Press Release

အွန်လိုင်းအသုံးပြုသူများအတွက် ‘စဉ်းစားဆင်ခြင် စာနာချစ်ခင်’ အသိပညာပေးဗီဒီယိုဇာတ်လမ်းတွဲများအားမိတ်ဆက်

16 August, 2017 - Yangon

  • အင်တာနက်သုံးသူများအားအွန်လိုင်းမှတစ်ဆင့် ရရှိနိုင်သောအကျိုးကျေးဇူးများစွာအားအသုံးချနိုင်စေရန် ယခုအွန်လိုင်းဗီဒီယိုဇာတ်လမ်းတွဲများကအထောက်အကူပြု
  • ၂၀၁၇ ခုနှစ်အတွင်းအနည်းဆုံးလူဦးရေ ၅၀,၀၀၀ ခန့်အားအသိပညာပေးသွားရန် ရည်ရွယ်ထား

တယ်လီနောမြန်မာသည် ‘စဉ်းစားဆင်ခြင်စာနာချစ်ခင်’ခေါင်းစဉ်ဖြင့်အသိပညာပေးဗီဒီယိုဇာတ်လမ်းတွဲများအားယခင်သီတင်းပတ် အတွင်း၌စတင်မိတ်ဆက်ခဲ့ပြီးအဆိုပါ ဇာတ်လမ်းတွဲများကိုလေ့လာကြည့်ရှုခြင်းဖြင့် အင်တာနက်ကိုဘေးကင်းလုံခြုံစိတ်ချစွာအသုံးပြုတတ်စေရန်နှင့် အွန်လိုင်းမှတစ်ဆင့် ရရှိနိုင်သောအခွင့်အလမ်းများစွာအား ပြည့်ပြည့်ဝဝအသုံးချနိုင်စေရန် အသိပညာဗဟုသုတများရရှိကြမည် ဖြစ်ပါသည်။

“ကမ္ဘာပေါ်မှာရှိတဲ့ နေရာဒေသအားလုံးမှာအင်တာနက်ဟာအလွန်အရေးပါတဲ့ အရာတစ်ခု ဖြစ်လာနေပြီး မြန်မာနိုင်ငံကအသုံးပြုသူတွေ၊ အထူးသဖြင့် ကျေးလက်ဒေသတွေကအင်တာနက်သုံးစွဲသူတွေအနေနဲ့ အင်တာနက်ရဲ့ အရေးပါမှုတွေ၊ အင်တာနက်ကိုလုံခြုံစိိတ်ချရအောင်ဘယ်လိုသုံးစွဲရမလဲဆိုတာနဲ့ အွန်လိုင်းကနေတစ်ဆင့် ရရှိနိုင်တဲ့ အခွင့်အလမ်းများစွာကို ပြည့်ပြည့်ဝဝအသုံးချနိုင်စေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာတွေကိုသိရှိဖို့ လိုအပ်ပါတယ်။ဒီ‘စဉ်းစားဆင်ခြင်စာနာချစ်ခင်’ဗီဒီယိုဇာတ်လမ်းတွဲတွေနဲ့ ကလေးသူငယ်တွေနဲ့ လူငယ်တွေ အပါအဝင် သုံးစွဲသူတွေကိုအင်တာနက် အသုံးပြုခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ အကြောင်းနားလည်သဘောပေါက်လာအောင် အသိပညာဖြန့်ဖြုးပေးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပြည်သူတွေအတွက် လူမှုအကျိုးပြု လုပ်ငန်းတွေကိုဆောင်ရွက်ပေးနေတဲ့ တယ်လီနောအနေနဲ့ မြန်မာပြည်သူလူထုတွေရဲ့ ဗဟုသုတနဲ့ လူနေမှု အဆင့်အတန်းတွေ တိုးတက်လာစေနိုင်ဖို့အတွက် ပိုမိုများပြားတဲ့ အသိပညာပေးဆောင်ရွက်မှုတွေကိုလည်းဆက်လက် ပြုလုပ်သွားဖို့ ရှိပါတယ်” ဟုတယ်လီနောမြန်မာ၏ ရေရှည် တည်တံ့သောလုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာကဏ္ဍ တာ၀န်ခံ ဦးမင်းသူကပြော ကြားသည်။

