည်သူတွေကို တတ်အားသရွေ့ ကူညီနေသလို ဒီကာလအပြီး ပြန်လည်ထူထောင်ရေးအတွက်ကိုလည်း ကူညီ ပေးလျက်ရှိပါတယ်။ အထူးသဖြင့် ဒီလိုမျိုး အခြေအနေတွေမှာ အပြန်အလှန် ဖေးမကူညီဖို့ဆိုတာ တကယ့်ကို အရေးပါပါတယ်။ အခုလက်ရှိ ပံ့ပိုးကူညီမှုတွေကို ဧရာဝတီတိုင်းဒေသကြီးအတွင်း အခြားဒေသတွေမှာလည်း လိုအပ်သလို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ဆောင်နိုင်အောင် တယ်လီနောမြန်မာက ကူညီထောက်ပံ့ပေး သွားမှာပါ။” ဟု တယ်လီနောမြန်မာ၏ ရေရှည်တည်တံ့သောလုပ်ငန်းဆောင်ရွက်မှုနှင့် အထူးလုပ်ငန်းတာဝန်များ ဆိုင်ရာကဏ္ဍတာဝန်ခံ ဦးမင်းသူကပြောကြားခဲ့ပါသည်။

ဩဂုတ်လ ပထမပတ်တွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ၏ အချို့ဒေသများတွင် ရေကြီးရေလျှံမှု ကြုံတွေ့ရနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထုတ်ပြန်ထားပြီးဖြစ်သည်။  ထို့အပြင် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့မှာ နေရာအနှံ့အပြား မိုးရွာသွန်းမှု သို့မဟုတ် မိုးကြိုးမုန်တိုင်းများလည်း ကြုံတွေ့ရနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ဟင်္သာတမြို့နယ်ရှိ ပြည်သူများသည် ဦးမိုးလေး တာတမံ အမှတ် (၂) ဧရိယာ၏ တစ်မိုင်ပတ်လည်တွင်း နေထိုင်ကြသည့်အတွက် ရေကြီးရေလျှံမှုကို ရံဖန်ရံခါ ကြုံတွေ့ရလေ့ရှိသည်။

တာဝန်သိအဖွဲ့အစည်းတစ်ခု ဖြစ်သည့်အားလျော်စွာ တယ်လီနောမြန်မာသည်  ကူညီထောက်ပံ့မှု လိုအပ်နေသည့် မြန်မာပြည်သူပြည်သားများကို လက်ကမ်းကူညီနိုင်ရန်နှင့် ရေဘေးသင့်ဒေသများသို့ အရေးပေါ် ကူညီကယ်ဆယ် ရေး အထောက်အပံ့များကို အင်တိုက်အားတိုက် ကူညီပံ့ပိုးနိုင်ရန် ရည်သန်ထားသည်။ ၂၀၁၅ ခုနှစ်မှစ၍ ယနေ့ ထက်ထိတိုင်အောင် တယ်လီနောသည် မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေးအန္တရာယ် ကျရောက်နေသော ဒေသ များသို့ မြန်မာကျပ်ငွေ (၁၀၄၂) သန်းကျော် ကူညီထောက်ပံ့ခဲ့ပြီးဖြစ်သည်။ ထိုသို့ ဘေးအန္တရာယ် ကျရောက်သော လူ့အဖွဲ့အစည်းများသို့ သွားရောက်ကူညီသော တယ်လီနော၏ လူသားချင်း စာနာထောက်ထားမှု အကူအညီများ သည် ၎င်းကုမ္ပဏီ၏ လူမှုအကျိုးပြုအစီအစဉ်များထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိ စဉ်မှစ၍ တယ်လီနောမြန်မာ၏ လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အကူအညီများသည် ဧရာဝတီ၊ မကွေး၊ မန္တလေး၊ ပဲခူးစသည့် ဒေသကြီးများအတွင်းရှိ ပြည်သူပေါင်း (၁၈၄,၀၀၀) ကျော်ကို ကူညီထောက်ပံ့ ပေး နိုင်ခဲ့သည်။ အဆိုပါ ကူညီထောက်ပံ့မှုများတွင် ဟင်္သာတ၊ ရေနံချောင်း၊ မကွေး၊ ရေစကြို၊ စလင်း၊ ပွင့်ဖြူ၊ မင်းလှ၊ ညောင်ဦး၊ အမရပူရ၊ တံတားဦး၊ မင်းဘူး၊ ကဝ စသည့် မြို့နယ်များပါဝင်သည်။ တယ်လီနောမြန်မာမှ ယခုနှစ် အတွင်း လူမှုရေးအကျိုးပြုလုပ်ငန်းများအတွက် ငွေကျပ်သိန်းပေါင်း (၁၈၀၀) ခန့်ကိုလှူဒါန်း ခဲ့ပြီးဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင် မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတစ်ဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူများထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများ အနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတစ်ဆင့် လူ့ အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေး လျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share