 ‘စဉ်းစားဆင်ခြင်စာနာချစ်ခင်’ပညာပေးဗီဒီယိုဇာတ်လမ်းတွဲတွင် အပိုင်း ၆ ပိုင်းပါဝင်မည် ဖြစ်ပြီးအပိုင်းသစ် တစ်ခုစီအားတယ်လီနောမြန်မာ၏ Facebook စာမျက်နှာနှင့် Youtubeတွင် အပတ်စဉ် မိတ်ဆက်သွားမည် ဖြစ်ပါသည်။ ဗီဒီယိုများအားကဏ္ဍ ၃ မျိုးခွဲခြားထားပြီး ပထမကဏ္ဍမှာအင်တာနက် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ (ဇာတ်လမ်းတွဲအပိုင်း ၁)၊ ဒုတိယကဏ္ဍမှာ အွန်လိုင်းအားလုံခြုံစိတ်ချစွာ အသုံးပြုခြင်း/ တာဝန်သိစွာအင်တာနက်အသုံးပြုခြင်း (ဇာတ်လမ်းတွဲအပိုင်း ၂၊ ၃၊ ၄ နှင့် ၅)၊ နှင့် တတိယကဏ္ဍမှာသုံးစွဲသူများ ဘေးကင်းလုံခြုံစွာ အင်တာနက် အသုံးပြုတတ်စေရန် တယ်လီနောမြန်မာ၏ အသိပညာပေးမှုများ (ဇာတ်လမ်းတွဲအပိုင်း ၆) တို့ဖြစ်သည်။ ‘စဉ်းစားဆင်ခြင်စာနာချစ်ခင်’ဇာတ်လမ်းတွဲ၏ ပထမအပိုင်းဖြစ်သည့် အင်တာနက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ အကြောင်းအားယခင် သီတင်းပတ်အတွင်းထုတ်လွှင့်ခဲ့ပြီး အွန်လိုင်းမှတစ်ဆင့့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ကြောင်းနှင့် အဆိုပါ အကျိုးကျေးဇူးများအား ပြည့်ပြည့်ဝဝရရှိနိုင်စေရန် မည်သို့ အသုံးချသင့်သည့် အကြောင်းများပါ၀င်သည်။

အဆိုပါ ဗီဒီယိုဇာတ်လမ်းတွဲ များသည် ၂၀၁၆ ခုနှစ်၊ ၾသဂုတ်လတွင် တယ်လီနော မြန်မာကစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော “ဘေးကင်းသည့်အင်တာနက်အသုံးပြုမှု” အစီအစဉ်၏ လုပ်ဆောင်ချက် တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်အရ တယ်လီနောမြန်မာသည် ၂၀၁၆ ခုနှစ်အတွင််းတွင် ရန်ကုန်မြို့ရှိအစိုးရနှင့် ပုဂ္ဂလိကကျောင်းများ၊ မန္တလေးမြို့ရှိ ဘုန်းတော်ကြီး စာသင်ကျောင်းနှင့် ပုဂ္ဂလိကကျောင်းများတွင် “ဘေးကင်းသည့် အင်တာနက်အသုံးပြုမှု” ဟောပြောပွဲများအား ပြုလုပ်ခဲ့သည်။ ထို့အပြင် တယ်လီနောသည် နိုင်ငံတစ်ဝန်းရှိ ၎င်း၏ အလင်းအိမ် ဒစ်ဂျစ်တယ် နည်းပညာတတ်မြောက်မှု စင်တာ ၆၁ ခုမှတဆင့် ကျေးလက်ဒေသများရှိ ကလေးသူငယ်များ၊ လူငယ်များနှင့် မိဘများအား အသိပညာပေးမှုများကိုလည်း ပြုလုပ်ခဲ့သည်။ အသိပညာပေးခဲ့သည့် အကြောင်းအရာများတွင် အင်တာနက်အား မည်ကဲ့သို့အကျိုးရှိစွာ အသုံးပြုမည်၊အင်တာနက်ပေါ်ရှိ ဖြစ်လာနိုင်ချေရှိသောအင်တာနက် အခြေပြုအနိုင့်ကျင့်ဗိုလ်ကျမှုများ၊ အင်တာနက်အခြေပြုလိင်ခေါင်းပုံဖြတ်မှုများ နှင့် အမုန်းစကားစသည်တို့ကို မည်ကဲ့သို့ ရှောင်ရှားရမည်ဆိုသည့် ခေါင်းစဉ်များပါဝင်ခဲ့သည်။ တယ်လီနောမြန်မာသည် ၂၀၁၆ ခုနှစ်တွင် ဒစ်ဂျစ်တယ်ဆိုင်ရာ အနိုင်ကျင့်မှုများမည်သို့ လေ့လာတွေ့ရှိသို့မဟုတ် ကြုံတွေ့နေရခြင်းနှင့် ပတ်သက်၍လည်းလူဦးရေပေါင်း ၁၂,၃၆၈ ယောက်ကိုလည်းစစ်တမ်း ကောက်ယူမှုများ ပြုလုပ်ခဲ့သည်။ တယ်လီနော၏ “ဘေးကင်းသည့် အင်တာနက် အသုံးပြုမှု” အသိပညာပေးလုပ်ငန်းများမှ တဆင့် ကျေးလက်ဒေသများရှိ ကလေးသူငယ်များနှင့် လူငယ်များအပါအဝင် မြန်မာနိုင်ငံရှိ လူဦးရေပေါင်း၅၀,၀၀၀ ခန့် (၂၀၁၆ ခုနှစ် အတွင်းတွင် ၂၄၀၀၀ ခန့်နှင့် ၂၀၁၇ ခုနှစ်အတွင်းလက်ရှိအချိန်ထိ ၂၆၀၀၀ ခန့်) အားအသိပညာပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

တယ်လီနောမြန်မာသည် ဘေးကင်းလုံခြုံသောအင်တာနက် အသုံးပြုမှုအကြောင်းအသိပညာပေးခြင်းများမှတစ်ဆင့် ၂၀၁၇ ခုနှစ်အတွင်းလူဦးရေအနည်းဆုံး ၅၀,၀၀၀ ခန့်အားပညာပေး သွားနိုင်ရန် ရည်ရွယ်ထားပါသည်။ တယ်လီနောသည် လက်ရှိတွင် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အလျင်မြန်ဆုံးတိုးတက်ပြောင်းလဲနေသည့် မိုဘိုင်းဒေတာကွန်ရက်တစ်ခုအဖြစ် ရပ်တည်နေပြီး နိုင်ငံတစ်ဝန်းတွင် ဆက်သွယ်ရေးတာဝါတိုင် အရေအတွက် ၈,၀၀၀ ခန့်၊ အရောင်းဆိုင် အရေအတွက် စုစုပေါင်း ၁၀၀,၀၀၀ ခန့်မှတစ်ဆင့် သုံးစွဲသူပေါင်း ၁၉ သန်းခန့်အား ၀န်ဆောင်မှုများ ပေးအပ် လျက် ရှိသည်။မြန်မာနိုင်ငံ၏ အကြီးမားဆုံးအင်တာနက် ကွန်ရက် ဖြစ်သည့် တယ်လီနောသည် နိုင်ငံတစ်ဝန်းရှိ လူငယ်များအတွက် လည်းအွန်လိုင်း မှရရှိနိုင်သော ကြွယ်ဝလှသည့် အရင်းအမြစ်များနှင့် ထိတွေ့နိုင်ရန်၊ ပြည့်ဝစွာအသုံးပြုနိင်ရန် အခွင့်အရေးများကို ဖော်ဆောင်ပေးနေပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor